သိုင်းရွိုက်ရောဂါကလည်း ချွေးထွက်များတာကို ဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းတွေ ထွက်ရှိမှုကို အဟန့်အတားဖြစ်စေတဲ့ အခြေအနေတွေနဲ့ ခန္ဓာကိုယ် အပူချိန် ထိန်းညှိမှုမှာ အနှောင့်အယှက် ဖြစ်စေတာကြောင့် ချွေးထွက်များတာကို ဖြစ်စေတာပါ။
သိုင်းရွိုက် အရမ်း အလုပ်လုပ်လွန်းရင်လည်း ချွေးအများကြီး ထွက်နိုင်သလို သိုင်းရွိုက် အလုပ်မလုပ်နိုင်ဘူးဆိုရင်လည်း ချွေးထွက် များနိုင်ပါတယ်။
သွေးဆုံးချိန်မှာ အီစက်ထရိုဂျင် နဲ့ ပရိုဂျက်စတုန်း ဟော်မုန်တွေ ပြောင်းလဲတာကြောင့် ခန္ဓာကိုယ် အပူချိန် ပြောင်းလဲပြီး ချွေးထွက် များစေနိုင်ပါတယ်။ သွေးဆုံးချိန်မှာတင် မဟုတ်ဘဲ ရာသီလာချိန် ဟော်မုန်း ပြောင်းလဲတဲ့အခါမျိုးမှာလည်း ချွေးတွေက ပုံမှန်ထက် ပိုပြီး ထွက်နိုင်ပါတယ်။
သွေးဆုံးခါနီး ဟော်မုန်း အပြောင်းအလဲဖြစ်တဲ့အချိန်မှာလည်း ချွေးစေးတွေထွက်ပြီး ပူစပ်ပူလောင်ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ခန္ဓာကိုယ်က အီစထရိုဂျင်ဟော်မုန်းတွေ အထွက်များပြီး အခြားဟော်မုန်း ပြောင်းလဲမှုတွေလည်း ဖြစ်တာကြောင့် ခန္ဓာကိုယ်အပူချိန် မြင့်တက်ပြီး ချွေးတအားထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အစောပိုင်းကာလတွေမှာ ချွေးထွက် များနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။