ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

အရသာရှိရှိ ဆေးဘဲဥ သုပ်စားကြရာဝယ်

ဆေးဘဲဥ လို့ ပြောလိုက်ရင် ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘဲ လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။ ဒါကိုမှ ပြန်ပြုတ်ပြီး အခွံခွာ၊ အရွယ်တော်လေးတွေ စိတ်၊ ကြက်သွန်စိမ်း၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း စတာတွေနဲ့ အရသာနှစ်သက်သလို ထည့်လို့ သုပ်စားကြသလို ပြန်မပြုတ်ဘဲ ဒီအတိုင်း သုပ်စားတဲ့သူတွေလည်း ရှိပါတယ်။ အရွက်ကြော်တွေထဲမှာ ထည့်စားကြတာ၊ ဒင်းဆမ်းထဲမှာ အသားနဲ့တွဲပြီး ထည့်သွင်းစားသုံးတာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဒီလို နှစ်ခြိုက်စွာ စားသုံးနေတဲ့ ဆေးဘဲဥလေးရဲ့ ကျန်းမာရေး အကျိုးပြုပုံလေးကို ပြောပြပေးသွားပါမယ်။ ဆေးဘဲဥ ဆိုတာ ဆေးဘဲဥဆိုတာ ကာလရှည်ကြာ စီမံပြုလုပ်ထားတဲ့ စားစရာပါ။ ရှေးခေတ် တရုတ်လူမျိုးတွေက စတင် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နှစ်ရာနဲ့ချီတာရှိသလို နှစ်ထောင်ချီထားတဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးကို ဒီအတိုင်း စားကြသလို ယိုထိုးပြီးလည်း စားကြပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်မှာ အခေါက်ကြမ်းကြမ်းတွေနဲ့အတူ ဆူးတွေပါ ရှိတတ်ပါတယ်။ ရှောက်ပင်၊ သံပုရာပင်၊ သနပ်ခါးပင်၊ ပျဉ်တော်သိမ်ပင်တို့နဲ့ မျိုးရင်းတူပြီး မွှေးရနံ့ရှိပါတယ်။ သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ သီးသီးမှာပါတဲ့ အာဟာရ သီးသီးရဲ့ အနှစ်ထဲတွင် ပရိုတင်း ကာဗိုဟိုက်ဒရိတ် အဆီဓာတ် ကယ်လ်ဆီယမ် ဗီတာမင် B ဗီတာမင် C တို့ ပါဝင်ပါတယ်။ သီးသီးကပေးတဲ့ ကျန်းမာရေး ယိုပဲ ထိုးစားစား၊ အနှစ်ကို တိုက်ပြီး ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ငရုတ်သီး၊ ဆားတို့နဲ့ နယ်ပြီးပဲ စားစား အရသာရှိတဲ့ သီးသီးလေးက အစာခြေစနစ် ကျန်းမာစေတယ် သီသီးက အမျှင်ဓာတ် ကြွယ်ဝတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေ့စဉ်ဘဝမှာ စိတ်နဲ့ ခန္ဓာ ကျန်းမာစေဖို့ ကြက်ပေါင်းရည်က ဘယ်လိုအကျိုးပြုသလဲ

ကြက်ပေါင်းရည် လို့ ဆိုလိုက်တာနဲ့ နေမကောင်းဖြစ်တဲ့ အချိန်သောက်ဖို့ကိုပဲ စိတ်ထဲစွဲနေကြမှာပေါ့။ များသောအားဖြင့် လူတော်တော်များများက နေမကောင်းဖြစ်တော့မှပဲ ကြက်ပေါင်းရည်လို အားရှိစေမယ့်အစားအသောက်တွေကို သတိရတတ်ကြပါတယ်။ အားရှိအောင်လို့၊ မြန်မြန်နေကောင်းအောင်လို့၊ ကိုယ်ခံအားကောင်းအောင်လို့ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် တွေကို အားကိုးတတ်ကြပါတယ်။ ဒါဆို နေမကောင်းဖြစ်တဲ့ အခါပဲ ကြက်ပေါင်းရည်သောက်ဖို့လိုတာလား။ မဟုတ်ပါဘူးနော်။ ကြက်သားက ရတဲ့ အဆီအနှစ်က လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်ဘဝမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ပေးနိုင်လဲဆိုတာ သိရင် မကြာခဏ သောက်မိပါလိမ့်မယ်။ အဓိကအားဖြင့် ကြက်ပေါင်းရည်ရဲ့ အကျိုးကျေးဇူးတွေက - (၁) ကိုယ်ခံအား ကောင်းစေတယ် အအေးမိ၊ နှာစေးတာက အစ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေအထိ ရောဂါပိုးတွေကို ကာကွယ်နိုင်ဖို့၊ ခုခံနိုင်ဖို့၊ နာလန်ထူမြန်စေဖို့ ဟိုးအရင်တည်းက ကြက်စွပ်ပြုတ်က ဆေးတစ်ခွက်ပါ။ ကြက်ပေါင်းရည်မှာပါဝင်တဲ့ Bio-peptide က ကိုယ်ခံအား ပိုကောင်းစေတာမို့ နေပြန်ကောင်းတာ မြန်စေတယ် ဆိုတာကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါးဟာ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာတမျိုးဖြစ်ပြီး ရောဂါအချို့ကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ လူအများက နှစ်ခြိုက်စွာ စားသုံးလာကြပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဆယ်လ်မွန်ငါးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ဖြစ်ပါတယ်။ Omega 3 ကြွယ်ဝခြင်း ဆယ်လ်မွန်ငါးရဲ့ ထူးခြားမှုတခုကတော့ Omega 3 ကြွယ်ဝခြင်းဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ Omega 3 ၂.၆ ဂရမ် ပါဝင်ပါတယ်။ Omega 3 ရဲ့ တနေ့တာလိုအပ်တဲ့ ပမာဏနဲ့ ပတ်သက်ပြီး ညွှန်းဆိုထားခြင်းမရှိနေပမယ့် အနည်းဆုံး ၂၅၀-၅၀၀ မီလီဂရမ်ခန့် ရရှိသင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။ Omea 3 ဟာ ရောင်ရမ်းမှုများကို လျော့ကျစေခြင်း၊ သွေးတိုးကို ထိန်းနိုင်ခြင်း၊ သွေးကြောများအခြေအနေကောင်းမွန်စေခြင်း၊ နှလုံးကို အကျိုးပြုခြင်း စတဲ့အကျိုးကျေးဇူးတွေ ဖြစ်ပေါ်စေပါတယ်။ ပရိုတိန်းဓာတ် များစွာပါခြင်း ပရိုတိန်းဟာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အလွန်အကျွံစားသုံးလျှင် ဘေးဖြစ်စေတတ်သော အစားအစာများ

မြန်မာဆိုရိုးစကားမှာ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံရှိပါတယ်။ အစားအစာများနဲ့ ပတ်သက်ရင် အချို့သော အစားအစာများဟာ အာဟာရဓာတ်ကြွယ်ဝပြီး နေ့စဉ်စားသုံးသင့်တဲ့စာရင်းမှာ ပါဝင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် လွန်ကဲစွာစားသုံးမိရင် ဘေးဥပဒ်ဖြစ်စေနိုင်ပါတယ်။ ယခုဖော်ပြမှာကတော့ ပုံမှန်စားသုံးရင် ကျန်းမာရေးအတွက် ကောင်းပေမယ့် လွန်ကဲသွားရင် သင့်ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေအကြောင်းပဲ ဖြစ်ပါတယ်။ Omega 3 နှင့် ငါးကြီးဆီ Omega 3 ဟာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပြုပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ဒါကြောင့် Omega 3 ကို ဆေးဝါးပုံစံနဲ့ပါ ထုတ်လုပ်လာကြပါတယ်။ ဒါပေမယ့် Omega 3 သုံးစွဲသင့်တဲ့ပမာဏကတော့ တစ်ရက်ကို ၁-၆ ဂရမ်နှုန်း ဖြစ်ပါတယ်။ အဆိုပါ ပမာဏထက်ကျော်လွန်သွားပြီး တစ်ရက်မှာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သံလွင်ဆီမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

အဆီနဲ့ပတ်သက်ရင် လူတွေမှာ အစွဲတစ်ခုရှိပါတယ်။ အဲဒါကတော့ အဆီဓာတ်ဟာ မကောင်းဘူးဆိုတာပါပဲ။ တကယ်တော့ အဆီဓာတ်ဟာလည်း ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီဟာ သင့်ကိုယ်ခန္ဓာအတွက် အကျိုးပြုမှာ ဖြစ်ပါတယ်။ ဆီများထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ကြတာကတော့ သံလွင်ဆီဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သံလွင်ဆီ သုံးစွဲခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ မပြည့်ဝဆီပါဝင်မှု များခြင်း ဆီအမျိုးအစားတွေမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး ရှိပါတယ်။ မပြည့်ဝဆီဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီအမျိုးအစား ဖြစ်ပါတယ်။ သံလွင်ဆီကိုတော့ သံလွင်သီးကနေ ထုတ်လုပ်ထားပြီး အိုလစ်အက်ဆစ်လို့ခေါ်တဲ့ အဆီဓာတ်ဟာ ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ခန့် ဝင်ပါတယ်။ အဆိုပါ အိုလစ်အက်ဆစ်ဟာ monounsaturated fat လို့ခေါ်တဲ့ မပြည့်ဝဆီဖြစ်ပြီး ရောင်ရမ်းမှုကို ကျစေခြင်း၊ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေလျော့ကျစေခြင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငါးစားက အကျိုးများ၏

ငါးစားက အကျိုးများ၏ ....... ငါးဟာ အာဟာရဓာတ်ကောင်းစွာပါဝင်တဲ့ စားသောက်ဖွယ်ရာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တစ်ပတ်မှာ ၂-၃ရက်ခန့် စားသုံးသင့်ပါတယ်။ နေ့စဉ် စားနိုင်ရင်တော့ ပိုကောင်းပါတယ်လို့ ဆိုပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ငါးစားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ငါးစားက အကျိုးများ၏ ငါးစားခြင်းရဲ့ အကျိုးကျေးဇူးများကတော့ အာဟာရဓာတ်ကြွယ်ဝခြင်း ငါးအများစုမှာ ပရိုတိန်းဓာတ် ကောင်းကောင်းပါဝင်တာပါတယ်။ တခြား ဗီတာမင်၊ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ တူနာ၊ မက်ကာရယ် စတဲ့ငါးတွေမှာ omega 3 နဲ့ တခြားအာဟာရဓာတ်တွေ ပိုမိုကြွယ်ဝပါတယ်။ တခြားငါးအမျိုးမျိုးမှာလည်း ဗီတာမင် D နဲ့ B2 များစွာပါဝင်ပါတယ်။ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ်ဆိုတာ ချက်နည်းပြုတ်နည်း များများစားစားမလိုဘဲ အိမ်တိုင်း အလွယ်တကူချက်ပြုတ်လို့ရတဲ့ ဟင်းတစ်ခွက်ပါ။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ကြက်စွပ်ပြုတ်သည် အစာကြေလွယ်စေပြီး ကိုယ်တွင်းအပူကျစေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ နေကောင်းတဲ့သူတွေအတွက်လည်း အာဟာရဖြစ်စေသလို နေမကောင်းတဲ့သူတွေအတွက်လည်း အဖျားတာတိုစေတဲ့ အာနိသင်ပါလို့ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ ဒီတစ်ခေါက်တော့ ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ ခုလိုမိုးတွင်းကာလမှာဆိုရင် ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်လွယ်တဲ့အတွက် ကြက်စွပ်ပြုတ်ကို ပိုပြီးတောင် သောက်ပေးဖို့လိုအပ်ပါတယ်။ ကြက်စွပ်ပြုတ်က ကျန်းမာရေးကောင်းကျိုးအနေနဲ့ ၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်စားလိုက်တဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ အာဟာရမဖြစ်စေတဲ့ အရာတွေ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်သောက်ချင်ပေမယ့် အရက်နာကျ တာတော့ မကြိုက်ဘူးဆိုရင်

ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။ လူငယ်တွေ အထူးသဖြင့် ယောက်ျားလေးတွေ အပေါင်းအသင်းတွေ စုံလာတဲ့အချိန်ဆိုရင် အရက်က ဝိုင်းကို ပိုအသက်ဝင်လာစေတဲ့ ဆေးတစ်ခွက်လို့လည်း ဆိုနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း နောက်ပိုင်းမှာ အရက်ကို အရင်ကထက် ပိုသောက်လာကြတာ တွေ့ရတယ်။ လူကြီးတွေဆိုရင်လည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းရှင်ပါတနာတွေနဲ့ တွေ့ရတဲ့အခါမျိုးမှာ အများကြီးမဟုတ်တောင် တစ်ခွက်လောက်တော့ မော့ကြတာပါပဲ။ ဒီလို အရက်သောက်ကြပေမယ့် အရက်နာကျ တာကိုတော့ ကြိုက်ကြမှာ မဟုတ်ပါဘူး။ အရက်နာကျ ခြင်း အရက်သောက်ပြီးတဲ့အခါ အများစုဖြစ်တတ်တဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ အရက်နာကျတယ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရက်ထဲမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေဟာ ကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ဒီအဆိပ်အတောက်ကို တုံ့ပြန်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။ အရက်နာကျ တဲ့ လက္ခဏာတွေက ဘာတွေလဲ။ • မောပန်းတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

အမဲသား ကြိုက်တဲ့သူတွေ အတွက်တော့ ပျော်ပြီးရင်း ပျော်ရမယ့် ဆောင်းပါးလေး ပါပဲ။ အမဲသားက ကျန်းမာရေးအတွက် ဘယ်လို ကောင်းကျိုးတွေ ယူဆောင်လာပေးနိုင် သလဲ ဆိုတာကို ဒီ ဆောင်းပါးထဲမှာ ဖော်ပြသွားမှာပါ။ ကဲ .... အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အကြောင်း လေ့လာလိုက်ရအောင်နော်။ အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ အမဲသားက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့ ၁။ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါ့အပြင် အနာအကျက် မြန်စေခြင်း၊ အားကစားသမားတွေ အတွက် ဒဏ်ရာ သက်သာစေခြင်း၊ ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ နဲ့ တွဲဖက်လုပ်မယ် ဆိုရင် ကြွက်သားတွေကို ထိန်းထားနိုင်ပြီး ကြွက်သား တက်စေခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း