backup og meta

ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားဓာတ်တွေက ဘယ်လိုအကျိုးပြုသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားဓာတ်တွေက ဘယ်လိုအကျိုးပြုသလဲ

    အားကစား လုပ်ပြီးလို့ ချွေးတွေ အရမ်းထွက်သွားရင်ဖြစ်ဖြစ်၊ နေပူလို့ ချွေးထွက်များတဲ့ အခါမျိုးမှာဖြစ်ဖြစ်၊ ဝမ်းပျက်တာ၊ အော့အန်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်ဖြစ် ခန္ဓာကိုယ်က ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ပျက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

    ဓာတ်ဆားဓာတ်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အခြေအနေ တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အခါ အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အရာကတော့ ဓာတ်ဆားရည် ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်ပြီးချိန်တွေမှာ အားကစားသမားတွေ သောက်လေ့ရှိကြတဲ့ ရေဓာတ်ဖြည့် သောက်စရာတွေပါ။

    ဓာတ်ဆားရည် နဲ့ ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေမှာ ဘာတွေပါလို့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တာလဲ။ ဒီလို ပါဝင်နေတဲ့ဓာတ်တွေက ခန္ဓာကိုယ်အတွက် ဘယ်လိုများ အကျိုးပြုပေးသလဲဆိုတာကို သိချင်နေပြီလား…… ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဖို့ ပြောပါရစေ။

    ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်တွေက ဘာတွေများလဲ

    ချွေးထွက်များတာကြောင့်ဖြစ်ဖြစ် တစ်ခုခုသော အကြောင်းအရင်းတွေကြောင့် ဖြစ်ဖြစ် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားသောဓာတ်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် သောက်ကြတဲ့ ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေထဲမှာ အဓိက ပါဝင်နေတာကတော့ ဓာတ်ဆားဓာတ်ပါ။ အခြားသော ဓာတ်တွေလည်း ပါဝင်နေပါတယ်။ တိတိကျကျ ပြောပြရမယ်ဆိုရင်

    • ဆိုဒီယမ်
    • မဂ္ဂနီဆီယမ်
    • ပိုတက်ဆီယမ်
    • ကယ်လ်ဆီယမ်
    • ကလိုရိုက်
    • ဂလူးကို့စ်
    • ရေဓာတ်
    • ဘိုင်ကာဗွန်နိတ်
    • Phosphate တို့ပါ။

    ဓာတ်ဆားဓာတ် နဲ့ အခြားသောဓာတ်တွေ ခန္ဓာကိုယ်ကို ဘယ်လို အကျိုးပြုပေးသလဲ

    ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာပါတဲ့ ဓာတ်ဆားဓာတ် နဲ့ အခြားဓာတ်တွေက ခန္ဓာကိုယ် ကျန်းမာစေဖို့ အခုလို လုပ်ဆောင်ပေးပါတယ်။

    ဆိုဒီယမ် (Na+)

    ဆိုဒီယမ် ဆိုတာက နားလည်လွယ်အောင် ပြောရရင် ဆားဓာတ်ပေါ့ ။ ဆိုဒီယမ်က ဆဲလ်တွေထဲမှာ မျှတတဲ့ အရည်ဓာတ်ကို ထိန်းညှိပေးနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ ဆဲလ်တွေက အာဟာရတွေ စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ အများဆုံးတွေ့ရတဲ့ electrolytes အမျိုးအစားပါ။

    ဆိုဒီယမ်များလွန်း နည်းလွန်းတဲ့အခါ သတိမကောင်းတာ၊ ပျို့တာ၊ အန်တာ၊ တက်တာတွေ ဖြစ်နိုင်ပါတယ်၊၊

    မဂ္ဂနီဆီယမ် (Mg2+)

    မဂ္ဂနီဆီယမ်က ဆဲလ်တွေကို စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ ကူညီပေးပါတယ်။ ဦးနှောက်နဲ့ ကြွက်သားတွေက သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် မဂ္ဂနီဆီယမ်အပေါ်မှာ အများကြီး တည်မှီနေပါတယ်။

    သွေးထဲမှာ မဂ္ဂနီဆီယမ် မမျှတတဲ့အခါ ကြွက်သားတွေ အားနည်းတာ၊ နှလုံးခုန်မမှန်တာ၊ အသက်ရှူရခက်တာ၊ ရုတ်တရက် နှလုံးရပ်တာတွေ ဖြစ်နိုင်ပါတယ်၊၊

    ပိုတက်ဆီယမ် (K+)

    ဆဲလ်တွေက ဆိုဒီယမ် နဲ့အတူ ပိုတက်ဆီယမ်ကို လိုအပ်ပါတယ်။ ဆိုဒီယမ် ion က ဆဲလ်တွေထဲကို ဝင်ရောက်လာတဲ့အခါ ပိုတက်ဆီယမ် ion က ဆဲလ်တွေထဲကနေ ထွက်သွားပါတယ်။ ပိုတက်ဆီယမ်က နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့ မရှိမဖြစ် အရေးပါပါတယ်၊၊

    ပိုတက်ဆီယမ် မျှခြေပျက်သွားတဲ့အခါ ကြွက်သားတွေ အားနည်းလာတာ၊ ကြွက်တက်တာ၊ ရင်တုန်တာ၊ အထိုင်အထမှာ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်၊၊

    ကယ်လ်ဆီယမ် (+)

    ကယ်လ်ဆီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ဓာတ် တစ်မျိုးပါ။ အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်မာစေတာထက် ပိုပါတယ်။ ကြွက်သားတွေကို ထိန်းချုပ်ပေးသလို အာရုံကြောတွေကို သတင်းပေးပို့တာလုပ်ဆောင်ပေးတဲ့အပြင် နှလုံးစည်းချက် မှန်စေတာကိုရော အခြားသော ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုပါ လုပ်ဆောင်ပေးပါတယ်။

    သွေးထဲမှာ ကယ်လ်ဆီယမ်က နည်းလွန်းများလွန်းမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြော၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ နှလုံးနဲ့ ကြွက်သား စတဲ့ ခန္ဓာကိုယ်ရဲ့ စနစ် အမျိုးမျိုးကို ထိခိုက်စေနိုင်ပါတယ်။

    ကလိုရိုက် (-)

    Chloride ဆိုတာက (chlorine ion) ကို ဆိုလိုတာပါ။ ခန္ဓာကိုယ်အတွက် ဒုတိယမြောက် အရေးအပါဆုံးနဲ့ အလိုအပ်ဆုံးelectrolytes ပါ။ ဆဲလ်တွေက သူတို့ရဲ့ အတွင်းအပြင်မှာရှိတဲ့ အရည်ပမာဏနဲ့ pHကို ထိန်းညှိရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

    ကလိုရိုက် မမျှတတာကြောင့် သွေးထဲမှာ အက်စစ်ဓာတ်လွန်တာ၊ အယ်ကာလီဓာတ်လွန်တာတွေ ဖြစ်တတ်ပါတယ်၊၊

    ဂလူးကို့စ်

    ဂလူးကို့စ်က အချိုဓာတ် ပြည့်ဝစေတဲ့ ဓာတ်တစ်မျိုးပါ။ အစားအစာတွေထဲမှာပါတဲ့ အချိုဓာတ် တစ်မျိုးပေါ့။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်အများစုက အမိုင်နိုအက်ဆစ်နဲ့အတူ ဂလူးကို့စ်ကို အသုံးပြုပြီး စွမ်းအင် ရရှိစေဖို့ လုပ်ဆောင်ပေးပါတယ်။

    ဦးနှောက်အတွက် အဓိကကျတဲ့ အာဟာရဓာတ်ပါ။ အာရုံကြောဆဲလ်တွေကို အချင်းချင်း ဆက်သွယ်သတင်းပို့နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဂလူးကို့စ်မရှိဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အားမရှိသလို ခံစားရမှာဖြစ်သလို ဦးနှောက်ကလည်း လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

    ရေဓာတ်

    ရေဓာတ်ကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ဓာတ် တစ်မျိုးပါ။ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။

    ခန္ဓာကိုယ်ထဲမှာ ရေဓာတ် နည်းလွမ်းတဲ့အခါ ကြွက်တက်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    ဘိုင်ကာဗွန်နိတ် (-)

    ဘိုင်ကာဗွန်နိတ်က ခန္ဓာကိုယ်ထဲက သွေးတွေထဲမှာ ရှိတဲ့ pH ပမာဏကို ပုံမှန်ပမာဏ ဖြစ်စေဖို့ ထိန်းညှိပေးပါတယ်။

    ကိုယ်ထဲမှာ ဘိုင်ကာဗွန်နိတ် နည်းတဲ့အခါ သွေးတွင်း အက်ဆစ် များတာမျိုး ခံစားရနိုင်ပါတယ်။

    Phosphate (-)

    Phosphate ကတော့ phosphorous အခြေပြု မော်လီကျူး တစ်မျိုးပါ။ ဆဲလ်တွေက အာဟာရဓာတ်တွေကို ချေဖျက်ရာမှာ ကူညီပေးပါတယ်။ မျိုးဗီဇဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။

    ခန္ဓာကိုယ်ထဲမှာ Phosphate ပမာဏ မျှခြေပျက်သွားတဲ့အခါ ကြွက်သားတွေ အားနည်းတာ၊ ကျောက်ကပ်ထိခိုက်တာ၊ နှလုံးခုန်နှုန်း မမှန်တာ၊ တက်တာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေထဲမှာပါတဲ့ ဓာတ်တွေက ဘာတွေများလဲ

    ရေနဲ့ဓာတ်ဆားဖြည့် သောက်စရာတွေ ထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့
    • ဆိုဒီယမ်
    • မဂ္ဂနီဆီယမ်
    • ပိုတက်ဆီယမ်
    • ကယ်လ်ဆီယမ်
    • ကလိုရိုက်
    • ဂလူးကို့စ်
    • ရေဓာတ်
    • ဘိုင်ကာဗွန်နိတ်
    • Phosphate တို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement