ကြွက်သားဆုံးရှုံးမှု ကာကွယ်ပေးမယ့် နောက်တစ်ခုကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကလည်း နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြွက်သားတွေကို အားဖြည့်ပေးပါတယ်။ ဒိန်ချဉ်ကို သစ်သီးလေးတွေနဲ့ တွဲစားပေးလို့ ရပါတယ်။ သစ်သီးခြောက်လေးတွေနဲ့ တွဲစားပေးတာကလည်း အာဟာရပြည့်ဝစေဖို့ ထောက်ကူပေးမှာပါ။
ပဲအမျိုးမျိုးက ပရိုတင်းရော အမျှင်ဓာတ်ပါ ကြွယ်ဝတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာ တစ်မျိုးပါ။ ကြွက်သားတွေ သန်မာစေသလို အစာခြေစနစ် ကျန်းမာစေပါတယ်။ ကြွက်သားဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးသလို ဝမ်းချုပ်တာလိုမျိုး လူကြီးတွမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သတ္တုဓာတ်တွေ ပါဝင်နေတာကလည်း ကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အယ်လ်မွန်စေ့၊ သစ်ကြားသီး၊ မက်ကာဒေးမီးယားစတဲ့ အခွံမာသီးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကိုရော ပရိုတင်းကိုပါ ဖြည့်တင်းပေးနိုင်တာကြောင့် ဖိုးဖိုးဖွားဖွားတို့မှာ ကြွက်သားဆုံးရှုံးမှု မဖြစ်အောင် ကူညီပေးပါတယ်။ အဆာပြေစားစရာအနေနဲ့ စားပေးလို့ ရသလို ဆန်ပြုတ်ထဲထည့်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။