အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ကျန်းမာရေး သတင်းများ

တကျော့ပြန်လာတဲ့ အိုမီခရွန်

လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာ ကိုဗစ်လူနာတွေ ပြန်လည်မြင့်တက်လာပါတယ်။ အဓိကကတော့ စတုတ္ထလှိုင်းမှာ တော်တော်များများကို ကူးခဲ့တဲ့ အိုမီခရွန်ပဲ ဖြစ်ပါတယ်။ တကျော့ပြန်လာတဲ့ အိုမီခရွန် အတွက် ဘာတွေများ ကြိုတင်ပြင်ဆင်ထားကြမလဲ။ တကျော့ပြန်လာတဲ့ အိုမီခရွန် ရဲ့ လက်ရှိအခြေအနေ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာလည်း လူနာတွေ ပြန်တွေ့လာရပါပြီ။ ဒေသတွင်းနိုင်ငံတွေမှာဆိုရင်လည်း ဘရူနိုင်းမှာ မတ်လနောက်ပိုင်းမှာ ဒီတစ်ခါ လူနာတွေ သိသိသာသာ များလာတယ်လို့ ဆိုပါတယ်။ စင်ကာပူမှာလည်း လွန်ခဲ့တဲ့ ၁၀ရက်အတွင်းမှာ ပိုးတွေ့လူနာတွေ များလာတယ်လို့ ပြောပါတယ်။ မကြာသေးခင်ကမှ ခရီးသွားတွေကို လက်ခံခဲ့တဲ့ အိမ်နီးချင်း ထိုင်းမှာလည်း လူနာတွေ များလာနိုင်ခြေ ရှိတာကြောင့် ကိုဗစ်စင်တာတွေ စပြင်နေပါပြီ။ လိုအပ်ရင် ကျောင်းတွေပိတ်ပြီး အွန်လိုင်းသင်ကြားမှုစနစ်စဖို့ ပြင်ဆင်ထားကြပါပြီ။ အနောက်နိုင်ငံတွေမှာလည်း ပိုးတွေ့လူနာတွေ သိသိသာသာများလာတယ်လို့ ဆိုပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဓာတ်ဆားမမျှတမှု နဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ

ခန္ဓာကိုယ်ကြီး ကျန်းမာပြီး လုပ်ငန်းစဉ်တွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကနေ Electrolytes တွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါတယ်။ Electrolytes ဆိုတဲ့စကားကို ဓာတ်ဆားရည်နဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။ အားကစားတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အခါ၊ ရာသီဥတု တအားပူလို့ ချွေးတွေ အများကြီး ထွက်တဲ့အခါ၊ ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ကိုယ်တွင်းက ရေဓာတ်​တွေ မှာ ဆုံးရှုံးသွားတဲ့အခါမျိုးတွေမှာ ရေဓာတ်နဲ့ Electrolytesတွေကို ပြန်ဖြည့်ဖို့ဆိုပြီး ဓာတ်ဆားရည်ကို သောက်ကြတယ်လေ။ Electrolytes တွေက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ် တော်တော်များများမှာ ပါဝင်နေပါတယ်။ အာရုံကြောစနစ်တွေ ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေ ကျုံ့ဆန့်ဖို့၊ ရေဓာတ်ဖြည့်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ pH ပမာဏကို ထိန်းညှိပေးဖို့ လုပ်ဆောင်ရမှာ အရေးပါတဲ့ တာဝန်ကို ယူထားပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ

လက်တွေက တစ်ခုခုကို ကိုင်တွယ်ဖို့ သယ်ပိုးဖို့၊ စာရေးဖို့၊ ကားမောင်းဖို့၊ ချက်ပြုတ်ဖို့လိုမျိုး နေ့စဉ် သမာရိုးကျ လုပ်ငန်းဆောင်တာတွေအတွက်ပဲ အသုံးဝင်တယ်လို့ ယူဆနေဆဲပဲလား ...... ဒါဆိုရင်တော့ ဒီအယူအဆကို ပြောင်းလဲဖို့ လိုနေပါပြီ။ သင့်လက်တွေက သင့်ကျန်းမာရေးအကြောင်းကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြပေးနေပါသတဲ့။ ဒီတော့ သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ အကြောင်း ဗဟုသုတလေး ဝေမျှပေးချင်ပါတယ်။ သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ လက်တွေက ကျန်းမာရေးအခြေအနေတွေကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ဘယ်လို ဖော်ပြပေးနေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ...... သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ ကို တစ်ချက်ချင်း ဖတ်ရင်း ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဆင့်ချင်း စစ်ဆေးကြည့်ရအောင်နော်။ လက်တွေက သန်သန်မာမာ ဆုပ်ကိုင်နိုင်တယ် လက်ဆွဲနှုတ်ဆက်တဲ့အခါမှာဖြစ်ဖြစ်၊ အရာဝတ္ထု တစ်ခုခုကို ဆုပ်ကိုင်တဲ့အခါမှာဖြစ်ဖြစ်၊ ဘားတန်းခိုတာလိုမျိုး […]


ကျန်းမာရေး သတင်းများ

ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား

ကင်ဆာလို့ ကြားလိုက်တာနဲ့ လူတိုင်းရဲ့ ခေါင်းထဲကို အရင်ဆုံး ရောက်လာတဲ့အတွေးက အနှေးနဲ့အမြန် သေရတော့မှာလား ဆိုတာပါ။ ကင်ဆာဆိုရင် သေရတော့မှာပါလား ဆိုတဲ့ အတွေးလေးကို ဖယ်ရှားပေးနိုင်တော့မယ်လို့ ယူဆရတဲ့ ဆေးပညာရပ်နယ်ပယ်ရဲ့ အောင်မြင်မှု တစ်ရပ် ထွက်ပေါ်လာခဲ့ပါပြီ။ ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား ဆိုတာကို ဆောင်းပါးလေးထဲ ဆက်ကြည့်လိုက်ရအောင်နော်။ ကင်ဆာကို အမြစ်ပြတ် ကုသနိုင်တော့မလား လက်ရှိစမ်းသပ်လေ့လာနေတဲ့ ကင်ဆာဆေးဝါးတစ်ရပ်က ကင်ဆာရောဂါကို ကုသပေးနိုင်ခဲ့တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီလေ့လာမှုမှာ အူမကြီးကင်ဆာ ခံစားနေရတဲ့ လူနာ ၁၂ ဦး ပါဝင်ခဲ့ပါတယ်။ လေ့လာမှုကို ၆ လ ကြာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုအတွင်း dostarlimab လို့ခေါ်တဲ့ ဆေးဝါးနဲ့ ကုသပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုက ကင်ဆာ ကုထုံး ကြိုးပမ်းမှုတွေထဲမှာ ပထမဆုံးအကြိမ် အောင်မြင်မှုလည်း ဖြစ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြားမှာ ကျန်းမာနေစေဖို့

"ကိုယ်သဘောကျတဲ့ အလုပ်ကို လုပ်ရင် နေ့တိုင်း အလုပ်လုပ်နေသလို မခံစားရဘူး၊၊" လို့စီးပွားရေးဂုရုတွေက ပြောကြပါတယ်၊၊ ဒါက မှန်သင့်သလောက် မှန်ပေမယ့် လုပ်ငန်းခွင် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံရတဲ့အခါ အနည်းနဲ့ အများတော့ စိတ်ဖိစီးလာကြပါတယ်၊၊ အလုပ်နဲ့ လက်ထပ်ထားသလို နေ့ရော ညပါ အိမ်ပြန်ရောက်သည်အထိ  အိပ်ရာထဲမှာတောင် အလုပ်အကြောင်း စဉ်းစားနေရရင် သင့်ရဲ့ လုပ်ငန်းခွင် စိတ်ဖိစီးမှု က လျစ်လျူရှုဖို့ မသင့်တော့ပါဘူး၊၊ လုပ်ငန်းခွင် စိတ်ဖိစီးမှု တွေ ဖြစ်ရတဲ့ အကြောင်းရင်းများ ကျွန်တော်တို့က အလုပ်လက်မဲ့ဖြစ်နေတဲ့အချိန်ဆိုလည်း စိတ်ဓာတ်ကျတတ်ပါတယ်၊၊ အတည်တကျ အလုပ်တစ်ခုခု ရှိနေသည့်လုပ်တိုင် အောက်ကအချက်တွေက ကျွန်တော်တို့ကို စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါသေးတယ်၊၊ လစာနည်းတာ လုပ်ရတဲ့ အလုပ်တွေ များလွန်းတာ ဘဝတိုးတက်ရေးအတွက်  လမ်းစမရှိတာ ကိုယ်နဲ့ မကိုက်ညီနဲ့ အလုပ်လုပ်ရတာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ကို ချွေးအများကြီးထွက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ

ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပြီးချိန်မှာပဲဖြစ်ဖြစ် အပြင်မှာ အရမ်းပူနေချိန်မှာပဲဖြစ်ဖြစ် ချွေးတွေ တအားထွက်နေတာက ဖြစ်နေကျ ကိစ္စရပ် တစ်ခုပါ။ နေပူတယ် ရာသီဥတု ပူပြင်းမယ်ဆိုရင် ချွေးထွက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် ချွေးက ပုံမှန်ထက် ပိုထွက်နေမယ်။ ချွေးအများကြီး ထွက်နေမယ် ဆိုရင်တော့ အကြောင်းရင်းခံ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်ကို ချွေးအများကြီးထွက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ဆိုတာကို ပြောပြပေးမှာမို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ သင့်ကို ချွေးအများကြီးထွက်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ ရာသီဥတု ပူတာ နဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဆောင်မိတာ အပါအဝင် ချွေးအများကြီးထွက်စေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေက သွေးတွင်းသကြားဓာတ်ကျနေတာ ဆီးချိုရောဂါ ခံစားနေသူတွေအပါအဝင် တခြားသူတွေက သွေးတွင်းသကြားဓာတ် ကျဆင်းတဲ့အခါ ပုံမှန်ထက် ချွေးတွေ ပိုထွက်လာတတ်ပါတယ်။ ဒါ့ပြင် ဆီးချိုရောဂါက အာရုံကြောတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ

တစ်နေ့ထက် တစ်နေ့ လေထု ညစ်ညမ်းမှုတွေ ပိုများလာတာကို အားလုံးလိုလို သတိထားမိကြမယ် ထင်ပါတယ်နော်။ စက်မှု လုပ်ငန်းတွေ တိုးတက်လာတာ၊ စက်တပ်ယာဉ်တွေ များလာတာ၊ ဓာတုပစ္စည်း အသုံးပြုမှု များပြားလာတာကြောင့် လေထု ညစ်ညမ်းမှုတွေက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာပြီး လေထု အရည်အသွေးကလည်း ကျဆင်းလာနေပါတယ်။ လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေ၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဓာတုပစ္စည်းတွေက လွန်ခဲ့တဲ့ ဆယ်နှစ်တာကလာထက် ပိုများလာနေပါတယ်။ ဒါကြောင့်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရမှုတွေက အရင်ကထက် ပိုများလာနေတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လေထုထဲက မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ လေထုထဲမှာ တကယ်ပဲ ဓာတုပစ္စည်းတွေ ပါဝင်နေသလား လေထုထဲမှာ ပါဝင်နေနိုင်တဲ့ ဓာတုပစ္စည်းတွေက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့

နွေရာသီမှာ အေးတဲ့လေ၊ အေးပြီး နေရထိုင်ရ သက်သောင့်သက်သာရှိတဲ့ နေရာလေးတွေကို လူတိုင်းလိုလို သဘောကျကျပါတယ်။ အခြားမပြောနဲ့ နွေပူပူ အပြင်က ပြန်လာလို့ သောက်ရေအိုး သဲအိုးအေးအေးလေးက အေးစိမ့်နေရင်တောင် ပါးလေး ကပ်လိုက် လက်လေးကပ်လိုက် လုပ်မိတတ်ကြတယ်ဟုတ်။ နေပူရင် အားအင် ကုန်ခမ်းတာမို့ နေအရမ်းပူချိန်မှာ အေးတဲ့နေရာမှာနေဖို့ အရိပ်ရတဲ့နေရာမှာနေဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ အပြင်က နွေနေပူရင်တောင် ကိုယ့်ရဲ့ အိမ်ကလေးထဲမှာ အေးနေအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဘယ်လိုတွေ စီစဉ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား......... နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဆိုရင် အဲကွန်း ဖွင့်လို့ရတာပဲလို့ ဖြေမယ်လို့များ စိတ်ကူးနေလား...... အခုပြောပြမယ့် နည်းလမ်းက အဲကွန်းဖွင့်စရာ မလိုဘဲ သဘာဝအတိုင်း […]


ကျန်းမာရေး သတင်းများ

တရုတ်နိုင်ငံမှာ လူကိုကူးစက်စေတဲ့ H3N8 ကြက်ငှက်တုပ်ကွေး တွေ့ရှိ

ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်မှာ တရုတ်နိုင်ငံ ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာကို စတင်တွေ့ရှိခဲ့ပါတယ်၊၊ ကြက်ငှက်တုပ်ကွေးက များသောအားဖြင့် လူကို ကူးစက်လေ့ မရှိတာကြောင့် ဒါက ရှားပါးဖြစ်စဉ်လို့ ပြောလို့ရပါတယ်၊၊ တရုတ်နိုင်ငံက H3N8 ကြက်ငှက်တုပ်ကွေး လူနာရဲ့ ဖြစ်စဉ်အကျဉ်း ဧပြီ ၂၆ရက်နေ့က တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က ဟယ်နမ်ပြည်နယ်မှာ H3N8 ကြက်ငှက်တုပ်ကွေးအမျိုးအစား ကူးစက်ခံရတဲ့ လူနာကို စတွေ့ခဲ့တယ်လို့ ဆိုပါတယ်၊၊ လူနာကတော့ ၄နှစ်အရွယ် ကောင်လေးဖြစ်ပါတယ်၊၊ ဒီကလေးလေးရဲ့ အိမ်က ကြက်နဲ့ ကြက်မည်းတွေကို မွေးမြူပြီး အိမ်ဝန်းကျင်မှာလည်း ဘဲရိုင်းတွေ ရှိတယ်လို့ ဆိုပါတယ်၊၊ ဧပြီ ၅ရက်နေ့မှာ ကလေးလေးက ဖျားပြီး လက္ခဏာတွေ ခံစားရပါတယ်၊၊ အခြေအနေပိုဆိုးလာတာကြောင့် ၁၀ရက်နေ့မှာ ဆေးရုံတင်လိုက်ရပါတယ်၊၊ ဧပြီ ၂၄ရက်နေ့မှာ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေ ရောမသောက်ပါနဲ့

အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။ စွမ်းအားဖြည့် အချိုရည်တွေမှာ ကဖင်း ပါဝင်နေသလို စိတ်ခံစားမှု တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာကြောင့် သောက်ပြီးစမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစေနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ စွမ်းအားဖြည့် အချိုရည်ဆိုတာ စွမ်းအားဖြည့် အချိုရည်ဆိုတာက သောက်စရာ တစ်မျိုးပါ။ ကဖင်း ပမာဏ များစွာ ပါဝင်နေသလို taurine၊ guarana၊ သကြားနဲ့ ဗီတာမင် B တို့ ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ စွမ်းအားဖြည့်အချိုရည်တွေမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း