ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။ ဟုတ်ပါတယ်။ ပန်းသီးဟာ နေ့စဉ်မှီဝဲစားသုံးပေးသင့်တဲ့ သစ်သီးဝလံ ၁၀ မျိုးထဲမှာပါဝင်တဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးကို နေ့စဉ်မှီဝဲတဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ကို သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါတင်မကပါဘူး။ နေ့စဉ်ပန်းသီးမှီဝဲစားသုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးမယ် - ရေဓာတ်ကြွယ်ဝတဲ့ ပန်းသီးမှာ ၈၅% လောက်က ရေဓာတ်လို့ဆိုပါတယ်။ ဒီအချက်က သင့်ကို ရေဓာတ်မဆုံးရှုံးအောင် ကူညီပေးမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူး ဆိုတဲ့ အတိုင်းပါပဲ။ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကောင်းမယ်ဆိုရင် နေရထိုင်ရတာ လန်းဆန်းပြီး နေ့စဉ်ဘဝတွေ သာယာမှာ အမှန်ပါပဲ။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်တဲ့ ဒိန်ချဉ်ကို စားခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက် ပါတယ်။ (၁) ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသနိုင်ခြင်း ဝမ်းပျက်ရင် ဒိန်ချဉ်မသောက်ရဘူးဆိုပြီး တော်တော်များများက အယူအဆမှားတတ် ကြပါတယ်။ တကယ်တော့ ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့ရင် ဒိန်ချဉ်သောက်ပေးသင့်တာပါ။ ဘာကြောင့်လဲဆိုရင် ဒိန်ချဉ်မှာ Lacto bacilli လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားလေးတွေ အမြောက်အမြားပါဝင်လို့ပဲ ဖြစ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခန္ဓာကိုယ်ထဲက အူနံရံတွေဟာ ပျက်စီးရပါတယ်။ Lacto Bacilli ဆိုတဲ့  ဘတ်တီးရီးယားလေးတွေမှာ ဝမ်းပျက်လို့ ပျက်စီးနေတဲ့ အူနံရံတွေကို ပြန်လည်ကောင်းမွန်လာစေခြင်း၊ အန္တရာယ်ရှိတဲ့ ပြင်ပပိုးမွှားတွေ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင်

ဝိတ်ချမယ် ဆိုရင် ပထမဆုံးပေါ်လာတတ်တာက အားကစားလုပ်မယ်၊ Gym သွားမယ်၊ အစားလျှော့ စားမယ် စတာတွေပေါ့။ ဒါပေမယ့် ဒါတွေကို တစိုက်မတ်မတ် ပြုလုပ်ပြီး ဝိတ်ချဖို့ ဆိုရင်တော့ ဇွဲနဘဲကြီးကြီးနဲ့ ရေရှည်လုပ်သွားနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ‌ရေတက်ငါးဇင်ရိုင်းလိုပဲ ခဏတာလေးနဲ့ မဆော့လိုက်ရဘဲ ပေးလိုက်ရတဲ့ Gym ခတွေ၊ မသုံးဘဲ ဖုန်တက်နေတဲ့ တစ်ကိုယ်ရေအားကစားစက်တွေပဲ အဖတ်တင်ပါမယ်။ ဝိတ်လည်းကျ မှာ မဟုတ်ပါဘူး။ ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဒီတော့ ကိုယ်တွေလို ပျင်းတဲ့လူတွေအတွက် မပင်ပန်းဘဲ သက်သက်သာသာနဲ့ ဝိတ်ကျစေတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အပန်းလည်း မကြီးဘူးဆိုတော့ ရေရှည် မလုပ်နိုင်မှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့နော်။ ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင် ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင် ဒါလေးတွေက အသုံးတည့်မှာပါ။ (၁)  […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ငွေကုန်ကြေးကျခံပြီးစားသောက်ဖို့မလိုပါဘူး။ ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာတင် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့ အစားအစာတွေရှိနေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။ ကြက်ဥ - ကြက်ဥတွေက အာဟာရအရမ်းကြွယ်ဝပြီး ဈေးလည်းအတော်သက်သာပါတယ်။ ကြက်ဥတစ်လုံးမှာ ပျမ်းမျှ ပရိုတင်း ၆ ဂရမ်လောက်ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါပါသေးတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ ကိုလင်း (Choline) ဓာတ်ကို ကြက်ဥစားသုံးပေးခြင်းဖြင့် ရနိုင်ပါတယ်။ ပြုတ်ပဲစားစား၊ ကြော်ပဲစားစား ဘယ်လိုစားစား အရသာရှိတဲ့ကြက်ဥကို သူ့ချည်းသက်သက် စားလို့ရသလို တခြားဟင်းလျာအမျိုးမျိုးနဲ့ တွဲဖက်စားသုံးရင်လည်း အရသာရှိနေမှာပါ။ ကြက်သွန်ဖြူ - အစားအစာတွေ အတော်များများ ချက်ပြုတ်တဲ့အခါမှာ ထည့်သုံးရတဲ့ ကြက်သွန်ဖြူဟာလည်း နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သွေးတိုးရောဂါ၊ သွေးတွင်းအဆီပိတ် ရောဂါနဲ့ သွေးကြောနံရံမာကြောတဲ့ရောဂါရှိသူတွေ ကြက်သွန်ဖြူမှန်မှန်စားသုံးပေးရင် သိသာတဲ့အကျိုးရလဒ် ရနိုင်တယ်ဆိုတာ သုတေသနအတော်များများမှာအတည်ပြုထားပါတယ်။ နောက်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ

အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ အကြောင်း သိပြီးပြီလား! ဗီတာမင် ဆိုတဲ့ သက်စောင့်ဓာတ်တွေဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။   သို့သော်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။ ယခု ကိုဗစ်ကပ်ရောဂါကာလမှာလည်း ကိုယ်ခံအားကောင်းချင်ဇောနဲ့ ဗီတာမင်တွေသောက်သုံးလာကြတာကို တွေ့ရပါတယ်။ အချို့ကလည်း သတ်မှတ်ပမာဏအတိုင်း  စနစ်တကျ သောက်သော်လည်း တချို့မှာတော့ ပိုလျှံစွာ သောက်သုံးနေကြပြန်ပါတယ်။ ဒါကြောင့် သောက်သုံးသင့်တဲ့ ဗီတာမင်ပမာဏနဲ့ လွန်ကဲရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တွဲဖက်တင်ပြလိုက်ရပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကိုမေးမြန်းပြီးမှ မှီဝဲတာ အကောင်းဆုံးဆိုတာ ဦးစွာအကြံပေးချင်ပါတယ်။ အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ အကြောင်းမပြောခင် ဗီတာမင် အမျိုးအစားလေးတွေကို အရင်ဆုံး ရှင်းပြချင်ပါတယ်။ ဗီတာမင်အမျိုးအစား (၂) မျိုး ရေမှာပျော်ဝင်တဲ့ဗီတာမင်များ ဗီတာမင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

နှစ်ပေါင်း ၄၀၀၀ ကျော်စိုက်ပျိုးစားသုံးလာတဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့သရက်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကို ပြောပြချင်ပါတယ်။ သရက်သီးတွေက အိန္ဒိယတိုက်နဲ့ အရှေ့တောင်အာရှဒေသရဲ့ မျိုးရင်းတွေဖြစ်ပြီး အရသာအလွန်ရှိတဲ့သစ်သီး တစ်မျိုးဖြစ်ပါတယ်။ သရက်သီးရဲ့အရသာရှိမှုကြောင့် အသီးမှာသရက်ဆိုပြီးတောင် ပြောဆိုကြတယ်မဟုတ်လား။ အနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေလည်းအများကြီးရှိတာမို့ ဒီအကြောင်းလေး နည်းနည်းလောက်ပြောပြချင်ပါတယ်။ ကိုယ်ခံအားကောင်းစေတယ် သရက်သီးထဲမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ အီးနဲ့ ဗီတာမင် ဘီမျိုးစုံပါဝင်နေလို့ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တာ အသေအချာပါပဲ။ ကူးစက်ရောဂါမျိုးစုံကိုတိုက်ထုတ်တဲ့နေရာမှာဗီတာမင် အေကို မရှိမဖြစ်လိုအပ်ပြီး ဗီတာမင် အေ လုံလုံလောက်လောက်ရှိနေရင်ရောဂါကူးစက်ခံခဲ့ရရင်တောင် နောက်ဆက်တွဲပြဿနာတွေခံစားရတာ နည်းတာကိုတွေ့ရပါတယ်။ ပြင်ပရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာလိုအပ်တဲ့နောက်ထပ်ဆဲလ်တစ်မျိုးဖြစ်တဲ့ သွေးဖြူဥတွေထုတ်လုပ်ဖို့ ဗီတာမင် စီလိုအပ်ပါတယ်။ သရက်သီးကိုအတော်အသင့်တစ်ကြိမ်လောက်စားသုံး လိုက်ရုံနဲ့ နေ့စဉ်လိုအပ်တဲ့ဗီတာမင် စီပမာဏ ၃ ပုံတစ်ပုံလောက်ရရှိသွားနိုင်တာမို့ ကိုယ်ခံအားအတွက် မဖြစ်မနေ စားသုံးသင့်တဲ့သစ်သီးတစ်မျိုးလို့ဆိုရမှာပါ။ နောက်ပြီး […]


အာဟာရဆိုင်ရာ အချက်အလက်များ

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

(ရိုးရိုးရေသောက်တာထက် pH ပမာဏများတဲ့အယ်ကာလီရေသောက်တာ ကျန်းမာရေးအတွက်တကယ်အကျိုး ရှိမရှိကို ပြောပြချင်ပါတယ်) ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။ဒါ့ကြောင့် ရေအသက် တစ်မနက်လို့တောင် ဆိုကြတာမဟုတ်လား။ ရေထဲမှာအက်စစ်ဓာတ်လွန်ကဲနေလား၊ အယ်ကာလီဓာတ်များနေသလားဆိုတာကို pH ပမာဏနဲ့ခွဲခြား ပါတယ်။ pH ပမာဏနည်းရင် အက်စစ်ဓာတ်မြင့်တဲ့ရေဖြစ်သွားပြီး pH ဓာတ်များနေရင်တော့အယ်ကာလီများတဲ့ ရေအဖြစ်သတ်မှတ်နို်င်ပါတယ်။ pH ပမာဏက ၁ ကနေ ၁၄ အထိ ရှိပါတယ်။ ကျွန်တော်တို့နေ့စဉ်သောက်သုံး နေတဲ့ရေသန့်တွေက pH ပမာဏ ၇ ရှိပြီး အက်စစ်ဓာတ်လည်းမဖြစ်၊ အယ်ကာလီလည်းမဟုတ်တဲ့ ရိုးရိုးရေပါ။ အရောင်အဆင်းအနံ့အရသာဘာမှမရှိတဲ့ ရေသန့်ဖြစ်တဲ့အတွက်စိတ်ချလက်ချသောက်နိုင်သလိုခန္ဓာကိုယ် အတွက်လိုအပ်တဲ့ဓာတ်သတ္ထုတွေလည်းပါဝင်ပြီးသားဖြစ်ပါတယ်။ အယ်ကာလီဓာတ်များတဲ့ရေမှာတော့ pH ဓာတ်က ၇ ကျော်ရှိပါတယ်။ သဘာဝအတိုင်းအယ်ကာလီဓာတ်မြင့်တဲ့ရေရှိသလို စက်ရုံကနေပြုပြင်ထုတ်လုပ် ထားတာတွေလည်းရှိပါတယ်။ အယ်ကာလီရေသောက်သုံးရတာကိုနှစ်ကြိုက်သူတွေက အယ်ကာလီဓာတ်များတဲ့ရေမှာ ရိုးရိုးရေထက် ဟိုက်ဒရိုဂျင်ဓာတ်ပိုပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုပိုကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောကြပါတယ်။ နောက်ပြီးရေထဲမှာပါတဲ့အယ်ကာလီဓာတ်က […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ခံတွင်းရှင်းပြီး ကျန်းမာစေမယ့် သက်သတ်လွတ် စားဖွယ် ပြင်ဆင်နည်း (၃) သွယ်

စာဖတ်သူဟာ သက်သတ်လွတ်ဆို ဟင်ခနဲ နှာခေါင်းရှုံ့တတ်တဲ့သူလား။ ဒါလေးတွေ မစားကြည့်ရသေးလို့ နေမှာပါ။ ၁။ ပဲထမင်း စားတော်ပဲ အစိမ်းလုံးလေးတွေ နဲ့ ပဲထမင်း စိမ်းစိမ်းလေးဟာ တခြားဘာဟင်းလျာမှ မလိုဘဲ စားရတာ အရသာ သိပ်ရှိတာပါ။ ချက်ရတာကလည်း ထမင်းချက်သလို သိပ်လွယ်တာပါပဲ။ လိုအပ်သော ပစ္စည်းများ ဆန် - ဆန်ခြင်ခွက် (၁) ခွက် ပဲစိမ်းလုံး - ဆန်ခြင်ခွက် (၁/၄) ခွက် ကြက်သွန်နီ - ၂လုံး (ပါးပါးလှီး) သံလွင်ဆီ (ရိုးရိုးဆီ/ ထောပတ်/ မာဂျရင်း) - အနည်းငယ် ညက်နေအောင် ထောင်းထားသော ချင်း(ဂျင်း) - လက်ဖက်ရည်ဇွန်း (၁) ဇွန်း ဆား အနည်းငယ် သကြား အနည်းငယ် ဒီ ပစ္စည်းတွေ အားလုံးကို ထမင်းချက်မယ့်အိုးထဲမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ မီးဖိုပေါ် ကင်ထားတဲ့ အသားတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။ ၁။ အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေတွေကို မြင့်မားစေပါတယ်။ မြင့်မားတဲ့ အပူချိန်တွေပေါ် ကင်တဲ့အခါ အစာရေမြိုပြွန် နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝ ဓာတ်ပစ္စည်းတွေ ထွက်ပေါ်လာပါတယ်။ ဒီ ဓာတုပစ္စည်းတွေဟာ မီးကျွမ်းသွားတဲ့အခါ ဒါမှမဟုတ် ကျပ်တိုက်ထားတဲ့အခါမှာ ထွက်လာတတ်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒါကြောင့် အသားကင်တဲ့အခါမှာ မီးပေါ် တိုက်ရိုက်တင်ပြီး ကင်တာမျိုး မလုပ်ပါနဲ့။ ၂။ သွေးတိုးနဲ့ ဆီးချိုတွေကို ဖြစ်စေနိုင်ပါတယ်။ နှပ်ပြီးသား အသားတွေက အန္တရာယ်များပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ ဆားနဲ့ သကြားပမာဏ များများ ပါတတ်တာမို့ ဒါတွေကိုသာ စားမိရင် သွေးတိုး နဲ့ ဆီးချိုတွေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငှက်ပျောဖူး ကြိုက်ကြလား..............

ငှက်ပျောဖူးကို သနပ်စုံသုပ်တွေထဲမှာ အများဆုံး စားမိနိုင်ပါတယ်။ ငှက်ပျောဖူးက သုပ်စားလို့ရသလို ငါးနဲ့ချက်စားတာ။ အရွယ်တော်လေး တုံးပြီး မုန့်နှစ်နဲ့စိမ်လို့ အကြွပ်ကြော်စားတာတွေပါ လုပ်စားလို့ ရပါသေးတယ်။ ဝါးရတာ အရသာရှိလှတဲ့ ငှက်ပျောဖူးကို လေချုပ်မှာစိုးလို့ မစားတဲ့သူ များပေမယ့် ငှက်ပျောဖူးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ပေးစွမ်းပါတယ်။ ငှက်ပျောဖူး ဆိုတာ ငှက်ပျောဖူး ဆိုတာက ငှက်ပျောပင်ရဲ့ အဖူးပါ။ ငှက်ပျောသီး နုနုလေးတွေ စီနေတဲ့အရာပေါ့။ အပေါ်ခွံက နီနီရဲရဲလေးပါ။ တကယ်ကတော့ ငှက်ပျောပင်ရဲ့ ပန်းပေါ့။ ငှက်ပျောဖူးကို ပြုတ်ပြီး တို့စားကြသလို သနပ်သုပ် လုပ်စားတာ၊ အချဉ်စိမ်စားတာ၊ သုပ်စားတာဆိုပြီး အမျိုးမျိုး လုပ်စားလို့ရပါတယ်။ ငှက်ပျောဖူး ကြိုက်ကြလား.............. စားရတာ အရသာရှိတဲ့ ငှက်ပျောဖူးလေးက ကူးစက်ရောဂါတွေကို ကာကွယ်ပေးတယ်။ ငှက်ပျောဖူးမှာ ethanol ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အနာကျက်စေနိုင်သလို ကူးစက်တတ်တဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း