ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။  အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်ယူပြီးရင် ဘာလုပ်ကြမလဲ

ပျော်ရွှင်မှုဟာဘဝရဲ့ ရည်မှန်းချက်လို့ ကျွန်မတို့အားလုံးယူဆကြပါတယ်။ လူတွေဟာနေ့စဉ်နေ့တိုင်းသူတို့ရဲ့ဘဝကိုပျော်ပျော်သာနေလိုကြပါတယ်။ ပင်စင်ယူပြီးသွားရင် သူတို့တွေမှာအလုပ်လုပ်ဖို့ မလိုတော့တဲ့အတွက် အချိန်ပိုရပါလာတော့တယ်။ တခြားသူတွေကလည်းသူတို့ထိုင်စားပြီးလုပ်ချင်တာလုပ်နေတော့မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကပြဿနာမဟုတ်သေးပါဘူး။ ပင်စင်ယူပြီးဘာလုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက် မရှိဘူးဆိုရင် သင့်ဘဝဟာပျင်းခြောက်ခြောက် ဖြစ်လာမှာပါ။ ဒါ့ကြောင့် အချိန်ကိုဘယ်လိုပိုမိုတန်ဖိုးရှိပြီးစိတ်ဝင်စားစရာကောင်းအောင် အသုံးချမလဲ။ ကျန်ရှိနေသေးတဲ့ သင့်ဘဝကိုပျော်ရွှင်ဖွယ်ဖြစ်အောင် ကြိုတင် ကြံဆကြပါစို့။ အလုပ်တစ်ခုရှာပါ အချိန်ပိုင်းလုပ်ရတဲ့ အလုပ်ဆိုအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးအလုပ်လေးတွေလုပ်ရင်းနဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရတာဟာအိမ်မှာနေရတာထက် ပိုမိုသာလွန်ပါတယ်။ အလုပ်ရှိခြင်းဟာဝင်ငွေအနည်းငယ် ရရှိစေနိုင်ပြီးလူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့သူလို့ ကိုယ့်ကိုကိုယ် ခံစားရမှာပါ။ ဒါဟာလူအများစုရှာဖွေနေတဲ့ လွတ်လပ်ပြီးစိတ်ချမ်းသာစရာကောင်းတဲ့အလုပ်ပါပဲ။ သင့်ကြွက်သားတွေ အလုပ်လုပ်ရတဲ့အတွက် သင့်ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။   စေတနာ့ဝန်ထမ်းအလုပ်တွေမှာပါဝင်ဆောင်ရွက်ပါ ဒါဟာပင်စင်စားလူအများစုလုပ်ရကျိုးနပ်တယ်လို့ ယူဆကြတဲ့ သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီတာတွေ၊ ဆေးရုံ၊ စာကြည့်တိုက်တွေမှာကူညီပေးတာတွေကစလို့ ဒေသခံလူတွေဖွဲ့စည်းထားတဲ့ စေတနာ့ ဝန်ထမ်းအုပ်စုတွေမှာအကူအညီပေးတာ၊ ဘုရားကျောင်းတွေမှာဝေယျာဝစ္စလုပ်ကူတာနဲ့ မိဘမဲ့ဂေဟာတွေမှာကလေးတွေကိုကူညီစောင့်ရှောက်ပေးတာအထိအမျိုးမျိုးရှိနေပါတယ်။ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက် ၄၀ ပြည့်သောအခါလေ့ကျင့်ခန်းပြုလုပ်ခြင်းကိုမဖြစ်မနေစတင်သင့်ပုံ

အသက်(၄၀)ဟူသောဘဝမှတ်တိုင်သည် များစွာသောကျန်းမာရေးပြဿနာများဖြစ်နိုင်ချေရှိလာခြင်းကိုပြသနေသည်။ ကျွမ်ကျင်သူများက( ၄၀)ပြည့်နှစ်မွေးနေ့သည် သင့်ကျန်းမာရေးကို ကိုယ်တိုင်စစ်ဆေး အကဲဖြတ်ရန်အကောင်းဆုံးအချိန်ဟုဆိုကြသည်။ လူများစွာတို့ သည်များပြားသောအလုပ်တာဝန်များ၊အသက်အရွယ်ရလာသောမိဘများ၊ရင်သွေးငယ်များစသည်တို့နှင့် မအားလပ်နိုင်ကြသည့်အတွက်ကျန်းမာရေးကိုဘေးချန်ထားမိတတ်ကြသည်။ သို့သော်အသက် (၄၀)ဟူသောကာလသည်သင်နေထိုင်ကောင်းမှုကိုဆန်းစစ်ရန်နှင့်ရေရှည်အတွက်အစီအစဉ်ဆွဲရန်ကာလတစ်ခုဖြစ်ပါသည်။ အမြင်အာရုံနှင့်ပတ်သက်သောပြဿနာများအတွက်သတိရှိပါ အသက်(၄၀)အရွယ်တွင် အမြင်အာရုံပိုင်းအားနည်းစပြုလာသည့်အတွက်သင်၏မျက်လုံးကိုစစ်ဆေးရန်လိုအပ်လာသည်။ သင့်အနေနှင့်ဆေးပုလင်းများနှင့် အခြားသောအရာများပေါ်တွင်ရေးသားထားသောအညွှန်းများကို ဖတ်နိုင်ရမည်။ သင့်မှာစာကြည့်မျက်မှန်လည်းမရှိ၊စာလုံးသေးသေးလေးများကိုလည်းမမြင်နိုင်ဟုဆိုလျှင်အရေးကြီးသောအချက်များကိုသင်မသိလိုက်ဘဲဖြစ်သွားနိုင်သည်။ သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်ရခြင်း၏အဓိက အကြောင်းရင်းတစ်ရပ်မှာMacular Degeneration ဟုခေါ်သောမြင်လွှာနောက်ခံသားပျက်စီးသည့်ရောဂါဖြစ်ပါသည်။ အသက်(၄၀) ကျော်ပြီးသူများ၏၉.၁သန်းခန့်တွင်ထိုရောဂါခံစားနေရသည်ဟုဆိုသည်။ နေကာမျက်မှန်တပ်ခြင်းကလည်း ကာကွယ်မှုထပ်မံရရှိနိုင်သည်။ နေရောင်ခြည်ကိုထိတွေ့မှုများလျှင် အတွင်းတိမ်ရောဂါဖြစ်စေနိုင်သည့်အတွက်နေကာမျက်မှန် တပ်ခြင်းသည်ကောင်းသောစိတ်ကူးဖြစ်သည်။ ထိုမျက်မှန်ကို ရွေးချယ်သည့်အခါခရမ်းလွန်ရောင်ခြည်အေနှင့်ဘီကိုကာကွယ်နိုင်သောအမျိုးအစားကိုရွေးပါ။ သင်နှင့်ပတ်သက်သောကိန်းဂဏန်းတန်ဖိုးတချို့ကိုသိအောင်လုပ်ပါ အသက်(၄၀) အရွယ်တွင်သင်၏သွေးပေါင်ချိန်၊သွေးတွင်း အဆီဓါတ်ကိုလက်စထရော၊သွေးတွင်းသကြားဓါတ်နှင့် ကိုယ်အလေးချိန်စသည်တို့၏တန်ဖိုးကိုသင်ကိုယ်တိုင်သိအောင်လုပ်ရမည်။ မိမိ၏ကိုလက်စထရောပမာဏကိုသိရှိနေရန်လိုအပ်ပြီးယခင်က မစစ်ဆေးဖူးပါကအသက်(၄၀)အရွယ်တွင်စစ်ဆေးမှုပြုလုပ်သင့်ပါသည်။ နီးစပ်ရာဆေးခန်းတွင် သွေးပေါင်ချိန်တိုင်းခြင်း၊ဆရာဝန်နှင့်တိုင်ပင်၍သွေးတွင်း သကြားဓါတ်(ဆီးချိုရောဂါရှိ/မရှိ)တို့ကိုစစ်ဆေးသင့်သည်။ ထို တန်ဖိုးများကိုသိရှိခြင်းဖြင့်သင်ရောသင့်ဆရာဝန်ကပါတိမ်မြုပ်နေသောရောဂါတစ်ခုခုကိုတွေ့ရှိနိုင်သည်။ ကြွက်သားလေ့ကျင့်ခန်းများပြုလုပ်ပါ အသက်(၄၀)အရွယ်မှစ၍၊၁နှစ်လျှင် ကြွက်သား၁%ခန့်ဆုံးရှုံးသွားသည်။ ထို့ကြောင့်အလေးမသောလေ့ကျင့်ခန်းများကိုနှလုံးကျန်းမာရေးဆိုင်ရာ ကာဒီယိုလေ့ကျင့်ခန်းများနှင့်တွဲဖက်၍တစ်ပတ်စာလေ့ကျင့်မှုအစီအစဉ်ဆွဲ၍အားထုတ်မည်ဆိုလျှင် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ အသက်အရွယ်ရလာလေလေ ကိုယ်ခန္ဓါ၏ပျော့ပြောင်းမှုလည်းနည်းပါးလာလေဖြစ်သည်။ သင်နေ့စဉ်လေ့ကျင့်ခန်းများတွင်ယောဂကျင့်စဉ်နှင့် ခန္ဓါကိုယ်ဟန်ချက်လေ့ကျင့်ခန်းများ(Pilates)တို့ကိုပါ ထည့်သွင်းပြုလုပ်ပါ။ ထိုလေ့ကျင့်မှုများကသင့်ကိုယ်ခန္ဓါ၏ ကွေးဆန့်စွမ်းရည်၊ကိုယ်ခန္ဓါအတွင်းပိုင်းစွမ်းအား၊ဟန်ချက်ညီမှုနှင့်လှုပ်ရှားနိုင်မှုတို့ကိုတိုးတက်ကောင်းမွန်စေသည်။ အမျှင်ဓါတ်များများစားပါ အစားအများကြီး စားသော်လည်းကိုယ်အလေးချိန်မတက်သောနေ့ရက်များကကုန်ဆုံးသွားပြီဖြစ်ပါသည်။ အသက်(၄၀)အရွယ်တွင်သင်ခန္ဓါကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကနှေးကွေးလာသည့်အတွက် ကယ်လိုရီနည်းနည်းစားမှသာကျန်းမာရေးနှင့်ညီညွှတ်နိုင်သည်။ သို့သော်လည်းလုံလောက်သော အမျှင်ဓါတ်ပမာဏကိုစားသုံးပေးဖို့နှင့်ရေများများသောက်ဖို့သတိရပါ။ ထိခိုက်ဒဏ်ရာနှင့်အဆစ်အမြစ်နာကျင်မှုများမဖြစ်အောင်ဂရုစိုက်ပါ အသက်အရွယ်ရလာသောအခါ ကျွန်ုပ်တို့၏ကြွက်သားများနှင့်တွယ်ဆက်ထားသောအရွတ်များတောင့်တင်းလာသည့်အတွက်ဒဏ်ရာရရန်ပို၍လွယ်ကူလာသည်။ […]


သက်ကြီးရွယ်အို အာဟာရ

အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ ဖေဖေမေမေတို့အတွက် အကောင်းဆုံး အစားအစာတွေကဘာတွေဖြစ်မလဲ

ငယ်ငယ်က ကိုယ်တွေကိုဖေဖေမေမေတို့ကကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တယ်။ အာဟာရပြည့်အောင်ကျွေးမွေးခဲ့ကြသလို ကျန်းကျန်းမာမာကြီးပြင်းလာအောင်လည်း အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့ကြပါတယ်။ အရွယ်ရောက်လာပြီဆိုတော့ တစ်ပြန်တစ်လှည့်ကိုယ်တွေကစောင့်ရှောက်ရတော့မပေါ့။ ဒီလိုစောင့်ရှောက်ပေးတဲ့နေရာမှာဖေဖေမေမေတို့ အင်အားပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက်ဘာတွေကျွေးရမလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံးအဖြေထုတ်ပေးနိုင်မှာပါ။ ဖေဖေမေမေတို့ကျန်းမာစေဖို့ ဘာတွေကျွေးမလဲ အာဟာရဓါတ်ကို အရွယ် သုံးပါးစလုံး လိုအပ်တယ်ဆိုပေမယ့် အသက်အရွယ်ကြီးရင့်လာတဲ့ဖေဖေမေမေတို့က လှုပ်ရှားသွက်လက်ဆဲဖြစ်တဲ့ ကိုယ်တွေထက်တော့ ပိုမိုလိုအပ်မှာ အမှန်ပါ။ဖေဖေမေမေတို့ကျန်းမာစေဖို့နေ့စဉ်စားသုံးမှုမှာ ဒါတွေကို ပါဝင်အောင်ပြင်ဆင်ပေးသင့်ပါတယ်။ ပန်းဂေါ်ဖီစိမ်း အရွယ်မရွေးစားသုံးပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါ။ အစိမ်းစားလို့ရသလို ချက်စားလို့လည်းရပါတယ်။ ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရိုးတွေကိုသန်မာစေပြီးသွေးအားနည်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီး ထောပတ်သီးမှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးတဲ့omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့်ဖေဖေမေမေတို့ကို နာကျင်ရောင်ရမ်းမှုကျစေနိုင်ပြီးသွေးတိုးရောဂါ၊သွေးတွင်းကိုလက်စထရောများတာနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ အရွယ်တင်နုပျိုစေဖို့အတွက်လည်းထောပတ်သီးက အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ စတော်ဘယ်ရီသီး စတော်ဘယ်ရီသီးက အရွယ်တင်နုပျိုစေနိုင်သလို ဗီတာမင် C နဲ့ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်