backup og meta

သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ

    လက်တွေက တစ်ခုခုကို ကိုင်တွယ်ဖို့ သယ်ပိုးဖို့၊ စာရေးဖို့၊ ကားမောင်းဖို့၊ ချက်ပြုတ်ဖို့လိုမျိုး နေ့စဉ် သမာရိုးကျ လုပ်ငန်းဆောင်တာတွေအတွက်ပဲ အသုံးဝင်တယ်လို့ ယူဆနေဆဲပဲလား …… ဒါဆိုရင်တော့ ဒီအယူအဆကို ပြောင်းလဲဖို့ လိုနေပါပြီ။ သင့်လက်တွေက သင့်ကျန်းမာရေးအကြောင်းကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖော်ပြပေးနေပါသတဲ့။ ဒီတော့ သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ အကြောင်း ဗဟုသုတလေး ဝေမျှပေးချင်ပါတယ်။

    သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ

    လက်တွေက ကျန်းမာရေးအခြေအနေတွေကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ဘယ်လို ဖော်ပြပေးနေလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……

    သင့်လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး လျှို့ဝှက်ချက်များ ကို တစ်ချက်ချင်း ဖတ်ရင်း ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဆင့်ချင်း စစ်ဆေးကြည့်ရအောင်နော်။

    လက်တွေက သန်သန်မာမာ ဆုပ်ကိုင်နိုင်တယ်

    လက်ဆွဲနှုတ်ဆက်တဲ့အခါမှာဖြစ်ဖြစ်၊ အရာဝတ္ထု တစ်ခုခုကို ဆုပ်ကိုင်တဲ့အခါမှာဖြစ်ဖြစ်၊ ဘားတန်းခိုတာလိုမျိုး အားကစားလုပ်တဲ့အခါမှာဖြစ်ဖြစ် မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်တယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါမျိုးမှာ အခြားသူရဲ့ လက်ကို သေသေချာချာ ဆုပ်ကိုင်ပြီး အားရပါးရ လက်ဆွဲနှုတ်နိုင်တယ်။ လက်တွေက သန်သန်မာမာကို ဆုပ်ကိုင်နိုင်တယ်ဆိုရင် နှလုံးကျန်းမာရေး ကောင်းတဲ့ လက္ခဏာပါ။ လက်တွေက သန်သန်မာမာ ဆုပ်ကိုင်ပြီး အားပါးတရ လက်ဆွဲနှုတ်ဆက်နိုင်ခြင်းက ခင်မင်ရင်းနှီးမှုကို တိုးစေရုံဆိုတာထက် ပိုပြီး နှလုံးလုပ်ဆောင်ချက်ကောင်းတယ်ဆိုတာကိုပါ ဖော်ပြနေတာပါ။

    လက်က မြဲမြဲမြံမြံ မရှိဘူးဖြစ်နေတယ်

    လေ့လာမှု တစ်ရပ်အရ အမျိုးသား၊ အမျိုးသမီး ၅ သိန်းကျော်ဟာ သူတို့ရဲ့ လူလတ်ပိုင်းအရွယ်မှာ လက်တွေက တစ်ခုခုကို ကိုင်လိုက်တိုင်း လွတ်ကျတာလိုမျိုး မြဲမြဲမြံမြံ မရှိတာမျိုး ကြုံကြရပါတယ်။ ဒီလိုမျိုး ဘာကိုင်ကိုင် လက်က မြဲမြဲမြံမြံ မရှိတာက နှလုံးရောဂါ ခံစားရနိုင်ခြေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရနိုင်ခြေနဲ့ ကင်ဆာရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက် များနေသလို ဒီရောဂါတွေကြောင့် အသက်ဆုံးရှုံးနိုင်ခြေက ပုံမှန်ထက် ၂၀ ရာခိုင်နှုန်း ပိုများနေပါတယ်။

    လက်တွေသန်မာမှုက ကြွက်သားသန်မာမှု၊ အာဟာရပြည့်ဝမှုတို့နဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။

    လက်တွေက ကိုင်တွယ်ရ အဆင်ပြေတယ်

    အရမ်းမြဲမြံတယ် မဟုတ်ပေမယ့် သေသေချာချာတော့ ကိုင်တွယ်လို့ရတယ်။ puzzle ဆက်တာလိုမျိုး အနုစိတ်လေးတွေအထိတော့ လုပ်နိုင်သေးတယ်။ ဒါဆိုရင်တော့ သိမြင်မှုစွမ်းရည် ကောင်းမွန်နေတယ်လို့ ဆိုရပါတယ်။ မှတ်ဉာဏ်တွေ ကောင်းကောင်း အလုပ်လုပ်သလို ပြဿနာ ဖြေရှင်းနိုင်စွမ်းလည်း ကောင်းပါတယ်။

    လက်သည်းကိုက်တာက ကျန်းမာရေးအတွက် အကျင့်ဆိုးတစ်ရပ်ပါ။ လက်သည်းတွေကို တိုဝင်သွားပြီး သွေးထွက်တဲ့အထိ ကိုက်တာက အကျင့်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်ပြကြည့်ဖို့ လိုပါပြီ။

    လက်သည်းကိုက်တာက ထိန်းချုပ်လို့ မရတဲ့ အခြေအနေဖြစ်နေတာဆိုရင်တော့ obsessive-compulsive disorders လို့ခေါ်တဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ရပ်ကို ခံစားနေရတာပါ။

    လက်သည်းတွေ အရောင်ပြောင်းနေတယ်

    လက်သည်းတွေရဲ့ ပုံမှန်အရောင်က ပန်းရောင်ပါ။ တကယ်လို့ လက်သည်းတွေက ပန်းရောက်မဟုတ်ဘဲ အဖြူရောင်၊ အစိမ်းရောင်၊ အဝါရောင် စသဖြင့် အရောင်ပြောင်းနေမယ်ဆိုရင်တော့ ဘက်တီးရီးယားတွေနဲ့ မှိုပိုး ကူးစက်ခံရတာ ဖြစ်နိုင်သလို သိုင်းရွိုက်ရောဂါ တစ်ခုခု ရှိနေတာ ဖြစ်နိုင်ပါတယ်။

    လက်သည်း ခွက်နေတယ်

    လက်သည်းတွေ ဇွန်းလိုမျိုး ခွက်ဝင်နေတာက သွေးအားနည်းရောဂါ ရှိနေတာပါ။ သံဓာတ်က လက်သည်းခြေသည်းလေးတွေ ကျန်းမာသန်စွမ်းဖို့ အဓိကကျတဲ့ အာဟာရဓာတ်ပါ။ ရာသီသွေးဆင်းများတာ၊ ကိုယ်ဝန်ဆောင်နေရတာ၊ သံဓာတ်ပါဝင်တဲ့ အစားအစာတွေကို အစားနည်းတာတွေက သံဓာတ်ချို့တဲ့မှုကို ဖြစ်စေပြီး ရေရှည်မှာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။

    လက်သည်းမှာ အမည်းကွက် ပေါ်နေတယ်

    လက်သည်းမှာ အမည်းရောင် အကွက် ပေါ်နေတာက အရေပြားကင်ဆာရဲ့ လက္ခဏာ တစ်ရပ်ပါ။ ဒါကြောင့် လက်သည်းမှာ အမည်းရောင် အစက်စက်တွေ အကွက်တွေက ထိခိုက်မိတာ မရှိဘဲ ပေါ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

    လက်ညှိုးနဲ့ လက်သူကြွယ်တွေက ကျန်းမာရေးကို အများကြီး ပြောပြနေပါတယ်။ လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်တာက ကင်ဆာဖြစ်နိုင်ခြေနည်းပါတယ်။ အတည်မပြုနိုင်ပေမယ့် တချို့လေ့လာချက်တွေမှာ အမျိုးသားတွေမှာ လက်ညှိုးရှည်နေတာက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေနည်းစေတယ်လို့ ဆိုပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၃၃% ပိုနည်းနေတာပါ။

    အမျိုးသားတွေမှာ လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်တာက ကင်ဆာဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေတော့ များပါတယ်။

    လက်ကောက်ဝတ်မှာ ခရမ်းရောင် အဖုအပိမ့်တွေ ထွက်နေတယ်

    လက်ကောက်ဝတ်မှာ ခရမ်းရောင် အဖုအပိမ့်တွေ ထွက်နေတယ်။ ယားလည်းယားတယ်။ ရောင်လည်းရောင်နေမယ်ဆိုရင်တော့ အင်ပြင် ဒါမှမဟုတ် ဓာတ်မတည့်မှု တစ်ခုခုကို ခံစားနေရတာပါ။ ကာကွယ်ဆေးကြောင့် ဖြစ်နိုင်သလို သွေးတိုးရောဂါ နဲ့ အဆစ်ရောင်ရောဂါတွေအတွက် သောက်ဆေးတွေ၊ အကိုက်အခံပျောက်ဆေးတွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်ရတာပါ။

    ကဲ …… ကိုယ့်လက်တွေရော အဆင်ပြေရဲ့လားလို့ ဆန်းစစ်ပြီးပြီလား ………..

    လက်တွေက ပြောပြနေတဲ့ ကျန်းမာရေး

    လက်တွေက ကျန်းမာရေးအခြေအနေတွေကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ဖော်ပြနေပါတယ်။
    • လက်တွေက သန်သန်မာမာ ဆုပ်ကိုင်နိုင်တယ်
    • လက်က မြဲမြဲမြံမြံ မရှိဘူးဖြစ်နေတယ်
    • လက်တွေက ကိုင်တွယ်ရ အဆင်ပြေတယ်
    • လက်သည်းကိုက်တယ်

    • လက်သည်းတွေ အရောင်ပြောင်းနေတယ်

    • လက်သည်း ခွက်နေတယ်နေတယ်

    • လက်သည်းမှာ အမည်းကွက် ပေါ်နေတယ်

    • လက်ညှိုးရှည်နေတယ်

    • လက်ကောက်ဝတ်မှာ ခရမ်းရောင် အဖုအပိမ့်တွေ ထွက်နေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement