အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေ ကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ

နွေအပူဒဏ်ကို အလူးအလဲ ခံရတာက သက်ရှိတိုင်းလိုလိုပါ။ ဒီလို အပူဒဏ်ကို သက်ရှိတိုင်း အလူးအလဲ ခံစားနေရချိန်မှာ အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘိုးဘွားဘွားတွေရော ဘေဘီပေါက်စလေးတွေအပြင် အပြင်ကနေပြန်လာတိုင်း ကိုယ်တွေကို အပြေးအလွှား ပြာပြာသလဲ ဆီးကြိုတတ်တဲ့ ပါပီ၊ ပူစီလေးတွေ က အပူဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ လူတွေမှာပဲ နွေအပူချိန် ပြင်းလို့ အပူလျှပ်တတ်တာ မဟုတ်ဘဲ သူတို့လေးတွေမှာလည်း နွေရာသီ အပူပြင်းချိန်မှာ အပူလျှပ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုနွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေ ကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ နွေပူပူမှာ ကိုယ့်ရဲ့အချစ်တော် ပါပီ၊ ပူစီလေးတွေကို အပူဒဏ်က ဘယ်လို ကာကွယ်ပေးမလဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ ရေချွေတာပါ

နွေရောက်လာပြီဆိုရင် ကြားရမယ့် ကိစ္စက ရေရှားလာတာပါ။ ရန်ကုန်လိုနေရာမှာ တော်သေးပေမယ့် အထက်ပိုင်းအညာဒေသတွေမှာ ရေရှားတာက အတော်ရေး ရိုက်ခတ်မှု ပြင်းတဲ့ ပြဿနာပါ။ ဒီပြဿနာကို တစ်ယောက်တစ်လက်နဲ့ ဝိုင်းကူလို့ ရပါတယ်။ ဒီလို ဝိုင်းကူနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ နွေရာသီမှာ ရေချွေတာပါ ဆိုတာလေးကို အကောင်အထည် ဖော်ကြည့်ရအောင်နော်။ နွေရာသီမှာ ရေရှားတာ ပုံမှန်ပါပဲ နွေရာသီမှာ ရေရှားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ ပြဿနာရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားလိုပဲ ရေရှားတာကို ဖြေရှင်းလို့ ရပါတယ်။ ရေရှားတာ မဖြစ်စေဖို့အတွက် မြစ်တွေ ချောင်းတွေ မြေအောင်းရေတွေထဲကို ရေအရင်းအမြစ်တွေ ထည့်စိုက်တာမျိုး မလုပ်နိုင်ပေမယ့် တစ်ယောက်တစ်လက်နဲ့ ချွေတာပေးလို့တော့ ရပါတယ်။ နွေရာသီမှာ ရေကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သလား နွေရာသီမှာ ရေရှားပါးတာ၊ သန့်ရှင်းတဲ့ ရေကို မရရှိတာကြောင့် ကျန်းမာရေး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

တစ်နေ့ထက် တစ်နေ့ အပူချိန်က မြင့်တက်လာနေပြီး မကြာခင်မှာ နွေရက်တွေကို ဖြတ်သန်းရတော့မှာပါ။ ဒီလို နွေပူပူမှာ ရေဓာတ် ဆုံးရှုံးတာ အပါအဝင် အပူရှိန်ကြောင့် အပူလျှပ်တာနဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားလာရကြပါတယ်။ ဒီလု အပူချိန် ပြင်းချိန်မှာ ပုံမှန်အတိုင်းတောင် ကျန်းမာအောင် အတော်လေး ဂရုစိုက်နေရချိန်မှာ ဘီယာကစ်မယ်။ တစ်ခွက်တစ်ဖလားဆိုပြီး အပီကစ်မယ်လို့ တွေးနေတဲ့ ဘော်ဒါတွေ ရှိကြလား ..... ဒါဆိုရင်တော့ နွေပူပူမှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အပီမကစ်ခင် ဒီစာလေးကို အရင် ဖတ်ကြည့်လိုက်နော်။ နွေရာသီက သောက်လို့ ကောင်းတဲ့ ရာသီ တစ်ခုလား နွေရာသီက အားလပ်ရက်ရှည် ရှိတာကြောင့် ခရီးသွားတာ၊ သူငယ်ချင်းတွေနဲ့ အတူတွေ့ဆုံ စားသောက်တာတွေ ပုံမှန်ထက် ပိုလုပ်ဖြစ်ကြပါတယ်။ ဒီလို တွေ့ဆုံမှုတွေမှာ ဘီယာအပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာလေးတွေကလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေပူထဲ မှာ ရေစိုအဝတ်ဝတ်တာက သင့်ကို ဖျားနာစေမှာလား။

ငယ်ငယ်တုန်းက ပူလွန်းလို့ နေပူထဲ ကို အဝတ်လေး ရေစွတ်သွားတဲ့အခါ ဒါမှမဟုတ် ရေချိုးပြီး ရေခြောက်အောင် မဟုတ်ဘဲ အင်္ကျီကောက်စွပ်လိုက်တဲ့အခါ လူကြီးတွေက အအေးပတ်တော့မယ်၊ ဖျားတော့မယ်၊ အပူလျှပ်မယ် စသဖြင့် ပြောလေ့ရှိပါတယ်။ ဒါဆိုရင် သင်္ကြန်ထွက်လည်တဲ့ သူတွေကရော။ သူတို့လည်း မိုးလင်းက မိုးချုပ် ၄ရက်ဆက်တိုက် ရေပတ်ခံထွက်နေကြတာပဲနော်။ သူတို့ကျ ဘာလို့ ဘာမှမဖြစ်တာပါလိမ့်။ နေပူထဲ မှာ ရေစိုအဝတ်တွေ ဝတ်တာက ဖျားနာစေမှာလား။ တကယ်က မဟုတ်ပါဘူး။ ရေစိုအဝတ်တွေနဲ့ နေနေတာက သင့်ကို အအေးမိဖျားနာတာမျိုး မဖြစ်စေပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်တွေလည်း မရှိပါဘူး။ အပူလျှပ်တာရော ဖြစ်နိုင်လား။ အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်ပြီး ချွေးလုံးဝမထွက်တဲ့ အခြေအနေပါ။ အပူချိန်များလွန်းလို့ ဖြစ်တာပါ။ ဒါ့ပြင် အပူလျှပ်တဲ့ လူနာကို အရေးပေါ် ပြုစုတဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့

အခါကြီးရက်ကြီးမှာ၊ ဝါတွင်းမှာ ကုသိုလ်ယူမယ် ဥပုသ် စောင့်တော့မယ်ဆိုတဲ့ သူလေးတွေ ရှိလား ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကုသိုလ်ယူမယ့်သူလေးတွေကို ပြည့်ပြည့်ဝဝ ကုသိုလ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကဲ ...... ကျန်းမာရေးကို ထိခိုက်စေမှု မရှိဘဲ ကုသိုလ်ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ဥပုသ်စောင့်နိုင်စေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်လား ..... ဥပုသ်စောင့်တာက ကုသိုလ်ရေးဆိုပေမယ့် စနစ်တကျ မလုပ်ဆောင်မိဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပုသ်စောင့်တာက ညနေစား မစားရတာကြောင့် မနက်ခင်းမှာ ပြည့်ပြည့်ဝဝ မစားမိတာမျိုး ဖြစ်မယ်။ နေ့စဉ်ရက်ဆက် အာဟာရ ပြည့်ပြည့်ဝဝ မစားဘဲ ဥပုသ်စောင့်မယ်ဆိုရင် ကိုယ်အလေးချိန် ကျသွားတာ၊ ပိန်သွားတာ မူးလဲတာ အားနည်းတာ ပင်ပန်းနွမ်းနယ်တာ ခြေကုန်လက်ပမ်းကျတာ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ https://hellosayarwon.com/health/general-health-knowledge/benefits-of-electrolytes-and-other-ingredients-in-sport-drinks/ ဥပုသ်စောင့်တဲ့အခါ ကျန်းမာရေး မထိခိုက်စေဖို့ ဒီတော့ […]


ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို သွေးအားနည်းတယ်လို့ ခေါ်တာပါ။ သွေးအားနည်းတဲ့အခါ ပင်ပန်းတယ်လို့ ခံစားရတာ၊ ခေါင်းထဲမှာ မိုက်ခနဲ မူးတာ၊ အားမရှိသလို ခံစားရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမျိုးသမီးတွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား .........

ရေများများသောက်နော်။ ခန္ဓာကိုယ်မှာ ရေဓာတ် နည်းရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး စကားတွေကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါဆို ရေဓာတ်ဆုံးရှုံးမှု နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ရေဓာတ် ခန္ဓာကိုယ်အတွက် လိုအပ်သလား .... ရေဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးအကြီးဆုံး အရာ တစ်ခုပါ။ ရေဓာတ် ပြည့်ဝမှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ကြွက်သားတွေ၊ နှလုံးနဲ့ ကျောက်ကပ် အားလုံးက ရေဓာတ်ကို လိုအပ်ပါတယ်။ ရေဓာတ် ပြည့်ဝမှု ရှိမှလည်း ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက ရောဂါတွေကို ကောင်းကောင်း ကာကွယ်နိုင်တော့မှာပေါ့။ ရေဓာတ် ခမ်းခြောက်ရင် ဘာတွေ ဖြစ်မလဲ ....... ရေဓာတ် ခမ်းခြောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာပါ။ ကိုယ်ထဲမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အဲကွန်း မရှိဘဲ နွေရာသီကို ဘယ်လိုဖြတ်ကျော်မလဲ။

နွေရာသီရောက်လာပြီဆိုကတည်းက အိမ်တိုင်းမှာ အဲကွန်း တွေ၊ ပန်ကာတွေကို ပြန်ပြီး အသုံးပြုလာရပါပြီ။ အထူးသဖြင့် အဲကွန်းက ထွက်တဲ့ လေအေးအေးက နေလို့ကောင်းပြီး အင်မတန်မှ သက်သောင့်သက်သာရှိလှပါတယ်။ ဒါပေမယ့် မီတာငွေ ပိုမိုကုန်ကျမှာ စိုးရိမ်တာကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် အဲကွန်းကို ဆက်တိုက် မဖွင့်ချင်တဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ အိမ်မှာ အဲကွန်း မရှိဘဲ အေးအေးလူလူနေချင်တယ်ဆိုရင်လည်း ခုပြောမယ့် နည်းလမ်းတွေက အသုံးဝင်နေဦးမှာပါပဲ။ အဲကွန်း မရှိဘဲ နွေရာသီကို ဖြတ်ကျော်နိုင်စေဖို့ အပူချိန်များတာက အပူလျှပ်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ကိုယ်တွင်းကိုယ်ပ အပူချိန်ကို လွန်ကဲမလာအောင် ထိန်းဖို့ လိုပါတယ်။ စရိတ်နည်းနည်းနဲ့ အပူဒဏ်ကို အံတုဖို့ဆိုရင် နေ့ဘက်မှာ လိုက်ကာတွေကို ပိတ်ထားပါ။ အေးချင်ပါတယ်ဆိုမှ လိုက်ကာတွေလာပိတ်နေခိုင်းရသလားလို့ အပြောမစောပါနဲ့ဦး။ နွေရာသီမှာ လိုက်ကာတွေဖွင့်ထားတာက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီမှာ အဖြစ်များတဲ့ ရေဓာတ်ခမ်းခြောက်မှု သတိပြုပါ။

ခေါင်းစဉ် ကြည့်ပြီး ထူးဆန်းသွားလား.... နွေရာသီမှ ရေဓာတ်ခမ်းခြောက်မှု ဖြစ်တာလေ။ ဆောင်းရာသီက ရေဓာတ်ခမ်းခြောက်မှုဖြစ်စရာလားပေါ့။ တကယ်ကတော့ ဘယ်ရာသီမှာပဲ ဖြစ်နေဖြစ်နေ ရေကို လုံလောက်အောင် မသောက်မိဘူးဆိုရင် ရေဓာတ်ခမ်းခြောက်မှု ဖြစ်မှာပါပဲ။ နွေမှာ ပူလို့ ရေသောက်မိနိုင်ပေမယ့် ဆောင်းမှာ အေးမြခြောက်သွေ့နေမှုက ရေဆာတယ်လို့ မခံစားရသလို ဆောင်းအေးအေးမှာ ရေအေးအေး မသောက်ချင်ကြတာကြောင့် ဆောင်းရာသီမှာ ရေဓာတ်ခမ်းခြောက်မှု အဖြစ်များပါတယ်။ https://hellosayarwon.com/skin-health/skin-care-cleansing/how-to-prevent-and-treat-winter-rash/ ဆောင်းရာသီမှာ ဘာလို့ ရေဓာတ်ခမ်းခြောက်မှုဖြစ်ရတာလဲ။ ဆောင်းရာသီမှာ ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်စေတဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။ အိမ်တွင်းမှာ အပူချိန် မြင့်နေတာ ဆောင်းရာသီက အပြင်မှာ အေးအေးလေလေ အိမ်ထဲမှာ အပူချိန် မြင့်လေလေပါ။ အကြောင်းကတော့ အပြင်က အအေးဒဏ်ကို ခံနိုင်ဖို့ အိမ်ထဲမှာ ပိုပြီး နွေးထွေးအောင် လုပ်ကြတာကြောင့်ပါ။ အနွေးထည်ဝတ်တာ၊ စောင်ခြုံတာကစလို့ အရမ်းအေးတဲ့ ဒေသတွေမှာ […]


ကျန်းမာရေး အာမခံ

သိထားဖို့လိုမယ့် ကျန်းမာရေး အာမခံ အကြောင်း

အာမခံ ဆိုတဲ့ စကားရပ်က မြန်မာ လူမျိုးတွေနဲ့ အရင်က သိပ်မရင်းနှီးခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အာမခံ လုပ်ငန်းတွေ များပြားလာတာနဲ့အတူ အာမခံဆိုတဲ့ စကားရပ်ကို တဖြည်းဖြည်းတော့ ရင်းနှီးလာကြပါပြီ။ ဒီလို ရင်းနှီးလာပေမယ့်လည်း အာမခံ အမျိုးအစား တစ်မျိုးချင်းစီကို သေသေချာချာ ရင်းနှီးသူကတော့ နည်းနေဆဲပါ။ ဒီတစ်ခေါက်တော့ လူတိုင်းအတွက် အရေးကြီးတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျန်းမာရေး အာမခံ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ကျန်းမာရေး အာမခံဆိုတာ ကျန်းမာရေးအာမခံဆိုတာက ဆေးကုသမှု ကုန်ကျစရိတ်တွေ၊ ခွဲစိတ်ကုသမှုတွေအတွက် ပေးချေရမယ့် ကုန်ကျစရိတ်တွေကို ကာမိစေဖို့ လုပ်ဆောင်ထားတဲ့ အာမခံ တစ်မျိုးပါ။ အာမခံ ထားထားတာကြောင့် ကျန်းမာရေး ပြဿနာ တစ်ခုခု ကြုံလာတဲ့အခါ အာမခံထားထားတဲ့ ကုမ္ပဏီ ဘက်က အပြည့်အဝကို ဖြစ်စေ ကုန်ကျစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ပေးချေပေးမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း