backup og meta

မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ

မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ

တစ်နေ့ထက် တစ်နေ့ လေထု ညစ်ညမ်းမှုတွေ ပိုများလာတာကို အားလုံးလိုလို သတိထားမိကြမယ် ထင်ပါတယ်နော်။ စက်မှု လုပ်ငန်းတွေ တိုးတက်လာတာ၊ စက်တပ်ယာဉ်တွေ များလာတာ၊ ဓာတုပစ္စည်း အသုံးပြုမှု များပြားလာတာကြောင့် လေထု ညစ်ညမ်းမှုတွေက တစ်နေ့ထက် တစ်နေ့ ပိုဆိုးလာပြီး လေထု အရည်အသွေးကလည်း ကျဆင်းလာနေပါတယ်။

လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေ၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဓာတုပစ္စည်းတွေက လွန်ခဲ့တဲ့ ဆယ်နှစ်တာကလာထက် ပိုများလာနေပါတယ်။ ဒါကြောင့်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရမှုတွေက အရင်ကထက် ပိုများလာနေတာပါ။

ဒီတစ်ခေါက်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လေထုထဲက မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

လေထုထဲမှာ တကယ်ပဲ ဓာတုပစ္စည်းတွေ ပါဝင်နေသလား

လေထုထဲမှာ ပါဝင်နေနိုင်တဲ့ ဓာတုပစ္စည်းတွေက တစ်ခု မကပါဘူး။ ဥပမာ ဆေးလိပ်သောက်တာကြောင့် လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ရောက်ရှိသွားနိုင်သလို အပင်ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ၊ ကလိုရင်းလိုမျိုး ရောဂါပိုးတွေကို သုတ်သင်ပေးတဲ့ အရာတွေကြောင့် လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။

ဒီလို ဓာတုပစ္စည်းတွေကို အချိန်ကြာမြင့်စွာ ထိတွေ့တာက ရေရှည်မှာ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်လား ……

မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ

မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ

တစ်နေ့တာမှာ လှုပ်ရှားသွားလာရင်း ဓာတုပစ္စည်းတွေကို ထိတွေ့မိနိုင်သလို ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ လေကိုလည်း ရှူမိတာ၊ ရေကို သောက်မိတာတွေ ဖြစ်နိုင်ပါတယ်။

ဒီအခြေအနေက ခဏခဏဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် သတိထားတာကတော့ အကောင်းဆုံးပါ။ ဒီတော့ မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ကြမလဲ ဆိုပြီး စဉ်းစားနေပြီလား။

ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့် ထိခိုက်မှု နည်းနိုင်သမျှ နည်းစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေကို လုပ်ဆောင် ကြည့်စေချင်ပါတယ်။

Air freshener အသုံးပြုမှုကို လျှော့ပါ

Air freshener တွေက ရနံ့လေး မွှေးတယ်။ စိတ်ကို လန်းဆန်းစေတယ် မှန်ပေမယ့် ဒီလို အနံ့လေးမွှေးစေဖို့ ဓာတုပစ္စည်း များစွာကို ထည့်သွင်းထုတ်လုပ်ထားတာပါ။ ဒါကြောင့် နေအိမ်၊ အိပ်ခန်း၊ ကား နဲ့ ရုံးခန်းထဲမှာ Air freshener အသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ပါ။

အနံ့ မပါတဲ့ အဝတ်လျှော် ဆပ်ပြာကို သုံးပါ

အဝတ်အစားတွေမှာ အနံ့မွှေးမွှေးလေး ဖြစ်နေတာက သဘောကျစရာ ကောင်းပေမယ့် ဒါတွေကလည်း ဓာတုပစ္စည်းတွေဆိုတာ သတိရဖို့ လိုပါမယ်။ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကို လျှော့ချချင်တယ်ဆိုရင် အမွှေးနံ့မပါတဲ့ အဝတ်လျှော် ဆပ်ပြာကို အသုံးပြုပေးဖို့ လိုပါမယ်။

အညွှန်းအတိုင်း အသုံးပြုပါ

ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေကို အသုံးပြုတော့မယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်မှု နည်းစေဖို့ အညွှန်းကို ဖတ်ပြီး အညွှန်းမှာပါတဲ့ အတိုင်း သေချာလေး ဂရုတစိုက် လိုက်နာပေးဖို့ လိုပါမယ်။

လုံခြုံအောင် သိမ်းပါ

အိမ်သန့်ရှင်းရေးနဲ့ အခြားသော အိမ်သုံး ဓာတုပစ္စည်းတွေကို အသုံးပြုပြီးတဲ့အခါတိုင်း အဖုံးကို သေချာ လုံအောင် ပိတ်ပြီး ဗီဒို လုံလုံ၊ အခန်း လုံလုံထဲမှာ ထည့်သိမ်းပေးဖို့ လိုပါမယ်။

ဓာတုပစ္စည်းတွေကို သေချာ စွန့်ပစ်ပါ

အသုံးပြုပြီးသား ဓာတုပစ္စည်း စွန့်ပစ်အမှိုက်တွေကို အညွှန်းပါအတိုင်း သေချာလေး လိုက်နာစွန့်ပစ်ဖို့ လိုပါမယ်။ အများသုံး ရေဆိုးနုတ်စနစ်တွေ၊ ရေမြောင်းတွေထဲကို စွန့်ပစ်တာမျိုး မလုပ်ပါနဲ့။

ဆေးလိပ်ငွေ့ ရှောင်ပါ

ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်ငွေ့တွေ၊ ကာဗွန်မိုနောက်ဆိုက်လိုမျိုး အရာတွေကို သတိထားပြီး ရှောင်ဖို့ လိုပါမယ်။ ဖြစ်နိုင်မယ်ဆိုရင် နေအိမ်မှာ carbon monoxide (CO) alarm လေး တပ်ထားပေးလို့ ရပါတယ်။

ခြင်ဆေးခွေတွေ၊ အမွှေးတိုင်တွေ မထွန်းပါနဲ့

ခြင်ဆေးခွေတွေ၊ အမွှေးတိုင်တွေက ထွက်တဲ့ အငွေ့တွေမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လေထုညစ်ညမ်းစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် လေလုံနေတဲ့ နေရာမှာ ခြင်ဆေးခွေတွေ အမွှေးတိုင်တွေ ထွန်းတာမျိုး မလုပ်ပါနဲ့။

လေဝင်လေထွက် ကောင်းအောင် ထားပါ

နေအိမ်ထဲမှာ လေဝင်လေထွက် ကောင်းစေဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားတာမျိုး ချက်ပြုတ်တဲ့အခါမျိုးမှာ exhaust fans တွေကို ဖွင့်ထားတာမျိုး လုပ်ပေးပါ။

အစိုဓာတ် ရှိအောင် ထားပါ

နေအိမ်ထဲက လေထုထဲမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေကို သန့်စင်နိုင်စေဖို့အတွက် နေအိမ်ထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာမျိုး လုပ်ပေးပါ။ နေအိမ်ထဲက လေထုကို အစိုဓာတ် ပြည့်ဝနေအောင် ထားပေးပါ။

ရေကို ကျိုချက်သောက်ပါ

ရေကို သောက်ရေသန့် သောက်တာမျိုး မဟုတ်ဘဲ ရိုးရိုးရေကိုပဲ သောက်မယ်ဆိုရင် ဓာတုပစ္စည်းတွေ ပါဝင်မှု ကင်းစေဖို့အတွက် ကျိုချက် အအေးခံပြီးမှ သောက်ပေးပါ။

လက်ဆေးပါ

အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် မကြာခဏ လက်ဆေးပေးပါ။ အစားစားခါနီး၊ တစ်ခုခုကို ကိုင်တွယ်ပြီးချိန်၊ အစားအစာတွေ ပြင်ဆင်ချက်ပြုတ်ခါနီးတွေမှာ လက်ဆေးဖို့ မမေ့ပါနဲ့။

အိမ်ကို သန့်ရှင်းအောင် ထားပါ

နေအိမ် ကြမ်းပြင်နဲ့ မျက်နှာပြင်တွေကို ရေစိုဝတ် သန့်သန့်လေးနဲ့ တိုက်ပေးပါ။ ကော်ဇောတွေကိုတော့ ဖုန်ခါတာ၊ ဖုန်စုပ်စက် သုံးပြီး သန့်စင်တာမျိုး လုပ်ပေးပါ။ နေအိမ်ထဲမှာ သန့်ရှင်းနေအောင် ဂရုစိုက်ပါ။ ဖိနပ်တွေကို အိမ်အပြင်ဘက်မှာပဲ ချွတ်ခဲ့ဖို့ မမေ့ပါနဲ့။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို ဂရုစိုက် လုပ်ဆောင်ပေးတာက မမြင်ရတဲ့ ဓာတုပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်လိုက်စို့လား။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Invisible Chemicals Are Harming People More Than Ever https://www.prevention.com/health/a39458790/danger-invisible-chemicals/?source=nl&utm_source=nl_pnb&utm_medium=email&date=041622&utm_campaign=nl27389469&utm_term=AAA%20–%20High%20Minus%20Dormant%20and%2090%20Day%20Non%20Openers Accessed Date 18 April 2022

Ten Tips to Protect Your Family from Chemicals and Pollutants https://www.canada.ca/en/health-canada/campaigns/healthy-home/ten-tips.html Accessed Date 18 April 2022

ယခုပုံစံ

16/05/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေထုညစ်ညမ်းမှု အန္တရာယ်

ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ………


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement