backup og meta

ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

    မကြာခင်မှာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ ဒီဝါကျွတ်မှာ အိမ်ပြန်ဖို့ မဖြစ်နိုင်တဲ့ အကြောင်းအရင်းလေးတွေ ရှိနေလို့ သီတင်းကျွတ်မှာ မေမေဖေဖေ ဖိုးဖိုးဖွားဖွားတွေကို ဘယ်လိုများ ကန်တော့ရမလဲဆိုပြီး တွေးရခက်နေပြီလား! ဒါဆိုရင်တော့ ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

    အလုပ်က ခွင့်မရလို့ပဲဖြစ်ဖြစ်၊ အလုပ် ခရီးသွားစရာ ရှိနေလို့ဖြစ်ဖြစ်၊ ပြည်ပတစ်နေရာမှာ ကျောင်းသွားတက် နေရတာ၊ အလုပ်သွားလုပ်နေရလိုမျိုး အကြောင်း အမျိုးမျိုးကြောင့် လူကြီးမိဘတွေနဲ့ အဝေးကို ရောက်နေပြီး သီတင်းကျွတ်ကာလမှာလည်း မိဘတွေဆီကို ပြန်ဖို့ မဖြစ်နိုင်တဲ့ သူလေးတွေကို ဘယ်လိုလေးတွေများ ဂါရဝ ပြုလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ဝါကျွတ်ချိန်ခါက မိသားစုတိုင်း မျှော်လင့်နေတဲ့ အခိုက်အတန့်ပါ

    ဝါကျွတ်ချိန်ခါ သီတင်းကျွတ်ဆိုတာက ရပ်နီးရပ်ဝေးက မိသားစုဆွေမျိုးတွေ အားလုံး စုံကြ၊ မုန့်တွေ လုပ်စားကြ၊ သီတင်းကျွတ် ဂါရဝပြုမှုတွေ လုပ်ကြတဲ့ အချိန်ပါ။ ဒီလိုကာလမှာ လက်ဆောင်တွေအပြင် လူကြီးမိဘတွေအပေါ်မှာ စိတ်ရောကိုယ်ပါ ဂါရဝပြုကြတဲ့ အချိန်ပေါ့။

    ဒီအချိန်က မိသားစုတွေကို တစ်ဦးနဲ့ တစ်ဦးကြား ရင်းနှီးမှုတွေကို ပိုတိုးစေတဲ့ အခိုက်အတန့်ဆိုလည်း မမှားပါဘူး။ ဒီတော့ ဝါကျွတ်ချိန်မှာ အဝေးရောက်နေပြီး လူကြီးမိဘတွေဆီကို မပြန်နိုင်ဘူးဆိုတာနဲ့ စိတ်ညစ်မနေပါနဲ့။ 

    ဝါကျွတ်ချိန်ကို လူက အနီးမှာ မရှိနိုင်ပေမယ့် တိုးတက်လာတဲ့ နည်းပညာတွေ ဆက်သွယ်ရေး စနစ်တွေကြောင့် အဝေးရောက်နေပေမယ့်လည်း လူကြီးမိဘတွေ ကြိုက်နှစ်သက်တဲ့ စားစရာတွေကို လက်ဆောင် ပို့ပေးလို့ ရသလို ကျန်းမာရေးအတွက် လိုအပ်နိုင်မယ့် အရာလေးတွေကိုလည်း လက်ဆောင်ပေးပို့လို့ ရပါသေးတယ်။

    ဝါကျွတ်ချီန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

    ဝါကျွတ်ချိန်ခါမှာ နေထိုင်ရာ ဇာတိမြေကို အကြောင်းအမျိုးမျိုးကြောင့် ပြန်မရောက်နိုင်တာနဲ့ လူကြီးမိဘတွေကို ဂါရဝပြုဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဝါကျွတ်ချိန်ခါ အိမ်မပြန်နိုင်သူလေးတို့အတွက် နည်းလမ်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။ 

    ဗီဒီယိုကောလေး ခေါ်ရင်း ကန်တော့ပေါ့ 

    အဝေးရောက်နေလို့ အိမ်ပြန်ဖို့ ခက်နေပေမယ့် လူကြီးတွေကို နည်းပညာလေးတွေ သုံးတတ်အောင် သင်ပေးပြီး သီတင်းကျွတ်ကာလမှာ မေမေဖေဖေ ဖိုးဖိုးဖွားဖွားတို့ကို ဗီဒီယိုကောလေး ခေါ်ပြီး စကားစမြည်လေးလည်း ပြော၊ လက်အုပ်လေးချီမိုးလို့လည်း ကန်တော့ပေါ့။

    လက်ဆောင်လေးတွေကို အွန်လိုင်းကနေ မှာပေးပေါ့

    လက်ဆောင်လေးတွေဆိုရာမှာ မိဘတွေ ကြိုက်တဲ့ အစားအစာလေးတွေ အသုံးအဆောင်လေးတွေကို အွန်လိုင်း ကနေ မှာပေးပြီး ငွေကိုလည်း pay တွေကနေ လွှဲပေးလို့ အိမ်လိပ်စာ မှန်မှန်လေး ပေးရင်း လပြည့်အမီလေး ဂါရဝ လက်ဆောင်လေးကို မီအောင်သာ ပို့လိုက်တော့နော်။

    ကျန်းမာရေး စောင့်ရှောက်မှုလေးတွေလည်း လက်ဆောင်ပေးလို့ ရပါသေးတယ်

    မိဘတွေက အသက်ကြီးနေပြီ ကျန်းမာရေးကလည်း အရင်လောက် ကောင်းချင်မှ ကောင်းတော့မှာပါ။ ကျန်းမာရေး ကောင်းနေတယ်ဆိုရင်တောင်မှ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုလေးတွေကို လုပ်ဆောင်ဖို့တော့ လိုမှာပါ။ ဒါကြောင့် မေမေဖေဖေတို့ကိုလည်း သီတင်းကျွတ် လက်ဆောင်အနေနဲ့ ကျန်းမာရေးစစ်ဆေးမှု ပက်ကေ့ချ်လေးတွေကို လက်ဆောင်ပေးလို့ ရပါတယ်။

    အလည်ခေါ်ပါ

    ကိုယ်က အိမ်ပြန်ဖို့ ခက်နေမယ် ဆိုရင်တောင် ကိုယ်ရောက်နေတဲ့ နေရာကို မေမေဖေဖေတို့ လာရောက် လည်ပတ်လို့ ရမယ် ဆိုရင်တော့ လာရောက် လည်ပတ်ဖို့ ခေါ်ပြီး ပိတ်ရက်လေးသာ ရမယ်ဆိုရင်တော့ မိဘတွေနဲ့အတူ လည်ပတ်တာမျိုးတွေ လုပ်ပေးပါ။

    အလှူအတန်းလုပ်နိုင်ဖို့ လိုအပ်တာတွေ လုပ်ဆောင်ပေးပါ

    သီတင်းကျွတ်ကာလမှာ မြန်မာလူမျိုးတွေက အလှူအတန်း လုပ်ကြပါတယ်။ ဒီလို အလှူအတန်းလုပ်ကြတဲ့အခါ စိတ်တိုင်းကျ လှူနိုင်တန်းနိုင်စေဖို့ ငွေကြေးကစလို့ လိုအပ်တဲ့အရာရာကို လိုလေးသေး မရှိရလေအောင် လုပ်ဆောင် ပေးတာကလည်း သီတင်းကျွတ်ကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းရာရောက်ပါတယ်။

    ဒီနည်းလမ်းလေးတွေနဲ့ ဝါကျွတ်ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement