ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။  အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

ဦးဦးဒေါ်ဒေါ်တွေ အလွယ်ကူဆုံး ကိုယ်အလေးချိန်လျှော့ချနိုင်မယ့် နည်းလမ်းများ

လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ ကိုယ်အလေးချိန်တွေကို ထိန်းသိမ်းဖို့ ပိုမိုခက်ခဲလာကြပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ရဲ့ အလေးချိန်နဲ့ ဝဖြိုးလာမှုတွေကို ထိန်းချုပ်ရတာဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်။ အခုတစ်ခေါက်တော့ ဦးဦးဒေါ်ဒေါ်တွေ အလွယ်ကူဆုံး ကိုယ်အလေးချိန်လျှော့ချနိုင်မယ့် နည်းလမ်းများ အကြောင်းကို ပြောပြပေးသွားပါမယ်။ အသက် ၅၀ ကျော်လာချိန်တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထတွေ၊ လူနေမှုပုံစံတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာတာတွေနဲ့ မှားယွင်းတဲ့ စားသောက်မှုတွေကြောင့် သာမက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုတွေကြောင့်လည်း ကိုယ်အလေးချိန် သိသိသာသာ တိုးလာနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်နဲ့တော့ သင်ဟာ ကိုယ်အလေးချိန်ချလို့မရဘူး၊ အဆီပိုတွေကို မဖယ်ရှားနိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ အသက်အရွယ်ကြီးရင့်နေသူတွေအနေနဲ့လည်း ရိုးရှင်းတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ကိုယ်နဲ့ သင့်လျော်တဲ့ အခြေအနေမှာပဲ ရှိနေအောင် ထိန်းညှိလို့ရနိုင်ပါတယ်။ ဦးဦးဒေါ်ဒေါ်တွေ အလွယ်ကူဆုံး ကိုယ်အလေးချိန်လျှော့ချနိုင်မယ့် နည်းလမ်းများ အောက်မှာဖော်ပြထားတဲ့ ရိုးရှင်းလွယ်ကူတဲ့ […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့

သားအချစ် မြေးအနှစ်ဆိုတဲ့ စကားလည်းရှိတယ်မဟုတ်လား။ ဘိုးဘိုးဘွားဘွားတွေဟာ မြေးတွေ၊ မြစ်တွေနဲ့ သိုက်သိုက်ဝန်းဝန်းနေထိုင်ရတာကို ပျော်ကြ၊ ရွှင်ကြ၊ နှစ်သက်ကြပါတယ်။ ချစ်စဖွယ် မြေးလေးတွေရဲ့ တီတီတာတာ ချွဲတာနွဲ့တာလေးတွေကမှ သူတို့ရဲ့ နှလုံးအိမ်ကို ပီတိဖြာဝေပြီး ချမ်းမြေ့စေတယ်မဟုတ်လား။ မြေးထိန်းတဲ့ ဘိုးဘိုးဘွားဘွားတွေဟာ အသက်ပိုရှည်တယ်တဲ့ ဘိုးဘိုးဘွားဘွားတွေကတော့ မြေးတွေ မြစ်တွေကို ထိမ်းသိမ်းစောင့်ရှောက်ရတာကို မမောနိုင် မပမ်းနိုင် စိတ်ကျေနပ်ဖွယ် တာဝန်ဝတ္တရားတစ်ခုအဖြစ် မှတ်ယူထားတတ်ကြတာမျိုးပါ။ ဒါပေမယ့်လည်း သားတွေ၊ သမီးတွေနဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကတော့ ခုလို လူမမယ် သားသား၊ မီးမီးလေးတွေကို ထိန်းကျောင်းရတာဟာ သူတို့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်စေမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တမ်းအားဖြင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ ဘိုးဘိုးဘွားဘွားတွေ ကလေးထိန်းတာ၊ ပြုစုစောင့်ရှောက်တာတွေလုပ်နေမယ်ဆိုရင် သူတို့တွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေလိမ့်မယ်လို့ ယုံကြည်ခဲ့ကြဖူးပါတယ်။ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

“အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့

ငယ်ငယ်ကတော့ အားကိုးတကြီး တွဲခိုခဲ့တဲ့ လက်ကလေးတွေပါ။ အခုကျမှ ဖိစီးမှုတွေ၊ ရုန်းကန်ရတာတွေ၊ ဘဝရဲ့ပြဿနာတွေကို အကြောင်းပြုပြီး ဒီလက်ကလေးတွေကို ပစ်ပယ်မိနေပြီလား။ မိဘတွေ ကို “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ ...... “နေပါဦး အမေရာ၊ ဒီမှာစိတ်ရှုပ်ရတဲ့ကြားထဲ” ၊ “အမေတို့ ဘာမှမသိပါဘူး”၊ “အမေတို့တုန်းကနဲ့ မတူတော့ဘူး”၊ “ဘာမှလည်းမသိဘဲနဲ့”၊ “ဒါလေးတောင် မသိဘူးလား” ဆိုတဲ့စကားတွေ။ “အဖေ လုပ်လို့မဖြစ်ပါဘူး၊ ဖယ်… ကျွန်တော့ဘာသာလုပ်မယ်” ၊ “အဖေတို့ အေးအေးဆေးဆေးသာနေပါ၊ လူငယ်တွေကိစ္စ ဝင်မပါပါနဲ့” ဆိုတဲ့ စကားတွေ ပြောမိဖူးလား။ ဒီစကားတွေဟာ ကိုယ်ငယ်စဉ်က ထွေးပိုက်ပေးခဲ့ကြတဲ့ မိဘတွေရဲ့ရင်ကို ထိုးဆွနေတဲ့ သံချက်တွေပါပဲ။ “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ “အိုပယ်”အဖြစ်နဲ့ လူပိုတစ်ယောက်လိုခံစားရအောင် မလုပ်မိပါစေနဲ့ ဘာတွေကို သတိထားရမလဲဆိုတော့ လူကြီးတွေမှာ အဖြစ်များတဲ့ စိတ်ကျဝေဒနာ လူကြီးတွေမှာ စိတ်ဓာတ်ကျလာတဲ့အခါ လုပ်ဆောင်နိုင်စွမ်းတွေ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင်

ရာသီဥတုက အအေးပိုလာတဲ့အခါ ကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်လာပါတယ်။ စိုထိုင်းအေးစိမ့်တဲ့ရာသီမှာ ရောဂါပိုးတွေ ပိုပျော်ကြတယ်မဟုတ်လား။ ရာသီဥတုပိုအေးလာတယ်ဆို လူငယ်တွေတောင် နှာလေးတရွှတ်ရွှတ်၊ ချောင်းလေးတဟွတ်ဟွတ် ဖြစ်တတ်ကြတာ၊ အသက်ကြီးတဲ့သူတွေဆို ပိုပြီးထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင် နည်းလမ်းကောင်းလေးတွေကို အတူတူ ကြည့်လိုက်စို့နော်။ အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေး ကို ပိုဂရုစိုက်ပေးရအောင် လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးလေးတွေလိုပဲ ကိုယ်ခံအားနည်းလာသလို ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလည်း ခံနိုင်ရည်နည်းလာပါတယ်။ အမြဲကျန်းမာနေဖို့က အစာအာဟာရပြည့်ဝအောင်စား၊ သန်မာအောင် လှုပ်ရှားပေးပြီး ကျန်းမာရေး လိုက်စားနေဖို့လိုပါတယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်မှုက အဓိကအရေးကြီးတယ်ဆိုတာ သတိမမေ့သင့်ပါဘူး။ ဘယ်လို အန္တရာယ်တွေ ရှိလာနိုင်လဲ အသက်ကြီးသူတွေမှာ အအေးဒဏ်ကို မခံနိုင်ဘဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ အများအားဖြင့် - ခန္ဓာကိုယ်အပူချိန်အလွန်အမင်းကျဆင်းခြင်း (ကိုယ်ငွေ့မရှိဘဲ အေးစက်လာတာ) […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု

ဘယ်လောက်ပဲ ကျန်းမာနေပါစေ လူကြီးမိဘ တွေရဲ့အရွယ်ဆိုတာ လူငယ်တွေထက် ခံနိုင်ရည်အားနည်းတတ်တာ သဘာဝတရားတစ်ခုပါပဲ။ လူကြီးလူငယ်မရွေး နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ မကင်းကြတဲ့ ဒီခေတ်မှာ နဂိုရောဂါအခံရှိနေတဲ့လူကြီးတွေဆို ပိုလို့တောင် ဆိုးရောပေါ့။ ရာသီဥတုက ရုတ်တရက် အအေးပိုလာတဲ့အခါမျိုးဆို လူကြီးတွေရဲ့ ခန္ဓာကိုယ်အပူချိန်လည်း ကျဆင်းလွယ်တတ်လို့ ပိုပြီးသတိထားရပါတယ်။ ပူလွန်းလည်းမခံနိုင်၊ အေးလွန်းလည်းမရ၊ အပူနဲ့အအေး ရာသီဥတုအပြောင်းအလဲတွေမှာ ရှော့ခ်ရှိတတ်တာ ကလေးလေးတွေအတိုင်းပါပဲ။ ဒီတစ်ခေါက်တော့ အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု အခုလို အအေးပိုလာတဲ့အချိန် လူကြီးတွေမှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိလို့ ကြိုတင်ကာကွယ်၊ စောင့်ရှောက်ပေးရမှာ လူငယ်တွေရဲ့တာဝန်ပါ။ အဲဒီထဲကမှ အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ

အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက် ကျန်းမာရေးရှုထောင့်၊ အလှအပနဲ့ ကိုယ်အလေးချိန်ရှုထောင့်ကနေ သင့်တော်မယ့် လေ့ကျင့်ခန်းတွေကို ပြောပြပြီးပြီဆိုတော့ ဒီဆောင်းပါးမှာ ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးမှာဖြစ်ပါတယ်။ အလှအပအတွက် အဓိကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ပြောပြပေးမှာဖြစ်ပြီး အရမ်းလည်းမပင်ပန်းဘဲ ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေကိုသာ ဦးစားပေးပြောသွားမှာပါ။ ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့ လူကြီးမိဘတွေကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေစေချင်တယ်ဆိုရင် ခုပြောပြမယ့် လေ့ကျင့်ခန်းတွေကို လုပ်ခိုင်းဖို့ သေချာလေး တိုက်တွန်းကြည့်ပါနော်။ ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ ဘိုးဘိုးဘွားဘွားတို့အတွက် သင့်လျော်မယ့် လေ့ကျင့်ခန်းများ ကတော့ ၁။ လမ်းလျှောက်ပါ။ အားလည်းမကုန်သလို အချိန်လည်းသိပ်ပေးစရာမလိုဘဲ အသက်အရွယ်တိုင်းအတွက် အဆင်ပြေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေ မနက်ပိုင်း စောစောထတတ်ရင် ရေသောက်၊ မျက်နှာသစ်ပြီးတာနဲ့ ကိုယ့်အိမ်နားမှာ ၁၀မိနစ်ကနေ မိနစ် ၂၀လောက်ထိ ဖြည်းဖြည်းချင်း လမ်းလျှောက်လို့ရပါတယ်။ လမ်းလျှောက်ရင်းနဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင် […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း

အရွယ်ရလာတဲ့ ဖိုးဖိုးဖွားဖွားတွေ နဲ့ စိတ်ဓာတ်ကျမှုက မကင်းကွာနိုင်တဲ့အချက်တစ်ခုပါ။ အသက်ကြီးလာလေလေ အထီးကျန် လာလေလေဖြစ်ပြီး စိတ်ဓာတ်ကျမှုက အလိုလိုဝင်လာတတ်ပါတယ်။ ဒီတော့ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျမှုကို သက်သာလျော့ပါးစေနိုင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့… ရေနွေးကြမ်း တိုက်တာပါ။ ဖိုးဖိုးဖွားဖွားတွေကို စိတ်ဓာတ်ကျစေနိုင်တဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲ….. ဖိုးဖိုးဖွားဖွားတွေဟာ အရွယ်ရလာချိန်မှာ • မျိုးရိုးရှိတာကြောင့် • လူမှုစီးပွား အခြေအနေတွေကြောင့် • လူမှုဆက်ဆံရေး အခြေအနေကြောင့် • ဘဝနေထိုင်မှုပုံစံကြောင့် • မိသားစုအခြေအနေကြောင့် စတဲ့အချက်တွေကြောင့် စိတ်ဓာတ်ကျမှုကို ခံစားကြရပါတယ်။ ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း စင်ကာပူအမျိုးသားတက္ကသိုလ် နဲ့ ရှန်ဟိုင်းအခြေစိုက် Fudan တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ နေ့တိုင်း ရေနွေးကြမ်းသောက်တတ်တဲ့ ဖိုးဖိုးဖွားဖွားတွေက အခြားသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သိသိသာသာ လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ရေနွေးကြမ်း သောက်တာက စိတ်ကျန်းမာရေးကို ကောင်းစေနိုင်သလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ရေနွေးကြမ်းက အသက်ရလာသူတော်တော်များများ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

လူကြီးတွေ ဘာတွေ ခံစားနေရလဲဆိုတာ သင်သိပါသလား

ကမ္ဘာ့ လူဦးရေမှာ အသက်ကြီးတဲ့လူတွေ ပိုများလာတာကြောင့် လူဦးရေရဲ့ ၁၃%က အခုဆို အသက် ၆၅နှစ်ကျော်နေပါပြီ။ ဒါကြောင့်ပဲ အိမ်တိုင်း လိုလိုမှာ သက်ကြီးပိုင်း တစ်ဦးတော့ အနည်းဆုံးရှိနေတတ်တာပါ။ သက်ငယ်ပိုင်း၊ သက်လတ်ပိုင်းတွေနဲ့ အတူနေထိုင်ရတဲ့ သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးပြဿနာအပြင် တခြား ဆက်ဆံရေး ပြဿနာတွေကိုပါ ရင်ဆိုင်ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူတို့ဘယ်လို ခံစားနေရတယ်။ ဘယ်လိုဖေးမပေးနိုင်မယ်ဆိုတာ ပြောပြပေးဖို့ သည်ဆောင်းပါးကို ရေးပါတယ်။ ကိုယ့်မှာ မေမေ့ အစ်မ ကြီးကြီး ရော မေမေ နဲ့ပါဆို ခြောက်ဆယ်ကျော် လူကြီး နှစ်ယောက်ရှိပါတယ်။ သူတို့ကို ကြည့်ပြီး လိုတာအမြဲစောင့်ကြည့်လုပ်ကိုင်ပေးနေရတာမို့ သူတို့ ဘယ်လိုခံစားရပြီး ဘာလိုတယ်ဆိုတာ သိနေနိုင်တာပါ။ ကိုယ့်အလုပ်က အိမ်ကပ်လို့ရတဲ့ အလုပ်ဖြစ်တာကြောင့်လည်းပါပါတယ်။ တကယ်တမ်း အလုပ်များတဲ့သူတွေ၊ အိမ်သိပ်မကပ်တဲ့သူတွေ အနေနဲ့ လူကြီးတွေနဲ့ […]


အဖြစ်များသော လူကြီးရောဂါများ

ဖွားဖွားတို့အရွယ် မျက်စိမှုန်တတ်တဲ့ သဘာဝတရား

Age-related maculopathy ဆိုတာဘာလဲ Age-related maculopathy ဆိုတာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဖြစ်လာတဲ့အမြင်အာရုံဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီးမြင်ကွင်းရဲ့အလယ်မှာ မှုန်ဝါးလာတာ ဒါမှမဟုတ် မမြင်ရတော့တာဖြစ်ပါတယ်။ စစချင်းမှာ လက္ခဏာမသိသာပေမယ့် ကြာလာတဲ့အခါ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးမှာ အမြင်မှုန်ဝါးမှုပိုဆိုးလာစေပါတယ်။ လုံးဝမျက်စိကွယ်သွားတာမျိုးမဟုတ်ပေမယ့်မြင်ကွင်းအလယ်မှာ မှုန်ဝါးနေခြင်းက မျက်နှာတွေမခွဲခြားနိုင်တော့တာ၊ ကားမောင်းရ၊စာဖတ်ရအဆင်မပြေတော့တာလိုမျိုးနေ့စဉ်ဘဝလုပ်ဆောင်ချက်တွေမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ လက္ခဏာများ မြင်ကွင်းရဲ့တချို့တစ်ဝက်မှာ မှုန်ဝါးဝါးနဲ့ ကွက်ပြီးမမြင်ရတာတွေဖြစ်လာတယ်။ အိမ်ထဲမှာပဲ တချို့နေရာလေးတွေကိုသေချာမမြင်ရတာ၊ ကားမောင်းတဲ့အခါ လမ်းပေါ်ကအမှတ်အသားတွေကိုမြင်ဖို့အခက်တွေ့လာတာကနေ စပြီးသတိထားမိကြပါတယ်။ မျက်လုံးကို အလင်းရောင်ထိုးပြီးတဲ့အခါတော်တော်ကြာမှ သဲသဲကွဲကွဲပြန်မြင်ရတယ်။ တဖြည်းဖြည်း အမြင်အာရုံမှုန်ဝါးလာတယ်။ တစ်ခါတစ်ရံ အမြင်အာရုံဆုံးရှုံးဖို့ မြန်မြန်ဆန်ဆန်အစပျိုးတဲ့အခါမှ လက္ခဏာသတိထားမိကြတာတွေရှိပါတယ်။ အရောင်တွေ ခွဲခြားမြင်နိုင်ဖို့ ခက်ခဲလာပါတယ်။ ဘယ်အချက်တွေကြောင့်ဖြစ်နိုင်လဲ အသက်အရွယ်ကြီးတဲ့သူတွေ အထူးသဖြင့် အသက် ၅၀ အထက်၊ မျိုးရိုးဗီဇ ဆေးလိပ်သောက်ခြင်း (အပေါ်က နှစ်ချက်ပြီးရင် ဆေးလိပ်သောက်ခြင်းကလည်း သိသာတဲ့အန္တရာယ်အချက်ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ပုံမှန်လူထက် […]


အဖြစ်များသော လူကြီးရောဂါများ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ ..... ပင်စင်စားတစ်ဦးဖြစ်သည့် ကိုမြင့်အောင်က လွန်ခဲ့သည့် ၄ နှစ်ခန့်က သူခံစားခဲ့ရသော ကျန်းမာရေးပြဿနာအကြောင်းပြောပြနေသည်။ လူငယ်ဘဝတုန်းကတော့ အလုပ်ကောင်းကောင်းလုပ်နိုင်သလို အနားယူချိန်မှာလည်း အားရပါးရအိပ်စက်ခဲ့သော်လည်း အသက် ၆၀ နားကပ်လာချိန်ဝယ် အရင်လို လှဲလိုက်တာနဲ့ တုံးခနဲအိပ်မပျော်တော့။ ညစဉ်ညစဉ်အိပ်ပျော်ဖို့ ခက်ခဲစွာကြိုးစားရသလို အိပ်ရာမှနိုးလာလျှင်လည်း ခေါင်းကငြီးစီစီဖြစ်သည့် ဝေဒနာကို လနဲ့ချီ၍ ခံစားခဲ့ရသည်။ သို့နှင့် နောက်ဆုံးမခံစားနိုင်တော့ ဆရာဝန်ဆီသွားရောက် ပြသဖြစ်ခဲ့သည်။ “ကျွန်တော်က အရင်တကည်းက အနည်းဆုံးတစ်ရက် ၈ နာရီလောက်အိပ်တဲ့သူဗျ။ နေ့လယ်နေ့ခင်းဆိုလည်း တစ်မှေးလောက်မှေးသေးတာ၊ အဲ့ဒီလိုကောင်းကောင်းအိပ်မပျော်တဲ့ဝေဒနာကတော့ အတော်ဆိုးပါတယ်ဗျာ” ဟု ကိုမြင့်အောင်ပြန်လည်ပြောပြသည်။ ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ “ဆရာဝန်ဆီရောက်တော့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ရတယ်၊ နောက်ပြီး ကျွန်တော်က အိပ်ရင်ဟောက်သံအရမ်းကျယ်တာကိုလည်း ပြောပြတော့ အိပ်နေတုန်းအသက်ရှုပိတ်သွားတတ်တဲ့ ရောဂါလို့ ယူဆပြီး ကျွန်တော့်ကို CPAP ဆိုလား…အဲ့ဒီ့စက်တပ်ပြီး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်