အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း

အလုပ်တွေ၊ မိသားစု တာဝန်တွေ ထဲမှာပဲ တစ်ချိန်လုံး မြှုပ်နှံပြီး နေနေတော့မှာလား။ အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက်တော့ အပန်းဖြေခရီးလေး ထွက်လိုက်ပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်ပေါ့။ ခရီးသွားတာက အလုပ်ပိုတွေလို့ ထင်နေတယ် ဆိုရင်တော့ ဒီအတွေးကို အခုချက်ချင်းပဲ ခေါင်းထဲက ဖယ်ထုတ်လိုက်ပါ။ ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း တွေကို သိသွားရင် ခုပဲ ခရီးသွားချင်စိတ် ပေါက်သွားမှာပါ။ ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း ဆွေက တစ်ခုမကပါဘူး။ နေ့ရက်တိုင်းမှာ အလုပ်၊ မိသားစုကိစ္စတွေကိုပဲ စဉ်းစားနေရတဲ့ အခြေအနေထဲကနေ ရက်ပိုင်းလောက် ရုန်းထွက်လို့ ခရီးထွက်လိုက်မယ်ဆိုရင် စိတ်ဖိစီးမှု လျော့ကျစေမှာပါ ခရီးထွက်လိုက်တာ ပုံမှန် အခြေအနေ တစ်ရပ်ကနေ ရုန်းထွက်မှု တစ်ရပ်ပါပဲ။ ခရီးသွားနေစဉ်မှာ မိသားစု တာဝန်တွေနဲ့ ကင်းကွာနေမှာ ဖြစ်သလို အလုပ်ကိစ္စတွေကိုလည်း ခပ်ဝေးဝေးမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ရမလဲ

အိမ်မှာ ခွေးလေး၊ ကြောင်လေးတွေ ဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် တာဝန်တော့ကြီးပါတယ်။ ကျွေးရမွေးရ၊ စောင့်ရှောက်ရတာ အလုပ်တော့များပေမယ့် ချစ်စရာအမောပြေလေးတွေဖြစ်လို့ စိတ်ဖိစီးမှုတွေ ပြေစေပြီး စိတ်ပျော်လန်းဆန်းစေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ခင်ဂရုစိုက်ပေး၊ သန့်ရှင်းပေး၊ အစာကျွေးပေးပြီး ပျော်ရွှင်တဲ့ဘဝလေး ဖန်တီးပေးရင်း ကိုယ်လည်းစိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲချစ်ပါစေ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးအသိမရှိဘဲ၊ စနစ်တကျမဟုတ်ဘဲ တိရစ္ဆာန်မွေးမြူထားခဲ့ရင် ကိုယ့်အိမ်မှာပဲ ရောဂါပိုးတွေ မွေးမြူနေသလို ဖြစ်နေပါလိမ့်မယ်။ စနစ်တကျလုပ်စရာရှိတာမလုပ်ဘဲ အစာလေးကျွေးထား၊ မွေးရုံမွေးထားရင်တော့ ကိုယ့်မိသားစုမှာရောဂါတစ်ခုခုဖြစ်တိုင်း၊ မကျန်းမာတိုင်း အိမ်မွေးတိရစ္ဆာန်လေးတွေကို တရားခံဖြစ်အောင် ဖန်တီးသလိုဖြစ်နေနိုင်ပါသေးတယ်။ ဥပမာ - "နင်ခဏခဏဖျားနေတာ ခွေးတွေ၊ ကြောင်တွေနဲ့ နီးနီးကပ်ကပ်မနေနဲ့လေ။ ပိုးတွေဘာတွေနဲ့။ သူတို့ကြောင့်ပဲနေမှာ" ဆိုပြီး ဘေးလူတွေက ပြောလာပါလိမ့်မယ်။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်မလဲ ခွေးလေး၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး

ကဗျာတွေစာတွေထဲမှာပါလေ့ရှိတဲ့နွေဦးအငွေ့အသက်က သာယာလှပကြပါတယ်။ တကယ်လည်းလှပေမယ့် လက်တွေ့မှာ အပူဒဏ်နဲ့ပြေးမလွတ်နိုင်တာတော့ အမှန်ပဲလေ။ ရှုခင်းအလှအပထက် လူ့ကျန်းမာရေးအတွက်က ပိုအရေးကြီးတဲ့အတွက်နွေရာသီအတွင်းရောဂါကင်းဖို့ အရင်စဉ်းစားရမှာပါ။ ဒါ့ကြောင့်နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို သတိထားပြီး ကြိုတင်ကာကွယ်သင့်၊ ဆင်ခြင်နေထိုင်သင့်ပါတယ်။ နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး (၁) အပူလျှပ်ခြင်း -ပြင်းထန်တဲ့အပူဒဏ်အောက်မှာနေရတာကြာလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကမြင့်တက်လာရာက အပူလျှပ်တတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲခန္ဓါကိုယ်အပူချိန်လွန်ကဲတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ အဖျားတက်ခြင်းလက္ခဏာတွေက သိသာပါတယ်။ အပူလျှပ်တဲ့အခါ အရေးပေါ်ပြုစုကုသမှုလိုအပ်ပါတယ်။သေချာဂရုမစိုက်ရင် ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး ကုသမှုခံယူဖို့နှောင့်နှေးခဲ့ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။   (၂) အစာအဆိပ်သင့်ခြင်း -အစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းက အစားအစာ သို့မဟုတ် ရေမှာ ပါတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီကြောင့်လည်း ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ပတ်ဝန်းကျင်ဖြစ်စေနိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ဗိုက်အောင့်ခြင်း၊မအီမသာဖြစ်ခြင်း၊ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့နဲ့လက္ခဏာပြလာတတ်ပါတယ်။ အသားစိမ်းတွေ၊ ဖုံးအုပ်မထားတဲ့ လမ်းဘေးစာတွေ၊ မသန့်ရှင်းတဲ့ရေ စတာတွေကရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ သယ်ဆောင်ထားတဲ့အစားအသောက်တွေဖြစ်နေနိုင်ပါတယ်။   (၃) မျက်စိနာခြင်း- မျက်စိနာခြင်းဟာ မျက်မြှေးကိုရောင်ရမ်းစေတဲ့ […]


အခြေခံကျန်းမာရေး

အောင်မြင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

လောကမှာ အောင်မြင်ချင်လားလို့မေးလိုက်ရင် ဟင့်အင်း လို့ဖြေမယ့်သူကခပ်ရှားရှားပါ။ လူတိုင်းကတော့ အောင်မြင်ချင်ကြသူချည်းပါပဲ။ အကြောင်းကတော့ အောင်မြင်မှုက ချိုမြိန်တာကိုး။ စာဖတ်ပရိသတ်ကြီးရော အောင်မြင်ချင်သူလား......... ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။ လူတော်တော်များများ လက်ခံထားတဲ့အယူအဆ အောင်မြင်မှုက ကံကောင်းလို့ရတာလို့ လက်ခံထားသူများပါတယ်။ လက်တွေ့ကျကျစဉ်းစားကြည့်ရင် ကံကောင်းခြင်းဆိုတာက ကြိုးစားမှုရဲ့ အသီးအပွင့်ပါ။ လူတစ်ယောက်ရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုကပဲ သူ့ကို အောင်မြင်မှုနဲ့ ကံကောင်းခြင်းတွေရစေနိုင်တာပါ။ ဒါကြောင့် တစ်ခုပြောပြချင်တာက အောင်မြင်ခြင်းဆိုတာ ကြိုးစားမှုရဲ့ အသီးအပွင့်ပါ။ နည်းစနစ်တကျ ကြိုးပမ်းမှုကနေပဲ အောင်မြင်မှုကို ရရှိနိုင်မှာပါ။ အောင်မြင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထတွေက ဘာတွေများလဲ........... အောင်မြင်ချင်တယ်ဆိုရင် အခုပြောမယ့်အလေ့အထလေးတွေကို နေ့စဉ် အလေ့အကျင့်လေးဖြစ်အောင် မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။ စိတ်အားထက်သန်ပါ စိတ်အားထက်သန်မှုက အောင်မြင်မှုဆီကို အရောက်လှမ်းဖို့ ခွန်အားတွေပေးပါလိမ့်မယ်။ ဒါကြောင့် တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် စိတ်အားထက်သန်စွာနဲ့လုပ်တတ်အောင်လေ့ကျင့်ပါ။ စိတ်အားထက်သန်လေလေ အောင်မြင်နိုင်ခြေများလေလေပါ။ ဒီတော့ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ

အစားစားပြီးချိန်မှာ အခုပြောမယ့် အပြုအမူတွေကို အလေ့အကျင့် တစ်ခုလို လုပ်မိနေလား၊ ဒါဆိုရင်တော့ အခုပဲ ပြင်လိုက်ပါလို့ ပြောပါရစေနော်။ အကြောင်းကတော့ အမှတ်တမဲ့ လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ အစားစားပြီးရင် ဒီအလေ့အထတွေကို လုပ်မိနေလား............... ဒါဆိုရင်တော့ ပြင်ဆင်ဖို့ လိုနေပါပြီ။ အိပ်တာ အားလပ်ရက် နေ့လယ်နေ့ခင်းတွေမှာ ထမင်းစားပြီးတာနဲ့ တစ်ရေးလောက်ဆိုပြီး အိပ်မိနေတယ်ဆိုရင် မအိပ်ပါနဲ့။ ညဘက်တွေမှာလည်း ညစာကိုနောက်ကျမှစားပြီး အိပ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက အစာခြေစနစ်ကို ဝန်ပိစေပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ဒီလို အိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေက အစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကို ရောက်ရှိလာပြီး ရင်ပူတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။ ဆေးလိပ်သောက်တာ အစားတစ်ခုခု စားပြီးရင် ခံတွင်းချဉ်လို့ ဆိုပြီး ဆေးလိပ်လေး တစ်လိပ်လောက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း