ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကင်ဆာရှိရင် သကြားဖြတ်ရမှာလား။

ခဏခဏ ကြားနေကြမေးခွန်းပါပဲ။ ကင်ဆာရှိနေလို့ အချိုစားလို့မရတော့ဘူး။ ကင်ဆာဆဲလ်တွေ ပိုပွားလာမှာဆိုးလို့ စသဖြင့်ပေါ့။ ဒါဟာ တကယ်လား။ ကင်ဆာရှိရင် အချိုမစားရတော့ဘူးတဲ့လား။ ဆက်ကြည့်ရအောင်။ အချိုဆိုတာ ဒီနေရာမှာ အချိုလို့ပြောလိုက်ရင် သကြားဓာတ်ကို ရည်ညွှန်းတာပါ။ သကြားဓာတ်က အိမ်သုံးသကြားမှာလည်း ပါသလို အသီးအနှံတွေ၊ ထမင်းတွေမှာလည်း ပါပါတယ်။ အသီးအနှံတွေမှာပါတဲ့ fructoseဆိုတာလည်း သကြားဓာတ်ပါပဲ။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ဆိုတာလည်း ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပဲ။ ဒီလို သိကြပြီးတဲ့နောက်မှာ အချိုရှောင်ရမယ်လည်းဆိုရော ဒါတွေကိုပါ ရှောင်တော့တာပါပဲ။ ဒီလို ရှောင်ရမယ်ဆိုတဲ့ ကိစ္စ ဘယ်ကစ ကင်ဆာဆဲလ်တွေကို ရှာဖွေတဲ့နေရာမှာ PET scan (Positron Emission Tonography) ဆိုတာကို သုံးပါတယ်။ ဒီစက်ရဲ့ အလုပ်လုပ်ပုံက radioactive ပစ္စည်း တစ်မျိူးကို ကိုယ်ထဲကို ထည့်လိုက်မယ်။ ပြီးမှ နောက်ကနေ လိုက်traceကြည့်တာပါ။ ဒီအခါမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခရီးသွားရင်းလမ်းမှာစားဖို့ လွယ်ကူရိုးရှင်းတဲ့ မုန့်ဘူး​လေးပြင်ဆင်ကြမယ်

ဒီဆောင်းပါးလေးက ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ပြည်ပမဟုတ်တဲ့ ပြည်တွင်းခရီးစဉ်တွေဆိုရင် ကိုယ်ပိုင်ကားနဲ့ သွားရင်သွား၊ မဟုတ်ရင်လည်း Express ကားတွေ၊ အဝေးပြေးကားတွေနဲ့ပဲ သွားရတာမလား။ ခရီးသိပ်မဝေးရင်တော့ အကြောင်းမဟုတ်ပေမဲ့ အချိန်အတော်ကြာ ကားစီးရမယ့် ခရီးစဉ်တွေဆိုရင် ကားပေါ်မှာ ဗိုက်အရမ်းဆာလာတဲ့ ကိစ္စက ခရီးသွားဖူးသူ တော်တော်များများ ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ဒါဆိုရင် တော်တော်များများကတော့ မုန့်ဆောင်သွားရင် ရတာပေါ့လို့ ပြန်ပြောပါလိမ့်မယ်။ ဒါပေမယ့် မုန့်သယ်သွားသူတွေရဲ့ ၉၅ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေပဲ သယ်သွားတတ်ကြပါတယ်။ အထူးသဖြင့် အာလူးကြော်၊ ဆီကြော်မုန့်ထုပ်၊ ကွတ်ကီး၊ သကြားလုံး၊ အအေးဘူး စတာမျိုးတွေပေါ့။ ဒါဆို ဒါမျိုးတွေမစားဘဲ ကျန်းမာရေးနဲ့ ညီညွတ်မယ့် မုန့်ပဲသရေစာဘူးလေး ကိုယ့်အိမ်ကနေ ကိုယ်တိုင်လုပ်သွားရင်ရော ပိုမကောင်းဘူးလား။ အချိန်မကုန်၊ လူလည်းမပင်ပန်း၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချင်းများဖြင့် သင့်ရဲ့မနက်ခင်းလေး လှပနေပါစေ

“ချင်း” ဆိုတာ ဆေးဖက်ဝင် အိမ်သုံးဆေးဝါးတစ်ခုမှန်း ကျန်းမာရေးလိုက်စားသူ အများစုက သိထားကြမယ်ထင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ချင်းကို ဟင်းချက်ရာမှာလည်း သုံးသလို အအေးမိတုပ်ကွေး၊ ဖျားနာ၊ နှာစေးနှာပိတ်၊ ခေါင်းကိုက်တာ စတဲ့ ပြဿနာတွေအတွက်လည်း သုံးကြပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ အသက်ရှည်ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်ပါတယ်။ ဗီတာမင်ဓာတ်တွေလည်း အစုံအလင် ပါဝင်လို့ သင့်ရဲ့ မနက်ခင်းလေးမှာ ချင်းကို နည်းနည်းစီ စားပေးခြင်းဖြင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝနေစေမှာပါ။ ဒါဆို မနက်စာမှာ ချင်းကို ဘယ်လိုစားသုံးပေးမလဲ။ ပုံမှန် မြန်မာဟင်းလျာတွေ ချက်တဲ့အခါ အမွှေးရနံ့အဖြစ် ချင်းကို ထည့်တတ်ကြပါတယ်။ ခုပြောပြမှာကတော့ မနက်စာပုံစံဖြစ်တဲ့အတွက် အဆီများပြီး လေးပင်တဲ့ အရသာရှိတဲ့ ချက်ပြုတ်နည်းတွေထက် လွယ်ကူရိုးရှင်းပြီး အချိန်မကုန်တဲ့ နည်းလမ်းတွေဖြစ်လို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံပုရာသီးစိမ်ရည်ရဲ့ ကျန်းမာရေးအကျိုးပြုပုံ

ဒီတစ်ခေါက်မှာတော့ အလှအပကိုရော ကျန်းမာရေးပါ အလေးထားသူတွေအတွက် သင့်လျော်မယ့် သံပုရာသီးစိမ်ရည်အကြောင်းကို ပြောပြပေးချင်ပါတယ်။ ရုပ်ရှင်တွေ၊ ကြော်ငြာတွေထဲမှာတော့ မင်းသမီးက မနက်နိုးလာရင် သံပုရာသီးစိမ်ထားတဲ့ ရေကို သောက်ပြီး အရမ်းလန်းဆန်းသွားတယ်ဆိုတဲ့ ရိုက်ချက်လေးတွေတော့ တွေ့ဖူးတယ်ဟုတ်။ တကယ်တမ်းမှာလည်း သံပုရာသီးစိမ်ရည်က စိတ်ကို လန်းဆန်းစေရုံသာမက အသားအရေအတွက်ရော၊ ခန္ဓာကိုယ်အတွက်ပါ အကျိုးကျေးဇူး များစွာရှိစေနိုင်ပါတယ်။ သံပုရာသီးစိမ်ရည်က ဘာအကျိုးကျေးဇူးတွေ ပေးနိုင်လဲ။ ၁။ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးတယ်။ တကယ်တော့ သံပုရာသီးစိမ်ထားလို့ အရသာနဲ့ အနံ့ အနည်းငယ်ပြောင်းသွားတာရယ်၊ ကောင်းကျိုးတွေ ရတာရယ်ကို ဖယ်လိုက်ရင် ဒါဟာ ရေသက်သက်ပါပဲ။ ဒီတော့ ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးမှာ အသေအချာပဲပေါ့။ ၂။ ဗီတာမင်စီ ကြွယ်ဝတယ်။ သစ်သီးကို ရေမှာ စိမ်ရတဲ့ ကောင်းကျိုးတွေထဲက တစ်ခုကို ပြောပါဆိုရင် သစ်သီးထဲမှာ ရှိနေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါ ရေထဲကို […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်မတက်ချင်ရင် ကော့တေးလ် ကို ဝေးဝေးရှောင်ဟေ့

ကော့တေးလ် ဆိုတာ အယ်လ်ကိုဟောလေးလည်း မှီဝဲချင်၊ ကျန်းမာရေးလည်း လိုက်စားချင်၊ အထာလည်းကျချင်သူတွေအတွက် ထွက်ပေါက်လို့ ဆိုလို့ရပါတယ်။ အယ်ကိုဟောလေး ပမာဏတစ်ခုလောက်ပါဝင်ပေမယ့် အသီးအနှံတွေ၊ ကော်ဖီတွေနဲ့ ရောစပ်ဖန်တီးထားတဲ့ အဖျော်ယမကာလေ။ ဒီတော့ အပြင်ပန်းအားဖြင့်ကြည့်ရင်တော့ ကိုယ်အလေးချိန်တက်စေနိုင်လောက်တယ်လို့ ထင်ချင်စရာသိပ်မရှိလှဘူးမဟုတ်လား။ အရောင်အဆင်းလှလှ၊ အထာကျကျလေးမို့ အလှအပကြိုက်တတ်တဲ့ မိန်းကလေးတွေလည်း မှီဝဲတတ်ကြပါသေးတယ်။ တကယ့်လက်တွေ့ အခြေအနေမှာရော ကော့တေးလ်က ကိုယ်အလေးချိန်မြင့်မားတာမျိုးမဖြစ်စေဘူးဆိုတာ သေချာရဲ့လား။ ကမ္ဘာကျော်ကော့တေးလ်တချို့ကို လေ့လာကြည့်ရအောင်။ ကော့တေးလ် အမျိုးအစားများနဲ့ ကယ်လိုရီပမာဏ Pina Coladas  အုန်းရည်၊ အုန်းနို့အနှစ်တွေနဲ့ဖန်တီးထားတဲ့ ဒီကော့တေးလ်က ဘီယာတစ်ခွက်မှာပါဝင်တဲ့ အရက်ပမာဏထက် ၂ ဆ ပါဝင်နေတာပါ။ ၁၀ အောင်စအလေးချိန်ရှိတဲ့ တစ်ခွက်မှာ ကယ်လိုရီ ၅၅၀ ပါရှိနေပါတယ်။ Double-cheeseburger အကြီးကြီးတစ်လုံး စားလိုက်တာနဲ့ အတူတူပါပဲ။ Mai Tai  ဝိုင် ၂ မျိုးနဲ့ရောစပ်ဖန်တီးထားတဲ့ မိုင်ထိုင်းက တစ်ခွက်ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စွမ်းအားဖြည့် အချိုရည်တွေ ကောင်းသလား။ ဆိုးသလား

စွမ်းအားဖြည့်အချိုရည်များဟာ သင့်ကို စွမ်းအင်မြှင့်တင်ပေးပြီး နိုးကြားမှု၊ အာရုံစူးစိုက်မှုရှိအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အားအင်ကုန်ခမ်းနေချိန်မှာ သောက်သုံးတဲ့အခါ စွမ်းအင်တွေပြည့်ဝသလို ခံစားရတာကြောင့် လူကြိုက်များကြပါတယ်။ သုတေသီအချို့ကတော့ စွမ်းအားဖြည့် အချိုရည်တွေဟာ ရေရှည်မှာ လူသားတို့အတွက် ဘေးဥပဒ်ဖြစ်စေတယ်လို့ သတိပေးကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေဟာ ကောင်းသလား ဆိုးသလား ဆိုတာပါပဲ။ စွမ်းအားဖြည့်အချိုရည်ကို ဘယ်လိုထုတ်လုပ်သလဲ စွမ်းအားဖြည့်အချိုရည်တွေကို စိတ်ရောလူပါ လန်းဆန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားပါတယ်။ သကြားဓာတ်၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် C နဲ့ ကဖိန်းဓာတ်ပါဝင်ပါတယ်။ အထူးသဖြင့် ဦးနှောက်ကို နိုးကြားအောင် လှုံ့ဆော်နိုင်ဖို့ ကဖင်းဓာတ်ကို အဓိကထည့်သွင်းထားပါတယ်။ တံဆိပ်တစ်ခုနဲ့တစ်ခုအလိုက် ပါဝင်နှုန်းတော့ ကွာခြားပါတယ်။ ကဖင်းဓာတ်အပြင် တခြားပါဝင်တဲ့ ပစ္စည်းတွေကတော့ - သကြား။ အချိုရည်မှာ ကယ်လိုရီအဓိကရရှိစေတဲ့ ရင်းမြစ်ဖြစ်ပါတယ်။ - ဗီတာမင် B အုပ်စု။ စားသုံးလိုက်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။

ပြီးခဲ့တဲ့ ဆောင်းပါးမှာ Mindful eating က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြပြီးပါပြီ။ ဒီမှာ ပြန်ဖတ်နိုင်ပါတယ်။ ခုဆက်ပြောမှာကတော့ Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲဆိုတာကိုပါ။ ဒီလို စားနိုင်ဖို့အတွက် အောက်ကနည်းလမ်းတွေကို လိုက်နာကြည့်ကြပါ။ Mindful eating စားတော့မယ်ဆိုရင် ဖြည်းဖြည်းချင်းစပါ။ စစချင်းမှာတော့ အနပ်တိုင်း အနပ်တိုင်း၊ snackတိုင်း snackတိုင်းကို သတိလေးထားပြီး စားနိုင်ဖို့ မဖြစ်သေးပါဘူး။ ဒါကြောင့် အရင်ဆုံး တစ်နပ်က စပါ။ အေအေးဆေးဆေးစားနိုင်မယ့် တစ်နပ်ပေါ့။ မနက်စာလည်း ဖြစ်ချင်ဖြစ်မယ်၊ ညစာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကို ပြင်ဆင်ပါ။ အရင်ဆုံး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ စားနိုင်ရင် ပိုကောင်းပါတယ်။ တစ်ယောက်တည်း စစားကြည့်ပါ။ ကျင့်သားရသွားရင်တော့ အများနဲ့ စားလည်း အဆင်ပြေပါတယ်။ စာဖတ်ရင်း၊ ဖုန်းသုံးရင်း၊ တီဗွီကြည့်ရင်း မစားပါနဲ့။ အာရုံများတတ်လို့ပါ။ နောက်ပြီး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သတိလေးနဲ့ စားတတ်ပါစေ။

သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပြောကြတယ်ဟုတ်။ ဘာပဲဖြစ်ဖြစ် သွားသတိ လာသတိ စားသတိလေးနဲ့ဆို ကောင်းတာပေါ့။ ခုဒီဆောင်းပါးမှာ ဝိတ်လည်းကျစေမယ်၊ ဆီးချိုသမားတွေလည်း အစားအသောက်ကို ဆင်ခြင်တတ်မယ်၊ ခုခေတ်စားနေတဲ့ stress eatingကိုလည်း သက်သာစေမယ့် နည်းလမ်းလေး တစ်ခုကို ပြောပြပေးမယ်ဆို ဘယ်လိုလဲ။ ဟုတ်တယ်။ နည်းလမ်းလေး တစ်ခုပါပဲ။ သင့်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားနိုင်ဖို့ သင်ပေးမယ့် နည်းလမ်းလေး တစ်ခုပါ။ Mindful eating ဆိုတာ ဘာလဲ။ Mindful eating ဆိုတာကို သိတဲ့လူလည်း သိကြမှာပါ။ သတိလေးကပ်ပြီး စားသောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဗုဒ္ဓအယူဝါဒက ဆင်းသက်လာတယ်ဆိုပေမယ့် လူမျိုးဘာသာ မရွေးလုပ်နိုင်တဲ့ စိတ်လေ့ကျင့်ခန်းလေး တစ်ခုပါပဲ။ အနောက်နိုင်ငံတွေမှာတော့ တော်တော်ခေတ်စားနေပါပြီ။ သူက အစာစားတဲ့အခါ စားတဲ့ကိစ္စမှာပဲ အာရုံစိုက်ပါတယ်။ ဘာတွေစားနေလဲ၊ အရသာတွေ၊ အရောင်အဆင်းတွေက ဘာတွေလဲ။ ဒါတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လူပြောအများဆုံး အစားအသောက် ယုံတမ်း (၃)သွယ်

ကျွန်တော်တို့တွေ ကြားဖူးကြတဲ့ အစားအသောက် ပါးစပ်ပြော ပုံပြင်တွေ အများကြီး ရှိပါတယ်။ လတ်တလော နာမည်အကြီးဆုံးဆိုရင်တော့ COVID-19 ပျောက်ကင်းဖို့ တမာရွက်စားပေးရတယ်။ ဆီးကျောက်ကြေဖို့ သံမနိုင်ကျောက်မနိုင်ကို အားကိုးလို့ရတယ်ဆိုတာမျိုးတွေပေါ့။ ဒီလိုပဲ တခြားသော အမှန်မဟုတ်ဘဲ လူတွေ မှားယွင်းလက်ခံထားတဲ့ ယုံတမ်းတွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲကမှ လူပြောအများဆုံး အချက်တွေကတော့… ၁။ အဆီဓာတ်တွေ အများကြီးပါဝင်တဲ့ စားစရာတွေက ကျန်းမာရေးအတွက် မကောင်းဘူး။ အမှန်။   ။ ခုချိန်ထိ လူတော်တော်များများ လက်ခံနေကြသေးတဲ့ ယုံကြည်မှုအလွဲတစ်ခုပါ။ လူအများစုက အဆီများတဲ့ စားစရာတွေကို ရှောင်ပြီး အဆီနည်းတာတွေကိုပဲ စားမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေး ပိုကောင်းသွားမယ်ဆိုတဲ့ အထင်နဲ့ အဆီဓာတ်များတာတွေ ရှောင်ကြဉ်နေကြပါတယ်။ တကယ်တမ်းမှာတော့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အဆီဓာတ်တွေဟာ အထွေထွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အဆီလျှော့ထားတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဘာဂါက ဘာကြောင့် ကျန်းမာရေးနဲ့ မညီရတာလဲ

ဆလတ်ရွက် - ကျန်းမာရေးနဲ့ ညီတယ်။ ပေါင်မုန့် - ကျန်းမာရေးနဲ့ ညီတယ်။ အမဲသား - လူကို သွေးအားကောင်းစေတယ်။ ကျန်းမာစေတယ်။ ခရမ်းချဉ်သီး၊ သခွားသီး - ကျန်းမာရေးနဲ့ ညီတယ်။ ဒါတွေ အားလုံးပေါင်းထားတဲ့ ဘာဂါကျမှ ဘာလို့ ကျန်းမာရေးနဲ့ မညီဘူး ပြောရတာလဲ။ အဖြေက ဒီလိုပါ။ ၁။ ကယ်လ်လိုရီ အဲဒီအပေါ်က ကျန်းမာရေးနဲ့ ညီတဲ့အရာတွေရယ်၊ ချိစ်တွေရယ်၊ မရောနိစ်ရယ်နဲ့ ပေါင်းလိုက်တဲ့အခါမှာ ကယ်လိုရီက ၁၀၀၀ ကျော်သွားပါတယ်။ အဓိပ္ပာယ်က လူတစ်ယောက် ပျမ်းမျှတစ်နေ့စာ လိုအပ်တဲ့ ကယ်လ်လိုရီ တစ်ဝက်လောက်က ဘာဂါတစ်လုံးမှာ ပါဝင်နေတာပါ။ ဒီတစ်လုံးနဲ့ ဝလားဆိုတော့လည်း မဝဘူးမဟုတ်လား။ ဘေးနားမှာ အာလူးကြော်လေး ပါဦးမှ။ အချိုရည်လေး ထည့်ဦးမှ ဆိုတော့ တွက်ကြည့်ပေါ့။ ၂။ ဆိုဒီယမ် ဘာဂါမှာ ဆိုဒီယမ်တွေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း