ပိုဆိုးတာက စိတ်ဖိစီးမှု သက်သာလို သက်သာငြား အစားတွေ တရားလွန်စားတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေပဲ စားတာ၊ ဆေးလိပ်နဲ့ အရက်တွေ သောက်တာ၊ တစ်နေကုန် တီဗွီရှေ့မှာပဲ နေတာ စတာတွေကလည်း ကျန်းမာရေးကို ပိုထိခိုက်စေပါတယ်၊၊
လုပ်ငန်းခွင် စိတ်ဖိစီးမှု တွေကနေ လွန်မြောက်စေဖို့
-
စိတ်ဖိစီးရတဲ့ အကြောင်းရင်းကို ဖြေရှင်းပါ။
ဘာတွေက သင့်ကို စိတ်ဖိစီးနေတာလဲ၊၊ မပြီးပြတ်သေးတဲ့ အလုပ်တွေလား၊၊ လစာနည်းတာလား၊၊ အထက်လူကြီးက အပြစ်ရှာလွန်းနေတာလား စသဖြင့် ကိုယ့်ကို ဖိစီးစေတဲ့အရာတွေကို စဉ်းစားကြည့်ပါ၊၊ တချို့ပြဿနာတွေက စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေထာထက်စာရင် တည့်ရင်ဆိုင်လိုက်တာက စိတ်ကို သက်သာရာရစေပါတယ်၊၊
-
အလုပ်ချိန် နားချိန် သတ်မှတ်ထားပါ၊၊
ကိုဗစ်ဖြစ်တုန်းက အိမ်ကနေပဲ အလုပ်လုပ်ရတယ်၊၊ ခုရောဂါတွေ ငြိမ်သွားတော့ ရုံးပြန်တက်ကြတယ်၊၊ ခက်တာက အိမ်မှာနေလည်း အလုပ်လုပ်လို့ရနေတော့ ရုံးဆင်းလို့ အိမ်ပြန်သွားရင်တောင် အလုပ်က နောက်ကနေ လိုက်လာပါသေးတယ်၊၊ ဒီလိုဆို နားချိန် ရှိမှာ မဟုတ်တော့ပါဘူး၊၊ နားချိန်မှာ အပြည့်အဝနားနိုင်ဖို့ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ်ထားပါ၊၊
-
ကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့၊၊
အနည်းဆုံးတော့ အခြေခံကျတဲ့ အအိပ်နဲ့ အစားကို သတိထားဖို့ လိုပါတယ်၊၊ ပုံမှန် အိပ်ချိန်ထချိန် သတ်မှတ်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အားထုတ်တာတွေက လိုအပ်ပါတယ်၊၊
အစားအသောက်ဆိုလည်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားဖို့ လိုပါတယ်၊၊ အလုပ်သိပ်ရှုပ်လွန်းရင် အစားစားချိန်တွေ လွတ်သွားတာ၊ အာဟာရမဖြစ်ဘဲ အလွယ်ရတာတွေ စားမိတတ်ပါတယ်၊၊ ဒီလိုမဖြစ်အောင် အားရှိပြီး စားရလွယ်မယ့် စားစရာတစ်ခုခု ဆောင်ထားသင့်ပါတယ်၊၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။