backup og meta

အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့

    မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုတွေ နဲ့ အထီးကျန်ဆန်မှုတွေက အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ အများဆုံး ခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေပါ။ အသက် ၅၅ နှစ်အထက် ရောက်လာတဲ့ ဖေဖေမေမေ ၂၀ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခံစားကြရပါတယ်။ အဖြစ်အများဆုံးကတော့ စိုးရိမ်စိတ်များတာ၊ ပြင်းထန်တဲ့ သိမြင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျ မြန်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲဆိုတာကို ဝေမျှပေးသွားချင်ပါတယ်။

    စိတ်ကျန်းမာရေး ထိခိုက်မှုက ရုပ်ပိုင်းဆိုင်ရာအပေါ်မှာ သက်ရောက်မှု ရှိသလား

    စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်တဲ့ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေက  အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ စိတ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာအပေါ်မှာရော နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှုတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိနေပါတယ်။

    စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေအပေါ်မှာပါ ထိခိုက်စေသလို နောက်ဆက်တွဲအနေနဲ့ လူမှုဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။

    အရွယ်ရလာတဲ့ ဖေဖေမေမေတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတာက နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ်ရလာတဲ့ လူကြီးတွေမှာ အသက်ရလာလေလေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာတာ၊ စိတ်ဓာတ်ကျတာ နဲ့ အခြားသောနာမကျန်းမှုတွေ ဖြစ်လာတာက ပုံမှန်ပါပဲ။

    ဒီနေရာမှာ သတင်းကောင်းတစ်ခုက အရွယ်ရလာချိန်မှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းတာ၊ မှတ်ဉာဏ်စွမ်းရည်တွေ ကျဆင်းလာတာက ပုံမှန်ပဲဆိုပေမယ့် ဒီအနေအထားကို ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိတယ်ဆိုတာပါ။ ဒီတော့ ဘယ်လို နည်းလမ်းလေးတွေလည်း ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့

    အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့ ဆိုရင်တော့

  • စိတ်ကျန်းမာစေမယ့် ဂိမ်းလေးတွေ ဆော့ပါ
  • အငြိမ်းစား ယူပြီးချိန်မှာ ဖြစ်ဖြစ်၊ မိသားစုထဲမှာ အပြောင်းအလဲတွေ ဖြစ်တာကြောင့် ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်တာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ဆိုရင်တော့ စိတ်ကျန်းမာစေမယ့် ဂိမ်းလေးတွေ ဆော့ပေးလို့ ပါတယ်။ ဒီလို ဂိမ်းလေးတွေ ဆော့ပေးမယ်ဆိုရင် အရွယ်ရလာတဲ့ ဖေဖေမေမေတို့ကို မှတ်ဉာဏ်ကောင်းစေဖို့ရော စိတ်ဖိစီးမှု ကင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။

    ဒီလိုမျိုး စိတ်ကျန်းမာစေဖို့ ဘယ်လိုဂိမ်းလေးတွေ ဆော့ပေးရမလဲဆိုရင် ဆုဒိုကု၊ ပဟေဠိဖြေတာ၊ ဘင်ဂို၊ စာလုံးဆက်တဲ့ ဂိမ်းလေးတွေဆော့တာမျိုး လုပ်ပေးလို့ ရပါတယ်။ နောက်လုပ်ပေးလို့ရတာက ပန်းချီဆွဲတာ လက်မှုတစ်ခုခု လုပ်တာ၊ ကိရိယာတစ်ခုခု တီးခတ်တာမျိုး လုပ်ပေးလို့ ရသလို ဘာသာစကား သင်ကြားပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

    • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းပါ

    ယောဂလေ့ကျင့်ခန်း ပုံမှန်တက်တာ နေ့တိုင်း လမ်းလျှောက်ပေးတာမျိုး လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တက်တက်ကြွကြွနေတာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက အရွယ်ရလာတဲ့ လူကြီးတွေကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။

    ဒီတော့ မေမေဖေဖေတို့အနေနဲ့ အကြောဆန့်တာ၊ ခန္ဓာကိုယ် ကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

    • မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး ရှိပါစေ

    အသက်အရွယ်ရလာချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာက လူကြီးတွေမှာ အထီးကျန်ဆန်မှုကို အတိုင်းအတာ တစ်ခုလောက်အထိ လျှော့ချပေးနိုင်ပါတယ်။ အသက်ရလာလေလေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် နည်းလာပြီး ကင်းကွာလာလေလေ ဖြစ်နိုင်တာကြောင့် ဖေဖေမေမေတို့ကို အထီးမကျန်စေချင်ဘူးဆိုရင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး ရှိအောင် ဂရုစိုက်ပါ။

    • ဝါသနာ အသစ်တစ်ခုခု ဖန်တီးပါ

    အနားယူပြီးချိန်မှာ လူကြီးတွေအနေနဲ့ တက်တက်ကြွကြွနေဖို့က အတော်လေး အရေးကြီးပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေ ရှိကြပါတယ်။ ဒီလို စိတ်ကူးတွေ ရှိနေမှလည်း နေ့စဉ်ဘဝမှာ စိတ်တက်ကြွမှုတွေ ရရှိမှာပါ။ ဒါကြောင့် ဖေဖေမေမေတို့ကို ဝါသနာပါရာ တစ်ခုခုကို ပေးလုပ်တာ၊ ဝါသနာအသစ် တစ်ခုခုကို ဖန်တီးတာမျိုး လုပ်ပေးပါ။ စိတ်သက်တောင့်သက်သာဖြစ်စေမယ့် ဝါသနာ တစ်ရပ်ရပ်ကို ဖန်တီးပေးတာကလည်း နည်းလမ်းကောင်းပါ။

    • အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကောင်မွေးပေးထားပါ

    ဖေဖေမေမေတို့နဲ့ လိုက်ဖက်ညီမယ့် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကောင်မွေးပေးထားတာက ဖေဖေမေမေတို့ကို အလုပ်များစေပြီး စိတ်ပျော်ရွှင်မှုကိုလည်း ရရှိစေမှာပါ။ လူတွေနဲ့ တိရစ္ဆာန်တို့ကြားက ချစ်ခြင်းမေတ္တာက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသလို စိတ်ဖိစီးမှုကို လျှော့ချနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း ရရှိစေနိုင်ပါတယ်။

    အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေ အနေနဲ့ကတော့ သွေးတိုးကျတာ၊ အထီးကျန်မဆန်တာ၊ လူမှုဆက်ဆံရေး ပိုကောင်းစေတာလိုမျိုး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement