ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

နေထိုင်မကောင်းဘူး။ ဖျားနာတယ်။ နာလန်ထတယ်ဆိုတဲ့ အခါမျိုးမှာ အစာမာမာ မစားနဲ့ဦးနော်။ ဆန်ပြုတ်လေး သောက်ပေးနော်။ စွပ်ပြုတ်​လေး ဖြစ်ဖြစ် သောက်နော်ဆိုတဲ့ စကားတွေကို ကြားခဲ့ဖူးတာ ငယ်ငယ်ကတည်းက နေမှာပါ။ ဆန်ပြုတ်ကို နေမကောင်းမှ မဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလည်း သောက်ပေးလို့ရပါတယ်။ နေထိုင်မကောင်းတဲ့အခါ ဆန်ပြုတ်သောက်ရတဲ့ အကြောင်းအရင်းနဲ့ ဆန်ပြုတ်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို ကောင်းလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆန်ပြုတ် သောက်ပါ။ ထမင်းစားရတာ ကြိုက်သူတွေကတော့ ဆန်ပြုတ်သောက်ရတာက အတော်လေး စိတ်ညစ်စရာ ကောင်းမယ့် ကိစ္စပါ။ ဒါပေမယ့် ဆန်ပြုတ်သောက်တာက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတယ်။ ဆန်ပြုတ်မှာ ရေဓာတ်က ၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ပူနွေးခြောက်သွေ့ချိန်မှာ ဖြစ်ဖြစ် ပူနွေးစိုစွတ်နေချိန်မှာ ဖြစ်ဖြစ်၊ အေးမြ ခြောက်သွေ့နေချိန်မှာ ဖြစ်ဖြစ် လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝစွာ ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း နေထိုင်မကောင်းချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ်ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။ ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ဗီတာမင် C များများစားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ  ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဗီတာမင် C များတိုင်းလည်း မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလိုပါ။ ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ်ဆိုတာ အထွေအထူး ပြောနေစရာ မလိုဘဲ  […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘီယာချက်လုပ်ရာမှာ အသုံးပြုတဲ့ ဗျစ်ပွင့် ရဲ့ ကျန်းမာရေး အာနိသင်

ဘီယာမှာ ခါးသက်တဲ့အရသာရစေဖို့ ထည့်သုံးလေ့ရှိတဲ့ ဗျစ်ပွင့်က ဘီယာအတွက်ပဲ အသုံးတည့်တာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ပေးပါသတဲ့။ ဒီတော့ ဘီယာ ချက်လုပ်ရာမှာ အသုံးများတဲ့ ဗျစ်ပွင့်က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗျစ်ပွင့်ဆိုတာ ဘာလဲ......... ဗျစ်ပွင့် ဆိုတာက နွယ်ပင်တစ်မျိုးဖြစ်ပြီး ဥရောပ မျိုးရင်းပင်ပါ။ အနောက်အာရှနဲ့ မြောက်အမေရိကဒေသတွေမှာလည်း ပေါက်ရောက်ကြပါတယ်။ စိတ်အပန်းပြေစေဖို့နဲ့ အိပ်မပျော်တာတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ ဗျစ်ပင်တွေဟာ ချက်စ်၊ ပိုလန်၊ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတွေမှာ ပေါက်ရောက်သလို အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကနဲ့ ဩစတြေးလျနိုင်ငံတွေမှာလည်း ပေါက်ရောက်လေ့ရှိပါတယ်။ ဗျစ်ပွင့် နဲ့ ကျန်းမာရေး အာနိသင် ဘီယာချက်လုပ်ရာမှာ သုံးကြတဲ့ ဗျစ်ပွင့်က ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။ ကင်ဆာအတွက် အသုံးပြုနိုင်တယ်။ လေ့လာမှုတွေအရ ဗျစ်ပွင့်မှာပါတဲ့ xanthohumol  က ကင်ဆာကို ကုသရာမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

ဒီနေ့ ဘာဟင်းလဲ.... ကြက်သားအာလူး၊ နောက်နေ့ရောက်တော့လဲ ကြက်သားကြော်နဲ့ ကြက်စွပ်ပြုတ်၊ နေ့တိုင်းနီးပါး ကြက်သားပဲ စိတ်တောင်ညစ်လာပြီ ဆိုသူလေးတွေ ရှိနေပြီလား............ ဒါဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ ကြက်သားစားတာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကြက်သားက နေမကောင်းမှ စားရတဲ့ ဓာတ်စာ မဟုတ်ပါဘူး။ နေကောင်းနေသူအဖို့လည်း ကိုယ်ခံအားကို အကောင်းဆုံး ဖြစ်နေစေဖို့ ကြက်သားစားဖို့လိုပါတယ်။ အခုလို ကိုဗစ်ကာလမှာ ရောဂါကို ခုခံကာကွယ်ဖို့က ကိုယ်ခံအားကောင်းဖို့ဆိုတော့ အခုကာလမှာ ကြက်သားက စားပေးသင့်တဲ့ အာဟာရပါပဲ။ ဘာကြောင့် ဒီလိုပြောနေရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကြွက်သားတွေကို တည်ဆောက်ပေးတယ်။ ကြက်သားက အသီးအရွက်တွေကနေ မရနိုင်တဲ့ ပရိုတင်းကို ပေးစွမ်းနိုင်တဲ့ အာဟာရတန်ဖိုးမြင့် အစားအစာတစ်ရပ်ပါ။ အဆီမပါတဲ့ ကြက်သားမှာ ပရိုတင်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ဆိုရင် အရေခွံမပါတဲ့ ကြက်သားကို စားပေးလို့ရပါတယ်။ အရိုးတွေ ကျန်းမာစေတယ်။ ကြက်သားမှာ ပရိုတင်း အပြင် ကယ်လ်ဆီယမ်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင်

စမုန်စေ့က လူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်နိုင်ပေမယ့် ဒီ စမုန်စေ့ကို ရတဲ့ စမုန်စပါးပင် ကိုတော့ သိထားမိသူ နည်းနိုင်ပါတယ်။ စမုန်စပါးပင်က ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။ ဒီတစ်ခေါက်တော့ စမုန်စပါးပင် ရဲ့ ကျန်းမာရေးအာနိသင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ စမုန်စပါးပင်ဆိုတာ စမုန်စပါးပင် ဆိုတာ နံနံပင်လိုမျိုး ဟင်းခတ်အမွှေးအကြိုက် တစ်မျိုးပါ။ အပင်က အရမ်းမကြီးပါဘူး။ အရွက်က အစိမ်းရောင်ရှိပြီး ရှည်မျောမျော အရွက်ဖြာလေးတွေပါ။ အသုပ်တွေထဲ ထည့်တာ၊ ငါးဟင်း၊ ကြက်သားဟင်းတွေ ထဲကို ဟင်း အရသာ တိုးအောင် ထည့်ကြပါတယ်။ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက် စတာတွေကို ကင်တဲ့အခါမှာလည်း အနံ့အရသာ တိုးစေဖို့ အသုံးပြုလို့ ရပါတယ်။ စမုန်စပါးပင် မှာပါတဲ့ အာဟာရဓာတ်များ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများကြတဲ့ စမုန်စပါးပင်မှာ ကယ်လ်လိုရီ ပရိုတင်း အဆီဓာတ် ကာဗိုဟိုက်ဒရိတ် အမျှင်ဓာတ် သဘာဝ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အစားအသောက်ဆိုတာ တန်ရင်ဆေး လွန်ရင်ဘေးပါ။ ဘယ်အစားအစာမဆို လိုအပ်တာထက်ပိုပြီး မှီဝဲမိရင် ဘေးဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ တချို့က အချဉ်နှစ်သက်တတ်ကြတယ်။ အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်၊ ကျန်းမာတယ် ပေါ့။ ဒီလိုဆိုတော့ အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဒါပေမယ့် အချဉ်ဆိုတာကလည်း စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။ ချဉ်တဲ့အစားအစာတွေဆိုတာက အက်စစ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ ခရမ်းချဉ်သီး၊ ဆိုဒါတို့လိုအရာတွေနဲ့ Citrus ပါဝင်တဲ့သစ်သီးတွေ၊ အချဉ်ထုပ်တွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။ အချဉ်စားရင် ကိုယ်အလေးချိန်ကျတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ရှိနေတော့ တချို့က အချဉ်ဆိုတာနဲ့ အလွန်အမင်းစားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အချဉ်ဓာတ်များတဲ့အစားအစာတွေကို လွန်လွန်ကဲကဲမှီဝဲတဲ့အခါမျိုးမှာ အစာခြေရည်ပျို့တက်တာ၊ ရင်ပူတာနဲ့ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။ ဒါတွေတင်မကပါဘူး။ အချဉ်ဓာတ်များတဲ့အစားအစာတွေကို ကြိုက်နှစ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့စဉ်ရက်ဆက် အများအပြားစားသောက်မှီဝဲနေမယ်ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင် D ပြည့်ဝနေအောင် ဘယ်လိုစားသောက်ကြမလဲ

ကမ္ဘာ့လူဦးရေရဲ့ ၅၀% ဟာ ဗီတာမင် D ဓာတ်ချို့တဲ့မှုဝေဒနာကို သိသိသာသာရော မသိမသာပါ ခံစားနေကြရပါတယ်။ ဗီတာမင် D ပြည့်ဝနေဖို့ဟာ လူတစ်ယောက်အတွက် အထူးအရေးကြီးတဲ့ကိစ္စတစ်ခုပါ။ လူတစ်ယောက်ဟာ ဗီတာမင် D ပြည့်ဝနေအောင် နေထိုင်စားသောက်မှ ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာလေ။ ပုံမှန်အားဖြင့် ဗီတာမင် D ဆိုတာက နေရောင်ခြည်ကို လက်ခံရရှိချိန်မှ ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ အထက်မှာဖော်ပြခဲ့သလိုပဲ ကမ္ဘာ့လူဦးရေ ၅၀% လောက်က ဗီတာမင် D ကို အပြည့်အဝ မရရှိကြပါဘူး။ အဓိကအားဖြင့်တော့ နေရောင်ခြည်လုံလောက်စွာမရတာနဲ့ ဗီတာမင် D ဖြစ်ထွန်းစေတဲ့ အစားအစာတွေကို လုံလောက်စွာ မမှီဝဲတာကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် D ပမာဏ ၈၀၀ IU လောက် လိုအပ်ပါတယ်။ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားရင်း မှားနေကြသည်များ

သက်သတ်လွတ်စားရင်း မှားနေကြသည်များ လူတချို့ဟာ ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် အသားမပါဘဲ သက်သတ်လွတ် စားသောက်ကြပါတယ်။ သက်သတ်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားရင်း လွဲမှားနေကြတာလေးတွေလည်း ရှိနေပါသေးတယ်။ အရင်ဆုံး သက်သတ်လွတ် စားတဲ့ ပုံစံတွေကို ပြောပြချင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် တိရစ္ဆာန်ထွက် ပစ္စည်းတွေ ဖြစ်တဲ့ နို့၊ ဒိန်ချဉ်၊ ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ အသီးအရွက်သီးသန့်ကိုသာ စားသောက်ကြသူတွေဖြစ်ပါတယ်။ https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%E1%80%81%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AE%E1%80%B8-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99/ ဆရာဝန်တွေကတော့ သက်သတ်လွတ် စားတာဟာ ကိုယ်အလေးချိန်လျှော့ဖို့အတွက် အလွန်သင့်လျော်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ

လူ့ခန္ဓာကိုယ်ကြီးရဲ့ ၆၀% လောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီတော့ လူတွေဟာ နေ့စဉ်နေ့တိုင်း ရေဓာတ်လိုအပ်နေပါတယ်။ ရေစဉ်ရေလိုအပ်ချက်အတွက် ရေဓာတ်ဖြည့်တင်းပေးဖို့ ရေသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ‘ တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ ’ ဆိုတာကိုတော့ လူတိုင်း မသိကြပါဘူး။ ရေဓာတ်ဟာ လူ့ခန္ဓာကိုယ်ကြီး ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ ရေဓာတ်ဆုံးရှုံးရင် ချွေးထွက်တာတွေ၊ ဆီးသွားတာတွေမှာ အရင်ဆုံးထိခိုက်ပါလိမ့်မယ်။ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကလည်း များပါတယ်။ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ဆဲလ်ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊ သွေးတိုးရောဂါ၊ အဝလွန်တာ၊ လိပ်ခေါင်း၊ ရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်။ ဒါတွေက တိုက်ရိုက်မဟုတ်ပေမဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

အခုလိုကာလမှာ လူတိုင်းတောင့်တနေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးဖြစ်တဲ့ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို အာဟာရဆိုင်ရာ အထူးကု ဒေါက်တာ ညီညီကျော်က အခုလိုလေးပြောပြပေးထားပါတယ်။ ၁။Helloဆရာဝန် -  ကိုယ်ခံအားဆိုတာ ဘာလဲ .. ကျွန်တော်တို့တွေအတွက် ဘယ်လိုအလုပ်လုပ်ပေးလဲဆိုတာနဲ့ ကိုယ်ခံအားဆိုတာဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ သိပါရစေဆရာ။ Dr.ညီညီကျော်  - အခုလို ရောဂါဘယတွေ ပေါများလာတဲ့အချိန်၊ ကူးစက်ရောဂါတွေ များလာတဲ့အချိန်မှာ ကိုယ်ခံအား (immunity) ကောင်းမွန်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။ Immunity (ကိုယ်ခံအား) လို့ပြောတဲ့ နေရာမှာ (၃) မျိုးရှိပါတယ်။ (၁) Innate immunity - မွေးရာပါ ကိုယ်ခံအား (၂) Adaptive immunity - အသက်ကြီးမှ ကိုယ်ခန္ဓာက ရောဂါပိုးတွေ နဲ့ ထိတွေ့ပြီးမှ ရရှိလာတဲ့ ကိုယ်ခံအား […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း