တစ်နေ့ကို နာရီပေါင်းများစွာ ထိုင်ပြီး Screenကို ထိုင်ကြည့်နေတာက ဘဝတိုးတက်ရာအတွက် လုပ်နေရတယ်ဆိုရင်တောင်မှ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နာရီပေါင်းများစွာ လှုပ်ရှားမှု မရှိဘဲ တိုင်နေတာက ကြွက်သားပြဿနာ၊ နှလုံးရောဂါ၊ ဆီးချို နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ကျန်းမာရေးကို အရေးမစိုက်တာ
ချောင်းဆိုးနေပြီဆိုရင် ချောင်းဆိုးတာလေးပါပဲ ဆိုပြီး ဆေးလည်းမသောက် အနားလည်းမယူဘဲ လျစ်လျူရှုတတ်တဲ့ အကျင့် ရှိနေပြီလား။ မပြင်းထန်မချင်း ဆေးခန်းမပြဘဲနေတာမျိုးပေါ့။
တစ်ခါတလေမှာ ချောင်းဆိုးတာက ရောဂါကြီးကြီးမားမားတွေရဲ့ ရှေ့ပြေး လက္ခဏာတွေ ဖြစ်နေတတ်တာကြောင့် ခန္ဓာကိုယ်မှာ အသေးစား ကျန်းမာရေး ပြဿနာလေးတွေ ခံစားနေရပြီဆိုရင်တောင်မှ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
အခုပြောတဲ့ အလေ့အထတွေ ထဲက ဘယ်နှခုလောက်ကိုများ ပိုင်ဆိုင်ထားပါသလဲ။ ပိုင်ဆိုင်ထားလားဆိုတာကို ဆန်းစစ်ပြီး ပိုင်ဆိုင်ထားရင် အခုပဲ စွန့်လွှတ်လိုက်ပါလို့ ပြောပါရစေ။
ကျန်းမာရေးအတွက် မဖြစ်မနေ စွန့်လွှတ်ရမယ့် အလေ့အထများ
ကျန်းမာရေးအတွက် မဖြစ်မနေ စွန့်လွှတ်ရမယ့် အလေ့အထများကတော့
- မနက်စာ မစားတာ
- ညဘက် နောက်ကျမှ အစားစားတာ
- စိတ်ဖိစီးမှုတွေကို သိမ်းထားတာ
- ရေသောက်နည်းတာ
- အငန် အစားများတာ
- Screen Time များတာ
- ကျန်းမာရေးကို အရေးမစိုက်တာ တို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။