backup og meta

တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက်

    မိုးကတော်တော်လေး ခပ်စိတ်စိတ် ရွာလာချိန်မှာ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ တုပ်ကွေးပါ။ တုပ်ကွေးက အသက်အရွယ် မရွေးမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် အသက်အရွယ်ရလာတာကြောင့် ကိုယ်ခံအား နည်းလာပြီ ဖြစ်တဲ့  ဘိုးဘိုးဘွားဘွားတွေနဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အခုတစ်ခေါက်မှာတော့ ချစ်ရတဲ့ ဘိုးဘိုးဘွားဘွားတွေကို တုပ်ကွေးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ဘယ်လိုလေးများ ပြင်ဆင်ကျွေးမွေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီတော့ တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက် က ဘာတွေ ဖြစ်မလဲဆိုတာကို အတူလိုက်ပါ ကြည့်ရှုပေးပါဦးနော်။

    တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက်

    တုပ်ကွေးကို အကောင်းဆုံး ကာကွယ်ဖို့က ကိုယ်ခံအား ကောင်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ဆိုရာမှာလည်း အာဟာရ ပြည့်ဝမှုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်ခံအား ပြည့်ဝနေစေဖို့ တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက် ကတော့

    ကြက်စွပ်ပြုတ်

    ကြက်စွပ်ပြုတ်က ဖျားနာမှုကို သက်သာစေသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် အခုလို တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ ကိုယ်ခံအား ပြည့်ဝစေဖို့ဆိုရင် ကြက်စွပ်ပြုတ်က  အကောင်းဆုံးပါ။ ဘယ်လို ပြင်ဆင် ချက်ပြုတ်ပေးရမလဲ ဆိုတော့

    ပါဝင်စ္စည်းတွေ

    အသီးအရွက်စုံ ကြက်သားစွပ်ပြုတ် လုပ်ဖို့ လိုအပ်မှာတွေကတော့

  • ကြက်ပေါင်ခြမ်း တစ်ခြမ်း
  • မုန်လာဥနီ အရွယ်တော် ၁ လုံး
  • မုန်လာဥဖြူ အရွယ်တော် ၁ လုံး
  • ပြောင်းဖူး (သကြားပြောင်း) အရွယ်တော် ၁ ဖူး
  • ငုံးဥ ၅ လုံး
  • မုန်ညှင်းစိမ်း ၂ ဆုံ
  • ဆား အနည်းငယ်
  • ကြက်သွန်ဖြူ ၃ မြွှာ
  • ချင်း လက်တစ်ဆစ်စာ
  • ငရုတ်ကောင်း လက်ဖက်စားဇွန်း တဝက်စာ
  • အာလူး ခပ်ရွယ်ရွယ် တစ်လုံးတို့ပါ။ 
  • ဘယ်လို လုပ်ရမလဲ

    အရင်ဆုံးလုပ်ရမှာက ကြက်ပေါင်ခြမ်းကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင် ကြက်သားကို မွှန်းလိုက်ပါ။ ပြီးရင်တော့ ဆားနည်းနည်းနဲ့ နယ်ပြီး နှပ်ထားလိုက်ပါ။ ပဲငံပြာရည် အကြည်လေး သုံးချင်ရင်လည်း ရပါတယ်။

    ကြက်သားကို ဆားလေးနယ်ပြီး နှပ်ထားချိန်မှာ ကြက်သွန်ဖြူနဲ့ချင်းကို အခွံနွှာလို့ ညက်အောင် ထောင်းပါ။ ငရုတ်ကောင်းအစေ့သုံးမယ်ဆိုရင် ငရုတ်ကောင်း အစေ့ကိုပါ တစ်ပါတည်း ထောင်းပေးပါ။ ပြီးရင်တော့ နှပ်ထားတဲ့ ကြက်သားထဲကို ထည့်ပြီး ထပ်နယ်ပေးပါ။ ပြီးရင် နှပ်ထားလိုက်ပါ။

    ဒီအချိန်မှာ မုန်လာဥနီ နဲ့ မုန်လာဥဖြူကို အခွံသင်ပါ။ ပြောင်းဖူးကိုတော့ အပေါ်ခွံနွှာထားလိုက်ပါ။ ပြီးရင် ရေစင်အောင်ဆေးလို့ အရွယ်တော်လေးတွေ တုံးပါ။ အားလူးကိုတော့ အခွံကို ရေစင်အောင် ဆေးလို့ တစ်လုံးစာကို ၄ ပိုင်း ပိုင်းပေးပါ။ အခွံမသင်ပါဘူး။ 

    ပြီးသွားပြီဆိုရင် နှပ်ထားတဲ့ ကြက်သားရယ် တုံးပြီးတဲ့ အသီးအရွက်တွေကို စွပ်ပြုတ်ချက်မယ့် အိုးသန့်သန့် တစ်ခုထဲကို ထည့်ပါ။ ဆားနည်းနည်း ထည့်ပါ။ ပြီးရင် ရေကို အသားမြုပ်တဲ့အထိ ထည့်ပြီး မီးဖိုပေါ်မှာ အဖုံးလေး အုပ်လို့ တင်ထားရုံပါ။ နာရီဝက်လောက်ကြာပြီဆိုရင် အဖုံးဖွင့်ကြည့်ပြီး ရေလိုရင် နည်းနည်း ထည့်ပါ။ ဒီလိုနဲ့ ၁ နာရီခွဲလောက် ရေလိုရင် ထည့်ရင်း ချက်ပေးပါ။

    စွပ်ပြုတ် ချက်နေတုန်းမှာ မုန်ညှင်းလေးတွေကို အရွယ်တော်လေးတွေ ပြင်ဆင်ထားပါ။ အိုးကဆူပြီ အသားကလည်း ကျက်ပြီ။ အရသာကလည်း အိုကေပြီဆိုရင်တော့ အရွက်လေး ထည့်လို့ အရွက်နူးပြီဆိုရင် သုံးဆောင်လို့ ရပါပြီ။

    အသီးအရွက်တွေ စုံလင်တာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ရော အစာခြေစနစ် ကျန်းမာစေဖို့ရော ထောက်ကူပေးမှာ ဖြစ်သလို ကစီဓာတ်ပါဝင်နေတာကြောင့် အင်အားပြည့်ဝစေမှာပါ။ ထမင်းနဲ့ တွဲဖက်စားလို့ ရသလို ထမင်း မစားချင်ဘူးဆိုရင်လည်း ဒီစွပ်ပြုတ်နဲ့ ကြက်သား၊ အသီးအရွက်တွေကို စားပေးနိုင်ပါတယ်။

    ကြက်သားက ပရိုတင်းပြည့်ဝစွာ ရရှိတာက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာ ဖြစ်သလို ဖေဖေမေမေတို့ အရိုးတွေ သန်မာစေဖို့ရော ကြွက်သားတွေကို သန်မာစေဖို့ပါ အားဖြည့်ပေးနိုင်မှာပါ။ 

    မုန်လာဥဖြူမှာ ဗီတာမင် A ပါဝင်နေတာက အမြင်အာရုံကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို မုန်လာဥဖြူ ကလည်း ကိုယ်ခံအား ကောင်းစေဖို့ရော နွေရာသီမှာ ကိုယ်တွင်းအပူချိန်ကိုပါ ထိန်းညှိပေးနိုင် တာကြောင့် ခန္ဓာကိုယ် အပူချိန် မြင့်တက်တာကို ကာကွယ်နိုင်မှာပါ။

    အာဟာရပြည့်ပြည့်ဝဝ ရစေဖို့ ကြက်စွပ်ပြုတ်ကို အရည်ပဲ မသောက်ပါနဲ့။ အသားပါ စားပေးပါ။ အသီးအရွက်တွေပါ ထည့်ထားတယ်ဆိုရင် ဒါတွေပါ စားပေးပါ။ အရည်ချည်းသက်သက်က အာဟာရဖြစ်မှာ မဟုတ်ပါဘူး။

    အချိန်လေး ပေးရတယ်ဆိုပေမယ့် အာဟာရပြည့်ဝပြီး ခံတွင်းတွေ့စေမှာ ဖြစ်တာကြောင့် ပြင်ဆင်ပေးနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement