backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလို

အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ်ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။

ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ဗီတာမင် C များများစားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ  ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဗီတာမင် C များတိုင်းလည်း မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလိုပါ။

ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ်ဆိုတာ အထွေအထူး ပြောနေစရာ မလိုဘဲ  လူတိုင်း သိထားပြီးဖြစ်မှာပါ။ ဗီတာမင် C က ရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေဖို့ နဲ့ သံဓာတ် စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါတယ်။

ခန္ဓာကိုယ်က ဗီတာမင် C ကို မထုတ်လုပ်နိုင်သလို သိမ်းဆည်းမထားနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဗီတာမင် C ကို စားသုံးလိုက်ပြီဆိုတာနဲ့ ကိုယ်တွင်း အရည်တွေကနေတဆင့် တစ်ရှူးတွေဆီကို ပေးပို့ပါတယ်။ ပိုလျှံနေတာတွေကိုတော့ ဆီးကနေတဆင့် စွန့်ထုတ်ပါတယ်။

ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ် ဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။  အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင် C ပမာဏ ၆၅ မီလီဂရမ် ကနေ ၉၀ မီလီဂရမ်ဆိုရင် လုံလောက်ပါတယ်။ အမြင့်ဆုံးအနေနဲ့ တစ်နေ့ကို ၂၀၀၀ မီလီဂရမ်အထိပဲ စားသုံးသင့်ပါတယ်။ ဗီတာမင် C ကို လိုတာထက် ပိုမို စားသုံးတဲ့အခါ

ပုံမှန်ကတော့ နေ့စဉ် စားသုံးနေတဲ့ အသီးအရွက်တွေနဲ့ စားစရာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် C ပမာဏက တစ်နေ့တာ လိုအပ်ချက်ကို အကာင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် ဖြစ်နိုင်ရင် ဗီတာမင် C ကို အစားအစာတွေကနေပဲ ရယူပြီး မလိုအပ်ဘဲ ဖြည့်စွက်အားဆေးတွေ သောက်သုံးတာမျိုး မလုပ်ဖို့ ပြောပါရစေ။

[covid_19]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement