တစ်နေ့ကို ရေဘယ်လောက် သောက်သုံးရမလဲ
အာဟာရဗေဒကျွမ်းကျင်သူတွေရဲ့ ထောက်ခံချက်တွေအရဆိုရင်တော့ လူတစ်ယောက်ဟာ တစ်နေ့မှာ အနည်းဆုံး ရေ ၈ ခွက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်တဲ့။ ပြောရမယ်ဆိုရင် ၂ လီတာ ဒါမှမဟုတ် ဂါလံဝက် ပမာဏဖြစ်ပါတယ်။
လေ့လာချက်တွေအရ သင့်အနေနဲ့ ရေဆာနေသည်ဖြစ်စေ မဆာသည်ဖြစ်စေ ဒီပမာဏထက်မလျော့တဲ့ ရေကို သောက်သုံးပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ လုပ်ရှားမှုတွေကြောင့် ရေဓာတ်လိုအပ်ချက်ဟာ သတ်မှတ်ထားတဲ့ ပမာဏထပ်ပိုပြီး လိုအပ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်က ရေဓာတ် လုံလောက်စွာ မဖြည့်ဆည်းထားဘူးဆိုရင် ဟိုးအထက်မှာဖော်ပြခဲ့သလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်လာရမှာပါ။
လူတစ်ယောက်ဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ရေဓာတ် ၁.၃၆% လောက်ဆုံးရှုံးနိုင်ပြီး ချွေးထွက်ချင်းကြောင့် ရေဓာတ် ၁%-၃% အထိဆုံးရှုံးနိုင်ပါတယ်။ ဒီလောက်ပမာဏ ဆုံးရှုံးရင်ကို အပျော့စားရေဓာတ်ဆုံးရှုံးမှုစတင်ဖြစ်ပေါ်နိုင်ပါတယ်။ ၃% အထက်ဆုံးရှုံးရင်တော့ ပြင်းထန်တဲ့သဘောပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။