အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ

အရက်ကို အချိုရည်နဲ့ ရောသောက်တာက အဝင်ကောင်းပေမယ့် ခန္ဓာကိုယ်ကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အချိုရည် ဆိုတာ ဘာတွေကို ဆိုလိုချင်တာလဲ အချိုရည် ဆိုတာက ကလေးတွေကစပြီး လူကြီးတွေအထိ သောက်နေကြတဲ့ အချိုရည်တွေပါ။ မြင်သာအောင် ပြောပြရရင် Cola၊ Sprite နဲ့ လိမ္မော်ရည်လိုမျိုးတွေကို ပြောချင်တာပါ။ ဒီအချိုရည်တွေက သောက်လို့ ကောင်းတာမှန်ပေမယ့် အရမ်းများရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်စေတာတော့ အမှန်ပါ။ အချိုရည်ထဲမှာ များပြားလွန်းတဲ့ သကြားတွေနဲ့ ဂတ်စ်တွေ ပါဝင်နေပါတယ်။ ဒီပါဝင်နေတဲ့ အရာတွေက အလွန်အကျွံသောက်ရင် ရေရှည်မှာ အဝလွန်တာ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီသောက်စရာတွေက အအေးအနေနဲ့ဆိုရင် အတော်လေး အမောပြေပြီး သောက်ရတာ အင်မတန် ကောင်းပါတယ်။ ဒီလို […]


ရောဂါလက္ခဏာများ

ခြေချင်းဝတ်တွေ ရောင်နေတာ ဒီကျန်းမာရေး အခြေအနေတွေကြောင့်ပါ

ခြေချင်းဝတ်တွေ၊ ခြေဖဝါးတွေ၊ ခြေထောက်တွေ ရောင်တာကို ဆေးပညာ စကားရပ်အရ edema လို့ ခေါ်ပါတယ်။ ဒီလို ခြေထောက်တွေ ခြေချင်းဝတ်တွေ ရောင်နေတာ က တော်တော်လေး စိတ်ညစ်စရာ ကောင်းသလို တစ်ခါတလေမှာ အချက်ပေးလက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုမျိုး ခြေချင်းဝတ်ရောင်တာကို မကုဘဲ ထားမယ်ဆိုရင် နာကျင်တာ၊ လမ်းလျှောက်ရခက်တာနဲ့ အဆစ်တွေတောင့်တင်းတာ၊အရေပြားတွေ ဖောရောင်နာကျင်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ခြေချင်းဝတ်ရောင်တာ များသောအားဖြင့်တော့ အသက်အန္တရာယ် မရှိစေနိုင်ပေမယ့် အချို့အခြေအနေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာရဲ့ အစပျိုး လက္ခဏာ ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကဲ .... ခြေချင်းဝတ်တွေ ရောင်နေတာ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ခြေချင်းဝတ် ရောင်တယ် ဆိုတာ ခြေချင်းဝတ် ရောင်တယ်ဆိုတာက ခြေချင်းဝတ်မှာ အရည်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား

ဆေးခန်းသွားရင် ဆေးထိုးလိုက်မှ နေမကောင်းပျောက်သလား၊ သောက်ဆေးတွေကရော။ ထိုးဆေးဟာ သောက်ဆေးတွေထက် ပိုအစွမ်းထက်တယ်လို့ လူတော်တော်များများက ယုံကြည်နေကြပါတယ်။ သူတို့ကို ဆေးမထိုးပေးလိုက်ရင် ရောဂါမသက်သာပါဘူးလို့ လူနာတချို့က တွေးတတ်ကြပါသေးတယ်။ ဒါကြောင့် ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား ဆိုတဲ့ အစွဲတွေ ဖြစ်လာပါတယ်။ ဆေးခန်းသွားရင် မဖြစ်မနေ ဆေးထိုးရမှာလား ဆေးထိုးအပ်နဲ့ ဆေးထိုးလိုက်ရင်နာကျင်မှုကို အနည်းနဲ့အများ ခံစားရပါတယ်။ အဲ့ဒီလို နာကျင်မှု တွေကြောင့် သူတို့ရဲ့ရောဂါ သက်သာတယ်လို့ ထင်နေကြပါတယ်။ သောက်ဆေး သောက်ခြင်းဟာ မနာကျင်ရတဲ့အတွက် ဝေဒနာ မသက်သာဘူးလို့ အထင်မှားနေကြပါတယ်။ တကယ်တော့ ဆေးထိုးလိုက်ပြီး အသားနာရခြင်းဟာ ဆေးရဲ့အစွမ်းသတ္တိနဲ့ ဘာမှမဆိုင်ပါဘူး။ ဆေးထိုးအပ်ကြောင့်ရယ်၊ ဆေးရဲ့ပါဝင်ပစ္စည်းတွေရယ်ကြောင့်ပါ။ https://hellosayarwon.com/health/general-health-knowledge/tips-for-reducing-injection-pain/ ထိုးဆေးတွေဟာ သောက်ဆေးတွေထက် အစွမ်းထက်တယ်ဆိုတာ တကယ်လား။ အဲ့ဒါကို မဆုံးဖြတ်ခင်မှာ သောက်ဆေးနဲ့ ထိုးဆေးဆိုပြီး ဘာကြောင့်နှစ်မျိုးခွဲနေလဲဆိုတာကို အရင်ဆုံးရှင်းပြပါရစေ။ တချို့ဆေးတွေဟာ သောက်ဆေးအနေနဲ့ဆို လုံးဝ […]


ကျန်းမာရေး အာမခံ

ကျန်းမာရေးအာမခံဝယ် မယ်ဆိုရင် စဉ်းစားသင့်တဲ့ ကုမ္ပဏီများ

ကျန်းမာရေးအာမခံဝယ် တာက ခုခေတ်မှာ ခေတ်စားလာပါပြီ။ နေမကောင်းဖြစ်မှ တလုံးတခဲတည်း ငွေကုန်ခံမယ့်အစား လစဉ် ပမာဏအနည်းငယ်ကို စုဆောင်းထားတာက နောင်ရေးအတွက် စိတ်အေးရတယ်။ ဒါကလည်း ရင်းနှီးမြုပ်နှံမှုတစ်ခုပဲလို့ ယူဆလာကြပါပြီ။ ကျန်းမာရေးပြဿနာဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံရမှာပါ။ ငွေကြေးအခက်အခဲရှိလို့ ဆေးမကုသလိုက်ရတာမျိုး မဖြစ်လေအောင် ကျန်းမာရေးအာမခံကို ကြိုတင်ဝယ်ယူထားသင့်ပါတယ်။ ကျန်းမာရေးအာမခံဝယ်ယူဖို့ အရေးကြီးသလား။ ကျန်းမာရေး အာမခံလို့ ပြောလိုက်ရင် နေမကောင်းဖြစ်မှ၊ ထိခိုက်ဒဏ်ရာရမှ လျော်ကြေးရမှာဖြစ်တဲ့အတွက် ဒါက မင်္ဂလာမရှိဘူးလို့ ယူဆထားကြပါတယ်။ တကယ်က မဟုတ်ပါဘူး။ အာမခံဝယ်ယူတယ်ဆိုတာ အနာဂတ်အတွက် သေချာတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အာမခံတွေက ကျန်းမာရေးအာမခံတွေအပြင် ပညာရေးအာမခံတွေ၊ ချေးငွေအာမခံစသဖြင့် အမျိုးအစားတွေ အများကြီး ဖြစ်လာပါပြီ။ နေထိုင်မကောင်းဖြစ်တာ၊ ထိခိုက်ဒဏ်ရာတွေ ရတာတွေတင် မဟုတ်ဘဲ မိမိရဲ့ သားသမီးနဲ့ မိသားစုဝင်တွေအတွက်ပါ ငွေကြေးစုဆောင်းနိုင်တယ်ဆိုတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနိုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက အဖျားသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် အကိုက်အခဲပျောက်စေတဲ့ အာနိသင်လည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ

လူက ချွေးထွက်များလို့ အရမ်းနုံးနေတာ၊ အော့အန်နေတာ၊ ဝမ်းတွေသွားနေတာမျိုးဆိုရင် ခန္ဓာကိုယ်က ရေဓာတ်တွေ အလျင်အမြန် ဆုံးရှုံးပါတယ်။ ဒီလို ​ရေဓာတ်ဆုံးရှုံးတာနဲ့အတူ ခန္ဓာကိုယ်က ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားပါတယ်။ ဒီလို ဆုံးရှုံးတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်ကို အမြန်ဆုံး ပြန်ဖြည့်နိုင်ဖို့ လိုပါမယ်။ ပြန်မဖြည့်ဖြစ်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနည်းက ဓာတ်ဆားရည် သောက်တာပါ။ ဒီတစ်ခေါက်တော့ ညကြီးမင်းကြီးမှာဖြစ်ဖြစ် ဓာတ်ဆား အလွယ်မရနိုင်တဲ့ နေရာမှာ ရောက်နေချိန်မှာ ဖြစ်ဖြစ် ဓာတ်ဆားရည် သောက်ဖို့ လိုနေတဲ့အခြေအနေမျိုးအတွက် ဓာတ်ဆားရည် အလွယ်တကူ မရှိတဲ့အခါ ဓာတ်ဆားရည်ကို ကိုယ်တိုင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဓာတ်ဆားရည် ဆိုတာ ဓာတ်ဆားရည်က ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ သတ္တုဓာတ်တွေ […]


ကျန်းမာရေး သတင်းများ

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

Johnson & Johnson လို့ ပြောလိုက်တာနဲ့ ကလေးပေါင်ဒါတွေကို ပြေးမြင်မိမှာပါ။ ဒါပေမယ့် များပြားလှတဲ့ တရားစွဲဆိုမှုတွေကြောင့် Johnson&Johnson က လာမယ့် ၂၀၂၃ကစပြီး Talc ပါဝင်တဲ့ ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ Johnson & Johnson နဲ့ ပေါင်ဒါအရှုပ်တော်ပုံ Johnson&Johnsonက လက်ရှိအချိန်မှာ သူတို့ရဲ့ Talcပါဝင်တဲ့ ပေါင်ဒါက ကင်ဆာဖြစ်စေတယ်ဆိုပြီး တရားစွဲဆိုမှုများစွာကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် မိန်းမကိုယ်နဲ့ အနီးတစ်ဝိုက်မှာ Talcပေါင်ဒါ အသုံးပြုတာကြောင့် သားဥအိမ်ကင်ဆာဖြစ်ရတယ်ဆိုပြီး အမျိုးသမီးတွေက တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။ Johnson&Johnsonက ကလေးပေါင်ဒါဆိုပေမယ့် ပေါင်ပွန်းတဲ့ အမျိုးသမီးတွေကလည်း အပွန်းသက်သာအောင် ပေါင်ခြံတစ်ဝိုက်မှာ အသုံးပြုကြပါတယ်။ Johnson & Johnsonရဲ့ တုံ့ပြန်ချက် Johnson&Johnsonကတော့ သူတို့ရဲ့ ပေါင်ဒါနဲ့ ပတ်သက်ပြီး စိတ်ချရမှုကို ယုံကြည်မှုရှိဆဲလို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ

နေထိုင်မကောင်းတာကြောင့်ဖြစ်ဖြစ် ခေါင်းကိုက်တာလိုမျိုး အပရိက ကျန်းမာရေး ပြဿနာလေးတွေကြောင့်ပဲ ဖြစ်ဖြစ် ဆေးသောက်ဖို့ လိုလာတဲ့အခါ ဆေးကို ဘယ်လို သောက်ဖြစ်လေ့ရှိသလဲ။ ဆေးကို ရေနဲ့ပဲ သောက်လိုက်တာပဲ ဆိုတာမျိုး ရှိသလို ရေကျက်အေး နဲ့သောက်တယ်။ ရေနွေးကြမ်းနဲ့ သောက်လိုက်တယ်။ နွားနို့နဲ့ သောက်လိုက်တယ်။ ကော်ဖီ လက်ဖက်ရည်တွေ၊ သစ်သီးဖျော်ရည်တွေ၊ အချိုရည်တွေနဲ့ အဆင်သင့်သလို လွယ်လွယ်ကူကူရတာနဲ့ သောက်လိုက်တာပဲ ဆိုတဲ့သူတွေ ရှိနိုင်ပါတယ်။ ဆေးသောက်တဲ့အခါ ဝမ်းထဲရောက်သွားရင် ပြီးတာပဲ အရည်တစ်ခုခုနဲ့ မျိုချလိုက်တာပဲလို့ ပြန်ဖြေမယ့်သူက များမယ်ထင်ပါတယ်။ တကယ်ကတော့ ဆေးသောက်တဲ့အခါ ရေ ဒါမှမဟုတ် အအေးခံထားတဲ့ ရေကျက်အေးနဲ့ သောက်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ ဆေးတစ်ခုခု သောက်မယ်ဆိုရင် ရေနဲ့ပဲ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ခန္ဓာကိုယ် ကျန်းမာဖို့အတွက်က အာဟာရတွေ ညီညွတ်မျှတဖို့ လိုပါမယ်။ အာဟာရတွေကို ပြည့်ဝလုံလောက်စွာ ရရှိမှလည်း စိတ်ရောကိုယ်ပါ ကျန်းမာပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အာဟာရမျှတမှုဆိုတဲ့နေရာမှာ ဓာတ်ဆားမျှတမှု ရှိဖို့လည်း လိုပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ နဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဓာတ်ဆားဓာတ် [Electrolytes ] အကြောင်း Electrolytes ဆိုတာက ခန္ဓာကိုယ်ရဲ့ အရည်တွေထဲမှာ သဘာဝအတိုင်း တွေ့ရတဲ့ chemicals တွေပါ။ ဒီ Electrolytes တွေထဲမှာ ကလိုရိုက်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လည်ပတ်ဆောင်ရွက်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ကျောက်ကပ်တွေက ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ ဆားဓာတ်တွေကို ဆီးကနေတဆင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Probiotics က ကိုယ်ခံအားကို ကောင်းစေသလား

ရောဂါတွေ အမျိုးမျိုး ဖြစ်နေချိန်မှာ တစ်နေ့ထက်တစ်နေ့ ပိုအရေးကြီးလာတဲ့ အရာက ကိုယ်ခံအား ကောင်းဖို့ပါ။ ရာသီအကူးအပြောင်းကြောင့် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တုပ်ကွေးရယ် ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ဓာတ်မတည့်မှုရယ်၊ အချိန်မရွေး ကူးစက်နိုင်တဲ့ ပတ်ဝန်းကျင်က ရောဂါပိုးတွေရယ်ကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အနေအထားရအောင် လုပ်ဆောင်ထားဖို့ လိုပါမယ်။ ဒီတော့ ကိုယ်ခံအားကောင်းဖို့ ဘာတွေလုပ်ရမလဲ။ ဘာတွေကများ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မလဲဆိုပြီး တွေးနေပြီလား ..... ဒါဆိုရင်တော့ လူတွေကြားမှာ ရေပန်းစားလာတဲ့ Probiotics က ကိုယ်ခံအားကို ကောင်းစေသလား ..... ဘယ်လိုတွေများ အားဖြည့်ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ Probiotics က ကိုယ်ခံအားကို ကောင်းစေသလား Probiotics က ကိုယ်ခံအားကို ကောင်းစေသလား .... ဆိုတာကို မပြောခင် Probiotics အကြောင်းလေး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း