တစ်ကိုယ်ရည် ကာကွယ်မှုတွေ လိုက်နာပါ။ လူစုလူဝေးကို ရှောင်တာ၊ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာတွေကို ပြန်လုပ်ကြပါ။ ခုတလော နှာခေါင်းစည်းမပါဘဲ အပြင်ထွက်တဲ့သူတွေ အများကြီးတွေ့နေရတာကြောင့် သေသေချာချာ ပြန်တပ်ကြဖို့၊ အရင်လိုပဲ သတိထားကြဖို့ အကြံပေးလိုပါတယ်။
- မိမိကိုယ်ကို သံသယရှိရင် ဆေးစစ်ပါ။
မိမိမှာ ကိုဗစ်လက္ခဏာတွေ ခံစားရရင် စောစောစီးစီး ကိုဗစ်စစ်ဆေးပါ။ ခုလို ရာသီမှာ တုပ်ကွေးလည်း ဖြစ်နိုင်ပေမယ့် သံသယရှိရင် ချက်ချင်းဆေးစစ်ပါ။ ပေါ့စတစ်ဆို မိသားစုနဲ့ ဝေးဝေးနေပါ။ အလုပ်က နားရက်ယူပါ။ ဒီလိုမှပဲ ပိုးကူးစက်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အရင်က အိုမီခရွန်ဖြစ်ပြီးပြီ။ ခုထပ်ဖြစ်နိုင်သလား။
BA.5က ကူးစက်လွယ်ပြီး ခုခံအားစနစ်ကို ကျော်လွှားနိုင်တဲ့အတွက် အရင်က အိုမီခရွန်ဖြစ်ဖူးလည်း ပြန်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရင်က ဖြစ်ဖူးတာ ရက်၉၀ကျော်သွားရင် ခုခံအား နည်းသွားလို့ ပိုကူးနိုင်ပါတယ်။
အရင်က ဖြစ်ဖူးတာက ခုမဖြစ်အောင် ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူးလို့ New York, Mount Sinai Health Systemက ကူးစက်ရောဂါကာကွယ်ရေး ဒါရိုက်တာ Dr. Bernard Caminsက ဆိုပါတယ်။
တစ်ခုရှိတာက ထပ်အကူးခံရတဲ့အခါ အရင်ကလောက် မပြင်းထန်နိုင်ဘူးလို့ ယူဆရပါတယ်။
တကျော့ပြန် အိုမီခရွန်အတွက် ဘာတွေပြင်ကြမလဲ။
အဓိကကတော့
- ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးထားပါ။
- အရင်လိုပဲ လက်ဆေးပါ။ နှာခေါင်းစည်း တပ်ပါ။
- သံသယရှိရင် ဆေးစစ်ပြီး လူတွေနဲ့ ဝေးဝေးနေပါ။
- အရင်က ကူးဖူးတယ်ဆိုပြီး မပေါ့ဆဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။