backup og meta

ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း

ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း

ကြွက်သားဆုံးရှုံးမှု ဆိုလို့ နားစိမ်းနေနိုင်ပေမယ့် ဒါက အသက်အရွယ်ရလာလို့ ကြွက်သားတွေ လျော့တွဲလာတာမျိုးပါ။ အရင်ကလောက် လက်မောင်းတွေ မထွားတော့တာ၊ ခြေသလုံးလေးတွေ သေးသွားတာမျိုးပေါ့။ ကြွက်သားဆုံးရှုံးမှုကို အသက်အရွယ်ရလာသူတိုင်းမှာ မလွဲမသွေ ကြုံရနိုင်ပါတယ်။

ကြွက်သားဆုံးရှုံးမှုက အသက်အရွယ်ရလာတာနဲ့အမျှ ပိုများလာတတ်ပါတယ်။ ဒါက ကြွက်သားတွေမှာ အသက်အရွယ်ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အိုမင်းမှု သဘာဝဖြစ်စဉ်ပါ။ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်အနေနဲ့ကတော့ ကြွက်သားတွေ အားနည်းလာတာပါ။ သိပ္ပံပညာရှင်တွေကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုတွေကြောင့် ဖြစ်ရတာလို့ ကောက်ချက်ချထားကြပါတယ်။

အသက်အရွယ်ရလာချိန်မှာ ခံစားရတဲ့ ကြွက်သားဆုံးရှုံးမှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ဖြစ်တဲ့ လမ်းလျှောက်တာ၊ လှေကားတက်တာ၊ အလေးအပင် မတာလိုမျိုး လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ ခက်ခဲလာတာကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး ကြွက်သားဆုံးရှုံးမှုက သန်စွမ်းမှုကို ထိခိုက်စေပြီး ဟန်ချက်ထိန်းနိုင်စွမ်းကိုပါ ထိခိုက်လာစေပါတယ်။

ဒီတစ်ခေါက်တော့ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်နိုင်စေဖို့အတွက် ဖိုးဖိုးဖွားဖွားတို့ကို ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း​ အချို့ကို ဖော်ပြပေးသွားပါမယ်။

ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း

ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက အိုမင်းမှု ဖြစ်စဉ်ပါ။ အသက်က ၃၀ ကျော် ၄၀ ဝန်းကျင် ရောက်လာချိန်မှာ ကြွက်သားထုထည်တွေကို တဖြည်းဖြည်းချင်း ဆုံးရှုံးလာပါတယ်။ ဒီဖြစ်စဉ်က အသက် ၆၅ နှစ် နဲ့ ၈၀ အတွင်းမှာ ပိုမြန်လာပါတယ်။ ဆယ်စုနှစ်တစ်ခုကြာတိုင်းမှာ ကြွက်သားဆုံးရှုံးမှုက ၈% လောက်ရှိပါတယ်။

ဒီတော့ နေ့စဉ်ဘဝကို ထိခိုက်လာစေနိုင်တဲ့ ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း ကတော့

  • ကိုယ်လက်လှုပ်ရှားမှု နည်းတာ

ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ နေ့စဉ်ဘဝမှာ အထိုင်များတာတွေက အရွယ်ရောက်လာချိန်မှာ ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်ရလာလို့ လှုပ်ရှားမှု အားနည်းလာတာ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်တာတွေကလည်း ကြွက်သားဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။

  • အဝလွန်တာ

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာတွေက ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့လိုပါတယ်။ ဒီလို ထိန်းတဲ့အခါ အစားအစာ ဂရုစိုက်တာ၊ လေ့ကျင့်ခန်း လုပ်တာရော လုပ်ဆောင်ပေးရမှာပါ။

  • နာတာရှည် ကျန်းမာရေးပြဿနာ ရှိတာ

နာတာရှည် လေပြွန်ရောင်ရမ်းတာ (COPD)၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုနဲ့ HIV ဗိုင်းရပ်စ် ကူးစက်ခံစားနေရသူတွေမှာလည်း ကြွက်သားဆုံးရှုံးမှုကို ခံစားရနိုင်ပါတယ်။

  • လေးဖက်နာ

လေးဖက်နာ၊ အဆစ်ရောင်ရမ်းနာ ကျန်းမာရေး ပြဿနာ ခံစားနေရခြင်းကလည်း ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

  • အင်ဆူလင် မတုံ့ပြန်တာ

ခန္ဓာကိုယ်က အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကျနေတာ၊ အင်ဆူလင် မတုံ့ပြန်နိုင်တာမျိုး အခြေအနေကို ခံစားနေရမယ်ဆိုရင်လည်း အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံးရှုံးမှုကို ခံစားရမှာပါ။

  • ဟော်မုန်းပမာဏ ကျဆင်းတာ

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် ကိုယ်တွင်းမှာ ဟော်မုန်းပမာဏ မျှတဖို့ လိုပါမယ်။ တကယ်လို့ ဟော်မုန်းပမာဏက ရှိသင့်တဲ့ ပမာဏ မရှိဘဲ ကျဆင်းနေမယ်ဆိုရင်လည်း ကြွက်သားဆုံးရှုံးမှုကို ခံစားရနိုင်ပါတယ်။

  • အာဟာရချို့တဲ့တာ (သို့မဟုတ်) ပရိုတင်း လုံလောက်အောင် မစားတာ

နေ့စဉ်မှာ အာဟာရ လုံလောက်အောင် မစားတာ၊ ပရိုတင်း ပြည့်ဝလုံလောက်အောင် မစားမိတာကလည်း ကြွက်သားတွေရဲ့ သန်စွမ်းမှုကို ထိခိုက်စေပြီး ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

  • အာရုံကြောဆဲလ် အရေအတွက် နည်းလာတာ

အာရုံကြောဆဲလ်တွေ အရေအတွက် နည်းလာခြင်းက ဦးနှောက်ဆီကနေ ကြွက်သားတွေကို လှုပ်ရှားစေဖို့အတွက် သတင်းအချက်အလက် ပေးပို့မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

ဒီအချက်အလက်တွေကို သတိထား ကာကွယ်မယ်ဆိုရင် ကြွက်သားဆုံးရှုံးမှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sarcopenia: What you need to know https://www.medicalnewstoday.com/articles/318501 Accessed Date 21 October 2022

Sarcopenia https://my.clevelandclinic.org/health/diseases/23167-sarcopenia#:~:text=Sarcopenia%20is%20the%20age%2Drelated,can%20contribute%20to%20the%20disease. Accessed Date 21 October 2022

Muscle Loss in Elderly Causes, Symptoms, Management https://emoha.com/blogs/health/muscle-loss-in-the-elderly-causes-symptoms Accessed Date 21 October 2022

7 Best Exercises for Seniors (and a Few to Avoid!) https://www.seniorlifestyle.com/resources/blog/7-best-exercises-for-seniors-and-a-few-to-avoid/ Accessed Date 21 October 2022

Muscle Loss In Seniors: Can It Be Reversed? https://www.griswoldhomecare.com/blog/2020/december/muscle-loss-in-seniors-can-it-be-reversed-/ Accessed Date 21 October 2022

ယခုပုံစံ

25/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement