ဝိတ်ချချင်တယ်။ အစားလည်း မလျော့ချင်ဘူး။ စားနေကျအတိုင်းပဲ ကြိုက်တတ်တာလေးတွေကို ဆက်စားချင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သဘောတကျနဲ့ စားနေမိတဲ့ အစားအစာလေးတွေထဲက ဘယ်ဟာလေးတွေက သင့်ကို ဝိတ်ကျစေတာလဲ ဆိုတာကို ပြောပြပေးပါရစေ။
ထွက်မှာ သေချာပြီလား။
ဝိတ်ချချင်တယ်။ အစားလည်း မလျော့ချင်ဘူး။ စားနေကျအတိုင်းပဲ ကြိုက်တတ်တာလေးတွေကို ဆက်စားချင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သဘောတကျနဲ့ စားနေမိတဲ့ အစားအစာလေးတွေထဲက ဘယ်ဟာလေးတွေက သင့်ကို ဝိတ်ကျစေတာလဲ ဆိုတာကို ပြောပြပေးပါရစေ။
နေ့စဉ် စားသုံးမိနေတဲ့ အစားအစာတွေထဲက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေကတော့
ထောပတ်သီးမှာ
phytochemicalsတို့ ပါဝင်နေပါတယ်။ ထောပတ်သီးက အခြား အသီးအနှံတွေထက် ကယ်လ်လိုရီ ပိုများတယ်ဆိုပေမယ့် BMI ကိုထိန်းပေးသလို ခါးကအဆီတွေကို ဖယ်ရှားပေးဖို့လည်း ထောက်ကူပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။
ကြက်ဥ၊ ဘဲဥတို့မှာ
ပရိုတင်းက အဆာခံနိုင်စေပြီး ခန္ဓာကိုယ်ကို အားပြည့်စေတာကြော်င့ ဝိတ်ကျစေဖို့ အထောက်အကူပြုပေးပါတယ်။ မနက်ခင်းမှာ ကြက်ဥစားတာက အဆာခံနိုင်စေပြီး စားချင်စိတ်ကို လျှော့ချပေးပါတယ်။ တစ်နေ့တာမှာ အစားနည်းနည်းပဲ စားဖြစ်စေတာကြောင့် ဝိတ်ကျစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။
ပဲအမျိုးမျိုးမှာ
အမျှင်ဓာတ် နဲ့ ပရိုတင်းဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ထောက်ကူပေးနိုင်ပါတယ်။ နောက်ထပ် ကျန်းမာရေး အာနိသင်တွေအနေနဲ့ ပဲအမျိုးမျိုးက
ဒိန်ချဉ်က
ပရိုတင်းပါဝင်မှုနဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်မှုက အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေမှာပါ။ သကြား ထည့်မစားမိစေဖို့တော့ သတိပြုပါ။ သစ်သီး၊ cereal စတာတွေနဲ့ တွဲဖက်စားပေးလို့ ရပါတယ်။
ဆယ်လ်မွန်ငါးမှာ
omega-3 fatty acids က အစားခဏခဏ စားချင်စိတ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါး စားပေးတာက ကိုယ်အလေးချိန် ကျစေသလို နှလုံးကျန်းမာစေမှာပါ။
သစ်သီးတွေမှာ သဘာဝ အချိုဓာတ် ပါပြီးသားပါ။ ဒါပေမယ့် သစ်သီးကို စားပေးတာက အမျှင်ဓာတ် ကြွယ်ဝစွာ ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှောပချရာမှာ အထောက်အကူပြုနိုင်မှာပါ။ သစ်သီး ပုံမှန်စားပေးတာက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေ မဖြစ်စေဖို့ အထိရော်ကဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ရုပ်ရှင်ကြည့်ရင်း စားတတ်တဲ့ ပြောင်းဖူးပေါက်ပေါက်က ဝိတ်ကျစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ အစားအစာ တစ်ခုဆိုလို့ အံ့ဩမသွားပါနဲ့။ ပြောင်းဖူးပေါက်ပေါက်က
အယ်လ်မွန်စေ့မှာ
ပရိုတင်းနဲ့ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဗီတာမင် E နဲ့ အကျိုးပြု အဆီ ပါဝင်နေမှုက နှလုံး ကျန်းမာစေဖို့လည်း အထောက်အကူပြုပေးပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Great Food Combos for Losing Weight https://www.webmd.com/diet/ss/slideshow-food-combos-weight-loss Accessed Date 10 August 2020
8 Best Foods to Eat for Weight Loss http://www.eatingwell.com/article/16054/8-best-foods-to-eat-for-weight-loss/ Accessed Date 10 August 2020