backup og meta

နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုးနဲ့ ဂရုစိုက်နည်း

နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုးနဲ့ ဂရုစိုက်နည်း

တစ်နေ့ထက် တစ်နေ့ပူပြင်းလာတဲ့ နွေရာသီရဲ့ အပူဒဏ်ကို လူတိုင်းလိုလို အလူးအလဲ ခံကြရပါတယ်။ ဒီလို အလူးအလဲခံရတဲ့အထဲမှာ  ကလေးတွေနဲ့ လူကြီးတွေက ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ ဒီတော့ နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုတွေ ဂရုစိုက်ပေးလို့ ရမလဲဆိုတာကို ဝေမျှပေးသွားပါမယ်။

နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုးနဲ့ ဂရုစိုက်နည်း

အရင်ဆုံး နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုး အကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ အရမ်းပူတဲ့ နွေရာသီမှာ လူကြီးမိဘတွေမှာ အခုလို ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

  • အပူလျှပ်တာ

နွေရာသီမှာ လူကြီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ​နွေရာသီမှာ အပူချိန် မြင့်တာ၊ စိုထိုင်းဆ များတာတွေကြောင့် နွေရာသီမှာ ကိုယ်တွင်းရေဓာတ် ခမ်းခြောက်တာ၊ ကိုယ်တွင်းအပူချိန် မြင့်တက်တာတွေကြောင့် အပူလျှပ်တာကို ဖြစ်စေနိုင်ပါတယ်။ အပူလျှပ်တာက အချိန်မီမကုသဘူးဆိုရင်တော့ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ပြင်းထန်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

  • ကြွက်တက်တာ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ သာမန်အချိန်မှာဆိုရင် မသိသာပေမယ့် နွေရာသီမှာဆိုရင် နဂိုပူနေတာက ပိုဆိုးနိုင်ပါတယ်။ အပူချိန် မြင့်တက်လာပြီဆိုရင် ကိုယ်တွင်းမှာ ရေနဲ့ ဆားဓာတ်တွေ ဆုံးရှုံးလာပါတယ်။ အထူးသဖြင့် ကြွက်သားတွေ ကျုံ့ဆန့်ဖို့ လိုအပ်တဲ့ ဆားဓာတ်တွေ ဆုံးရှုံးတဲ့အခါ ကြွက်တက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ တတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် မလုပ်မိဖို့ လိုပါတယ်။

  • ရေဓာတ်ခမ်းတာ

နွေရာသီမှာ လူကြီးမိဘတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ နောက်တစ်ခုကတော့ ရေဓာတ်ခမ်းတာပါ။ ရေဓာတ်ခမ်းတာက နွေပူနေချိန်မှာ ချွေးထွက်များတာ၊ ရေဓာတ်ပြည့်ဝအောင် မသောက်မိတာတွေကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ခမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ ရေဓာတ်ခမ်းတာက မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

  • ခြေကုန်လက်ပမ်းကျတာ

နွေပူပြင်းတာက ချွေးထွက်များပြီး ကိုယ်တွင်းကနေ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတာကြောင့် ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ ပြင်းထန်တဲ့ အပူချိန်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မိတာက ကိုယ်တွင်းအပူချိန်ကို ထိန်းညှိရာမှာ အနှောင့်အယှက် ဖြစ်စေပြီး ကိုယ်အပူချိန်ကို မြင့်တက်တာကြောင့် ခြေကုန်လက်ပမ်းကျတာကို ဖြစ်စေပါတယ်။ ဒီအခြေအနေကို သေချာ မထိန်းသိမ်းဖြစ်ဘူးဆိုရင်တော့ အပူလျှပ်တာကို ဖြစ်စေနိုင်ပါတယ်။

  • ခေါင်းကိုက်တာ

နွေပူနေချိန်မှာ ခေါင်းကိုက်တာကလည်း အဖြစ်များပါတယ်။ အပူချိန် ပြင်းတာ၊ ရေဓာတ်နည်းတာတွေက ခေါင်းကိုက်တာကို ဖြစ်စေဖို့ တွန်းအားပေးနေတာပါ။ နဂိုခေါင်းကိုက် ရောဂါအခံ တစ်ခုခုရှိမယ်ဆိုရင်လည်း  ခေါင်းကိုက်တာက ပိုဆိုးတတ်ပါတယ်။

အခုဆိုရင် နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို သိပြီးသွားပြီဆိုတော့ ဘယ်လိုဂရုစိုက်ရမလဲဆိုတာက ဆက်ပြောပြပေးမယ်နော်။

ဘယ်လို ဂရုစိုက်မလဲ

  • ရေဓာတ်ပြည့်ဝစေဖို့ ဂရုစိုက်မယ်

နွေရာသီမှာ ရေဓာတ်ပြည့်ဝစေဖို့က အရေးအကြီးဆုံး အချက်တစ်ခုပါ။ ဒါကြောင့် နွေရာသီမှာ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ရပါမယ်။ ရေဓာတ်ပြည့်ဝစေဖို့ဆိုရင် ရေတိုက်လို့ ရပါတယ်။ နောက်တစ်မျိုး အနေနဲ့ ဓာတ်ဆားရည်၊ သဘာဝ အသီးဖျော်ရည်တွေ၊ အုန်းစိမ်းရည်တွေ တိုက်ပေးလို့ ရပါတယ်။ ဒီလို တိုက်ပေးတာက နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်ပေးနိုင်ရာရောက်သလို ဓာတ်ဆားဓာတ်တွေကိုပါ ဖြည့်ပေးနိုင်မှာပါ။

  • အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးပါ

အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာကလည်း ဖေဖေမေမေတို့ကို နွေရာသီမှာ ကျန်းမာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီလို ပြင်ဆင်ပေးတဲ့အခါမှာ အရည်ရွှမ်းတဲ့ သစ်သီးလေးတွေ၊ စွပ်ပြုတ်၊ ဆန်ပြုတ်စတာတွေ ပြင်ဆင်ပေးလို့ ရသလို သစ်သီးဖျော်ရည်တွေ၊ ဓာတ်ဆားရည်တွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။ ဟင်းသီးဟင်းရွက်လေးတွေ ပါအောင် ပြင်ဆင်ပေးဖို့လည်း မမေ့ပါနဲ့။

  • အပူချိန် ပြင်းနေချိန်မှာ အပြင်ထွက်တာမျိုး မလုပ်ပါစေနဲ့

နေပူချိန်နဲ့ တိုက်ရိုက် ထိတွေ့တာ ဖေဖေမေမေတို့ကို အပူဒဏ် ပြဿနာတွေ ခံစားရနိုင်ခြေ များစေသလို အပူလျှပ်တာလိုမျိုး အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ရနေပြီဖြစ်တဲ့ ဖေဖေမေမေတို့ကို မနက် ၁၀နာရီနဲ့ နေ့လယ် ၄နာရီကြား နေပူနေချိန်မှာ အပြင်ထွက်တာမျိုး၊ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပေးပါ။

  • လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ

နေပူနေချိန်မှာ အပူဒဏ်ကြောင့် ဖေဖေမေမေတို့ ထိခိုက်မှု ကင်းစေဖို့ဆိုရင် လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့ နေရာမှာ နေပါစေ။ ဒါမှ အပူဒဏ်ကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်တာ အပူလျှပ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးရာရောက်မှာပါ။ ဒါကြောင့် အိမ်ထဲမှာပဲ နေတယ်ဆိုရင်တောင် လူကြီးတွေကို လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့နေရာမှာ ထားပေးပါ။

  • ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ပေးပါ

နွေရာသီမှာ ခန္ဓာကိုယ်ကို အေးမြနေစေဖို့ဆိုရင်တော့ အကောင်းဆုံးက အရောင်ဖျော့ဖျော့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ဆင်ပေးတာက ချွေးစုပ်ပေးသလို ခန္ဓာကိုယ်ကို လေဝင်လေထွက်ကောင်းကောင်းနဲ့ အေးမြစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒီတော့ နွေပူနေချိန်မှာ ဖေဖေမေမေတို့ကို ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်စေဖို့ ဂရုစိုက်ပေးပါ။

ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင် ဖေဖေမေမေတို့ကို နွေအပူဒဏ်ကြောင့် ထိခိုက်မှု ကင်းစေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

10 Summer Safety Tips for Seniors https://www.doylestownhealth.org/blog/10-summer-safety-tips-for-seniors Accessed Date 30 March 2023

Summer Safety Tips for Elderly https://www.medindia.net/patients/lifestyleandwellness/summer-safety-tips-for-elderly.htm Accessed Date 30 March 2023

Heat-related health dangers for older adults soar during the summer  https://www.nih.gov/news-events/news-releases/heat-related-health-dangers-older-adults-soar-during-summer Accessed Date 30 March 2023

Heat and older people https://www.betterhealth.vic.gov.au/health/healthyliving/heat-stress-and-older-people Accessed Date 30 March 2023

The Effects of Heat on Older Adults https://hms.harvard.edu/magazine/aging/effects-heat-older-adults Accessed Date 30 March 2023

ယခုပုံစံ

08/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင်

မိဘတွေကို အဝေးကနေ ဘယ်လိုဂရုစိုက်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement