အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့
မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုတွေ နဲ့ အထီးကျန်ဆန်မှုတွေက အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ အများဆုံး ခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေပါ။ အသက် ၅၅ နှစ်အထက် ရောက်လာတဲ့ ဖေဖေမေမေ ၂၀ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခံစားကြရပါတယ်။ အဖြစ်အများဆုံးကတော့ စိုးရိမ်စိတ်များတာ၊ ပြင်းထန်တဲ့ သိမြင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျ မြန်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှုနဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲဆိုတာကို ဝေမျှပေးသွားချင်ပါတယ်။ စိတ်ကျန်းမာရေး ထိခိုက်မှုက ရုပ်ပိုင်းဆိုင်ရာအပေါ်မှာ သက်ရောက်မှု ရှိသလား စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်တဲ့ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေက အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ စိတ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာအပေါ်မှာရော […]