backup og meta

Probiotics က ကိုယ်ခံအားကို ကောင်းစေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Probiotics က ကိုယ်ခံအားကို ကောင်းစေသလား

    ရောဂါတွေ အမျိုးမျိုး ဖြစ်နေချိန်မှာ တစ်နေ့ထက်တစ်နေ့ ပိုအရေးကြီးလာတဲ့ အရာက ကိုယ်ခံအား ကောင်းဖို့ပါ။ ရာသီအကူးအပြောင်းကြောင့် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တုပ်ကွေးရယ် ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဓာတ်မတည့်မှုရယ်၊ အချိန်မရွေး ကူးစက်နိုင်တဲ့ ပတ်ဝန်းကျင်က ရောဂါပိုးတွေရယ်ကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အနေအထားရအောင် လုပ်ဆောင်ထားဖို့ လိုပါမယ်။ ဒီတော့ ကိုယ်ခံအားကောင်းဖို့ ဘာတွေလုပ်ရမလဲ။ ဘာတွေကများ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မလဲဆိုပြီး တွေးနေပြီလား ….. ဒါဆိုရင်တော့ လူတွေကြားမှာ ရေပန်းစားလာတဲ့ Probiotics က ကိုယ်ခံအားကို ကောင်းစေသလား ….. ဘယ်လိုတွေများ အားဖြည့်ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    Probiotics က ကိုယ်ခံအားကို ကောင်းစေသလား

    Probiotics က ကိုယ်ခံအားကို ကောင်းစေသလား

    Probiotics က ကိုယ်ခံအားကို ကောင်းစေသလား …. ဆိုတာကို မပြောခင် Probiotics အကြောင်းလေး အရင်ဆုံး ပြောပြပေးချင်ပါတယ်။

    Probiotics (အကျိုးပြုဘက်တီးရီးယား)ဆိုတာက

    Probiotics ဆိုတာက အစာခြေစနစ် (အထူးသဖြင့် အူမကြီး) ထဲမှာရှင်သန်နေပြီး အစာခြေစနစ် ကျန်းမာစေဖို့လုပ်ဆောင်ပေးပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေမှာပါဝင်နေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ အူလမ်းကြောင်းထဲမှာ နေထိုင်ပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။

    တနည်းပြောရရင် အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို အထောက်အကူပြုတဲ့အပြင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေရဲ့ ရန်ကလည်း ကာကွယ်ပေးပါတယ်။ အစာကိုကြေစေပြီး အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

    Probiotics က ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သလား

    Probiotics လို့ သိကြတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ် ပြဿနာတွေကို ကင်းစေသလို အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိအောင် ထောက်ကူပေးနိုင်ပါတယ်။

    အူနံရံတွေ ကျန်းမာမှ စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာပါ။ အူထဲမှာ အကျိုးပြုဘက်တီးရီးယား အာဟာရတွေ သင့်တင့်မျှတနေတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဖျားနာမှုတွေကို ကင်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။

    ဒါ့ပြင် Probiotics က ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ နာမကျန်းဖြစ်နေချိန်မှာ မြန်မြန် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ခန္ဓာကိုယ်ထဲကဆဲလ်တွေကို ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ ကိုယ်ခံအားရဲ့ ရောဂါပိုးတွေအပေါ် တုံ့ပြန်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်မှာဖြစ်ပါတယ်။

    Probioticsက အစာခြေစနစ်ကို ကျန်းမာစေတာ၊ အရေပြားကို ကျန်းမာစေတာ စတဲ့အချက်တွေကလည်း ကိုယ်ခံအားကို သွယ်ဝိုက်ပြီး ထောက်ကူနေတာပဲ ဖြစ်ပါတယ်။ အူလမ်းကြောင်းတို့၊ အရေပြားတို့ဆိုတာက ခန္ဓာကိုယ်ထဲကို ပြင်ပကပိုးမွှားတွေ ဝင်မလာစေဖို့ ကာထားတဲ့ ပင်မခံတပ်ကြီးတွေ ဖြစ်နေတာကြောင့်ပါ။

    Probiotics က လူတိုင်းစိုးထိတ်နေကြတဲ့ ကိုဗစ်ကို ကာကွယ်ပေးနိုင်မလားဆိုတာကိုတော့ လေ့လာနေဆဲပါ။ Probioticsတွေက မျိုးစိတ်တွေ အများကြီးရှိနေပါတယ်။ ဒီမျိုးစိတ်တွေထဲကမှ ကိုယ်ခံအားကို အားဖြည့်ပေးနေတဲ့ မျိုးစိတ်တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးမယ့် Probioticsမျိုးစိတ်များ

    ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးမယ့် Probiotics မျိုးစိတ်တွေကတော့

    • Acidophilus – ဒီမျိုးစိတ်ကို  ဒိန်ချဉ်၊ နို့၊ မီဆိုတို့မှာ တွေ့ရနိုင်ပါတယ်။
    • Bifidobacterium – ဒီမျိုးစိတ်ကို ဒိန်ချဉ်၊ ကီဖာ၊ buttermilk၊ မီဆို၊ ကင်မ်ချီ၊ ဆားရည်စိမ်တွေ၊ ဝိုင် နဲ့ ဗီနီကာတွေမှာ တွေ့ရနိုင်ပါတယ်။

    Probiotics က ကျန်းမာစေသလား

    Probiotics က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
    • ဝိတ်ကျစေနိုင်တယ်
    • အစာခြေစနစ် ကျန်းမာစေနိုင်တယ်
    • ဝမ်းမှန်စေနိုင်တယ်
    • စိတ်ကျန်းမာရေး ကောင်းစေတယ်
    • အအေးမိဖျားနာတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်
    • ကိုယ်ခံအားကောင်းစေနိုင်တယ်
    • အဆုတ်ရောင်ရောဂါ မဖြစ်အောင်ကာကွယ်ပေးတယ်
    • အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
    • ကိုယ်ဝန်ဆောင် ဆီးချိုကိုကာကွယ်ပေးတယ်
    • မိန်းမကိုယ်ပိုးဝင်တာမဖြစ်အောင် ကာကွယ်ပေးတယ်
    • မှိုပိုး ကူးစက်ခံရတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်
    • အရေပြားပြဿနာ ကင်းစေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement