backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ခံအားအကြောင်း သိထားဖို့လိုမယ့် အချက်လေးတွေ

အခုလိုကာလမှာ လူတိုင်းတောင့်တနေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးဖြစ်တဲ့ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို အာဟာရဆိုင်ရာ အထူးကု ဒေါက်တာ ညီညီကျော်က အခုလိုလေးပြောပြပေးထားပါတယ်။

၁။Helloဆရာဝန် –  ကိုယ်ခံအားဆိုတာ ဘာလဲ .. ကျွန်တော်တို့တွေအတွက် ဘယ်လိုအလုပ်လုပ်ပေးလဲဆိုတာနဲ့ ကိုယ်ခံအားဆိုတာဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ သိပါရစေဆရာ။

Dr.ညီညီကျော်  – အခုလို ရောဂါဘယတွေ ပေါများလာတဲ့အချိန်၊ ကူးစက်ရောဂါတွေ များလာတဲ့အချိန်မှာ ကိုယ်ခံအား (immunity) ကောင်းမွန်ဖို့က အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာပါတယ်။

Immunity (ကိုယ်ခံအား) လို့ပြောတဲ့ နေရာမှာ (၃) မျိုးရှိပါတယ်။

(၁) Innate immunity – မွေးရာပါ ကိုယ်ခံအား

(၂) Adaptive immunity – အသက်ကြီးမှ ကိုယ်ခန္ဓာက ရောဂါပိုးတွေ နဲ့ ထိတွေ့ပြီးမှ ရရှိလာတဲ့ ကိုယ်ခံအား သို့မဟုတ် ကာကွယ်ဆေး  ထိုးလို့ ရရှိလာတဲ့ ကိုယ်ခံအား

(၃) Passive Immunity- အငှား ကိုယ်ခံအား (ဥပမာ မိခင် က ရောဂါပိုး ထိတွေ့ပြီးနောက်မှာ  ရင်သွေးကို ထိုရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံအားကို  မိခင်နို့တိုက်ခြင်းမှတစ်ဆင့် ပေးခြင်း)

ကိုယ်ခံအားစနစ်မှာ ရောဂါတွေ တိုက်ထုတ်ဖို့အတွက် WBC လို့ခေါ်တဲ့ သွေးဖြူဥတွေ လိုအပ်ပါတယ်။ ရောဂါကာကွယ်ပေးတဲ့ antibodies တွေ ထုတ်ဖို့အတွက်လဲ သွေးဖြူဥက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြန်ပါတယ်။ ဒါတွေအတွက် အရေးအကြီးဆုံးကတော့ အာဟာရ ပြည့်အောင် စားဖို့ပဲ ဖြစ်ပါတယ်။

၂။ Helloဆရာဝန် ကိုဗစ် -၁၉ ကပ်ရောဂါကို ကာကွယ်ဖို့နဲ့ ရင်ဆိုင်တိုက်ခိုက် ကျော်လွှားနိုင်ဖို့အတွက်လည်း ကိုယ်ခံအားစနစ်ရဲ့ အရေးပါမှုကို သိပါရစေဆရာ..

Dr.ညီညီကျော် – Covid ကို ကာကွယ်ဖို့အတွက်၊ ရောဂါကိုတိုက်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာက စည်းကမ်းတွေ ချမှတ်ထားတာ ရှိပါတယ်။ ဒီထဲမှာ အာဟာရပြည့်အောင် စားပေးဖို့ကလဲ အရမ်း အရေးကြီးပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ အာဟာရပြည့်ဝအောင် စားရုံနဲ့တော့ မရသေးပြန်ပါဘူး။ လက်ခဏခဏ ဆေးတာ၊ mask တပ်တာ၊ လူစုလူဝေး ရှောင်ရှားတာ စတာတွေကတော့ လိုက်ကို လိုက်နာမှ ရောဂါကာကွယ်နိုင်မှာပါ။

ရောဂါရဲ့ သဘောတရားအရ ၈၀ ရာခိုင်နှုန်းကျော်ကျော်က သူ့အလိုလို ပြန်ကောင်းသွားတတ်တဲ့အတွက်ကြောင့် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရ ပြည့်ဝအောင် စားခြင်း ဖြင့် မိမိရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ထားဖို့လိုအပ်ပါတယ်။

၃။ Helloဆရာဝန် – ကိုယ်ခံအားကောင်းဖို့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ဖို့အတွက် အာဟာရဓာတ်ကို ဘယ်လိုဖြည့်တင်းဖို့လိုအပ်ပါသလဲ ဆရာ

Dr.ညီညီကျော် – ကိုယ်ခံအား ကောင်းဖို့အတွက်

အာဟာရပြည့်အောင် စားပေးရမယ်

– ရေပုံမှန်သောက်ပေးရမယ်

– အိပ်ရေးဝဝ အိပ်ပေးရမယ်၊ တစ်နေ့ကို ၇-၉ နာရီ လောင် အိပ်ပေးသင့်ပါတယ်။

စားဖို့အတွက်ဆိုရင်တော့ အခုချိန်မှာ အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ စတဲ့ အသားဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ကို ဘာလေးပဲ စားစား ပါအောင် ထည့်စားပေးသင့်ပါတယ်။

အသီးအနှံတွေလည်း တတ်နိုင်သမျှစားပေးဖို့လိုအပ်ပါတယ်။ အရောင်စုံအောင် စားပေးရင်တော့ ပို အဆင်ပြေပါတယ်၊ ဥပမာ အနီ၊ လိမ္မော် (အဝါ)၊ အစိမ်း၊ အဖြူ၊ ခရမ်း စတဲ့အရောင်လေးတွေကို တတ်နိုင်သလောက် ပါအောင် စားပေးဖို့လိုအပ်ပါတယ်။

ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူး၊ ကန်ဇွန်းဥ စတဲ့ ကစီဓာတ် ပါဝင်တဲ့ အစားအစာမျိုးတွေကို လုံးဝ ဖြတ်လိုက်တာမျိုး မလုပ်ပဲ၊ အတော်အသင့် စားပေးရပါမယ်။ ဒါမှ ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးဖို့ အထောက အကူ ဖြစ်စေမှာပါ။

အစေ့အဆန်တွေကိုလဲ အဆင်ပြေရင် တစ်နေ့ လက်တဆုပ်လောက်တော့ စားပေးသင့်ပါတယ်။ သူ့ဆီကနေ ဗီတာမင်၊ သတ္တုဓာတ် များစွာရရှိနိုင်တဲ့အတွက်ကြောင့်ပါ။

၄။Helloဆရာဝန် – ကိုယ်ခံအားတက်စေဖို့အတွက် ကြက်ပေါင်းရည်ကလည်း စွမ်းဆောင်ပေးနိုင်တယ်လို့ ကြားဖူးပါတယ်ဆရာ။ ဘာကြောင့်လဲဆိုတာ သိပါရစေခင်ဗျာ။

Dr.ညီညီကျော် – ကိုယ်ခံအား ကောင်းဖို့အတွက် ကြက်ပေါင်းရည်လို ဓာတ်စာမျိုး က အကျိုးရှိတယ်လို့ပြောလို့ရပါတယ်။ သူ့မှ ပါဝင်တဲ့ Bio-peptide က အရှင်းဆုံးပြောရင် amino acid (အမိုင်နိုအက်ဆစ်) 2 ခု ကနေ အခု ၅၀ အထိ ချိတ်ဆက်ထားတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒီ Amino acid (အသားဓာတ်) တွေက ကျွန်တော်တို့ ကိုယ်ခံစွမ်းအား အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

၅။Helloဆရာဝန် –  နေ့စဉ်သောက်လို့ရော အဆင်ပြေပါသလား..ပိုအကျိုးရှိနိုင်ပါသလားဆရာ။

Dr.ညီညီကျော် – ကြက်ပေါင်းရည်လို အာဟာရ ကို အခုလိုအချိန်မှာ နေ့စဉ် သောက်သင့်ပါတယ်။ သူ့မှ ပါဝင်တဲ့ အသားဓာတ် တွေ က ကျွန်တော်တို့ လူသားတွေ အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် ဖြစ်နေလို့ပါပဲ။ ဒီအပြင် အခြား အသား၊ ငါး၊ ပဲ၊ ဥ၊ နို့ စတာတွေ ကို ထပ်စားပေးရင် ပိုတောင် ကောင်းပါသေးတယ်။

၆။ Helloဆရာဝန် –  ကိုယ်ခံအားတက်စေဖို့အတွက်ဆိုရင် ကြက်ပေါင်းရည်လို အသားဓာတ်ကို တစ်နေ့ကို ဘယ်လောက်သောက်ရပါမလဲဆရာ။  ဘယ်အချိန်တွေမှာ စားသောက်သင့်လည်းဆိုတာလည်း သိပါရစေဆရာ။

Dr.ညီညီကျော် – ကြက်ပေါင်းရည်လိုမျိုး အသားဓာတ်ကို တစ်နေ့ ဘယ်လောက် စားရမလဲဆိုတာကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီလို့ ပြောရတော့ ခက်ပါတယ်၊ ဥပမာ သာမာန်လူတစ်ယောက်အနေနဲ့ဆိုရင်တော့ ကိုယ်အလေးချိန် 60 kg ရှိတဲ့ လူတစ်ယောက် က တစ်နေ့ကို အသားဓာတ် (60*0.8-1.2) = 48 gram ကနေ 72 gram အထိလိုအပ်ပါတယ်။

ဒီပမာဏ ပြည့်ဖို့အတွက်ဆိုရင် ကြက်ပေါင်းရည်လိုမျိုး အာဟာရအပြင် တခြားသော အသားဓာတ်များကိုလဲ ပြည့်ဝအောင် စားပေးသင့်ပါတယ်။ အရေးအကြီးဆုံး ကတော့ လူတစ်ယောက်က မနက်စာ၊ နေ့လယ်စာ၊ အဆာပြေ၊ ညစာ စတဲ့ အစားအစာတွေ စားတဲ့နေရာမှာ အသားဓာတ် ပြည့်ဝအောင် အမြဲ ထည့်စားပေးဖို့လိုအပ်ပါတယ်။

ဒါကြောင့် အခုလို ကာလမှာ အာဟာရပြည့်ပြီး ရောဂါ၊ ကာကွယ်ဖို့အတွက် Bio-peptides, amino acid ကဲ့သို့သော အသားဓာတ် ကြွယ်ဝတဲ့ ကြက်ပေါင်းရည်လို ဓာတ်စာတွေစားသောက်ပေးဖို့ လိုအပ်တဲ့ အပြင် ဗီတာမင်သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ပြည့်ဝမျှတအောင် စားဖို့လိုအပ်ပါတယ်။

၇။ Helloဆရာဝန် – ခုလိုမျှဝေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ

Dr. ညီညီကျော် – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ကဲ……. ကိုဗစ်ဖြစ်ပွားနေတဲ့ ကာလမှာ အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာပြီး အဖိုးမဖြတ်နိုင်တဲ့ ကိုယ်ခံအားလေးကို အကောင်းဆုံး ဂရုစိုက် စောင့်ရှောက်လိုက်နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement