backup og meta

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

နေထိုင်မကောင်းဘူး။ ဖျားနာတယ်။ နာလန်ထတယ်ဆိုတဲ့ အခါမျိုးမှာ အစာမာမာ မစားနဲ့ဦးနော်။ ဆန်ပြုတ်လေး သောက်ပေးနော်။ စွပ်ပြုတ်​လေး ဖြစ်ဖြစ် သောက်နော်ဆိုတဲ့ စကားတွေကို ကြားခဲ့ဖူးတာ ငယ်ငယ်ကတည်းက နေမှာပါ။

ဆန်ပြုတ်ကို နေမကောင်းမှ မဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလည်း သောက်ပေးလို့ရပါတယ်။ နေထိုင်မကောင်းတဲ့အခါ ဆန်ပြုတ်သောက်ရတဲ့ အကြောင်းအရင်းနဲ့ ဆန်ပြုတ်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို ကောင်းလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆန်ပြုတ် သောက်ပါ။

ထမင်းစားရတာ ကြိုက်သူတွေကတော့ ဆန်ပြုတ်သောက်ရတာက အတော်လေး စိတ်ညစ်စရာ ကောင်းမယ့် ကိစ္စပါ။ ဒါပေမယ့် ဆန်ပြုတ်သောက်တာက

ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတယ်

ဆန်ပြုတ်မှာ ရေဓာတ်က ၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ပူနွေးခြောက်သွေ့ချိန်မှာ ဖြစ်ဖြစ် ပူနွေးစိုစွတ်နေချိန်မှာ ဖြစ်ဖြစ်၊ အေးမြ ခြောက်သွေ့နေချိန်မှာ ဖြစ်ဖြစ် လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝစွာ ဖြည့်ပေးနိုင်ပါတယ်။

ဒါကြောင့်လည်း နေထိုင်မကောင်းချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့ ဆန်ပြုတ် သောက်ခိုင်းတာပါ။ အေးမြလွန်းတဲ့ အရပ်ဒေသတွေမှာလည်း ဆန်ပြုတ်ကို စားသုံးတဲ့ အလေ့အထတွေ ရှိကြပါတယ်။ ဆန်ပြုတ်က အခြား အစားအစာတွေထက် ခန္ဓာကိုယ် ရေဓာတ်ကို ပိုပြီး ကြာကြာပြည့်ဝစေပါတယ်။

ကိုယ်အလေးချိန် ထိန်းပေးတယ်

ဆန်ပြုတ်က ကယ်လ်လိုရီ ပါဝင်မှုနည်းပါတယ်။ ထမင်း ၁၀၀ ဂရမ်မှာ ကယ်လ်လိုရီက ၁၀၀ ထက်ပိုနေပေမယ့် ဆန်ပြုတ် ၁၀၀ဂရမ်မှာတော့ ကယ်လ်လိုရီက ၃၀ သာ ပါဝင်နေတာပါ။

နောက်တစ်ချက်က ဆန်ပြုတ်က ဗိုက်ပိုပြည့်စေနိုင်တာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေအတွက် သင့်တော်ပါတယ်။

အစာအိမ် ကျန်းမာစေတယ်

အစာအိမ်က စားလိုက်သမျှ အစားအစာတွေကို ချေဖျက်ရတာပါ။ အစာမာမာတွေကိုဆို ပိုပြီး အားစိုက် ချေဖျက်ရပါတယ်။ ဆန်ပြုတ်ကတော့ အစာကြေလွယ်တာကြောင့် အာဟာရပြည့်ဝစွာ ရရှိသလို အစာအိမ်လေးကိုလည်း အလုပ်နည်းစေမှာပါ။

အစာအိမ် အားနည်းသူတွေ၊ အစာကြေခဲသူတွေ၊ အစာအိမ်ရောဂါ ရှိသူတွေ စားပေးသင့်ပါတယ်။

အင်အား ပြည့်ဝစေတယ်

ဆန်ပြုတ်က ခန္ဓာကိုယ်ကို အင်အားဖြစ်စေတဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မနက်ခင်းစာကို ဆန်ပြုတ်စားပေးမယ်ဆိုရင် တစ်နေ့တာမှာ အင်အားပြည့်ဝပြီး လန်းဆန်းနေမှာပါ။

ဝမ်းမှန်စေတယ်

ရေဓာတ် ပြည့်ဝတဲ့ ဆန်ပြုတ်က အမျှင်ဓာတ်လည်း ပြည့်ဝပါတယ်။ ရေဓာတ်နဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို လုပ်ဆောင်မှု ကောင်းစေပါတယ်။ အူထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေ တိုးစေပြီး အူမကြီးကို ကျန်းမာစေသလို ဝမ်းချုပ်မှု ကင်းစေပါတယ်။

ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်

ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့နဲ့ အာဟာရပြည့်ဝစေဖို့ အကောင်းဆုံး အစားအစာက ဆန်ပြုတ်ပါ။ ဆန်ပြုတ်က ဝမ်းပျက်ဝမ်းလျှောတာကို အမြန်ဆုံး သက်သာစေတဲ့ အာဟာရတစ်မျိုးပါ။

မြန်မြန် နာလန်ထစေတယ်

ဖျားတဲ့အခါ ဒါမှမဟုတ် ကုသမှု တစ်ခုခုကနေ မြန်မြန် နာလန်ထလာစေဖို့ဆိုရင်လည်း ဆန်ပြုတ် တိုက်ပေးလို့ရပါတယ်။ ဆန်ပြုတ်က မြန်မြန် ကျန်းမာစေပြီး နာလန်ထချိန်ကို တိုစေပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အမြန်ဆုံး ဖြည့်ပေးနိုင်ပြီး အဖျား သက်သာစေပါတယ်။

စိတ်ရောကိုယ်ပါ အနားရစေတယ်

ဆန်ပြုတ်က စိတ်ရောကိုယ်ပါ တည်ငြိမ်စေတဲ့ ကျန်းမာရေး အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွကို အကောင်းဆုံး လုပ်ဆောင်နိုင်စေပြီး စိတ်ကို ကြည်လင်စေနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Greatest Health Benefits of Eating Rice Porridge For Breakfast That Will Surprise You https://hellolife4u.com/health-and-fitness/5-greatest-health-benefits-of-eating-rice-porridge-for-breakfast-that-will-surprise-you/ Accessed Date 9 November 2020

How to Prepare and Enjoy the Health Benefits of Congee (Chinese Rice Porridge) https://medschool.ucsd.edu/som/fmph/research/cim/research/cin/school-culinary-healing/Pages/culinary-articles.aspx Accessed Date 9 November 2020

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထမင်းရည် သောက်ပေးရင် ခန္ဓာကိုယ်ကျန်းမာတယ်

ဆီးချိုရောဂါရှိသူတွေကို ထမင်းလျှော့စားခိုင်းရတဲ့ အကြောင်းအရင်း



Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement