ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

အပြေးလေ့ကျင့်ခြင်းနှင့် စိတ်ကျန်းမာရေး

ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာရေးအတွက် အထောက်အကူပြုပေးတယ်ဆိုတာ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့အထဲမှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေက အများကြီးပါ။ ဒီလေ့ကျင့်ခန်းတွေ ထဲမှာမှ အပြေးလေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေလား…….. စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အပြေးလေ့ကျင့်ပါ အပြေးလေ့ကျင့်တဲ့အခါ • အိပ်ပျော်စေတယ် • စိတ်ခံစားမှုကောင်းတယ် • အင်အားပြည့်ဝစေတယ် • ခန္ဓာကိုယ် သန်မာတယ် • သက်လုံကောင်းတယ် • သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ် • နှလုံးကျန်းမာစေနိုင်တယ် • အဆုတ်ကျန်းမာစေနိုင်တယ်။ စိတ်ကျန်းမာဖို့ အပြေးလေ့ကျင့်စို့…….. အပြေးလေ့ကျင့်ပေးတဲ့အခါ အခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုပြေလျော့စေတယ် ကိုယ်တွင်းမှာ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ Endorphins ဟော်မုန်းထွက်ရှိတဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ သက်သာစေနိုင် သလို စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီဟော်မုန်းထွက်ရှိမှုကများလာပြီး စိတ်ဖိစီးမှုတွေကို သိသိသာသာပြေလျော့စေမှာပါ။ ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့ဖို့ဆိုရင်တော့ တစ်နေ့ကို […]


အခြားလေ့ကျင့်ခန်းများ

ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး (၉) ချက်

ဘောလုံးအားကစားက လူကြိုက်များလား၊ မများလား နိုင်ငံတကာက ဘောလုံးပရိသတ်အင်အားကိုသာ ကြည့်ပါ။ ဘောလုံးပွဲဟေ့ဆို ထိုင်ရာမထစတမ်း စုဝေးကြည့်ကြ၊ တစ်နိုင်ငံလုံးနီးပါး အားပေးလိုက်ကြတာမျိုး။ ကိုယ့်နီးစပ်ရာ ဘောလုံးအားကစားကွင်းလေးတွေမှာလည်း အားတဲ့အချိန် အပျော်တမ်းစုကစားကြပါသေးတယ်။ ဒီဘောလုံးကစားနည်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် သိပ်အကျိုးပြုနိုင်တယ်ဆိုတာရော သိထားပြီးပြီလား။ အပျော်တမ်းအဖြစ်နဲ့ ကလေး၊ လူကြီး အတူကစားလို့တောင်ရတဲ့ ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်နော်။ ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး (၉) ချက် ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး တွေကတော့ - (၁) သက်လုံကောင်းစေတယ် ဘယ်နှုန်းနဲ့ပဲဖြစ်ဖြစ် မိနစ် ၉၀ လောက်ပြေးနေဖို့ဆိုတာ သက်လုံကောင်းမှ၊ အမောခံနိုင်မှ ဖြစ်မှာပါ။ ကစားနေချိန်အတွင်း ဖြည်းဖြည်းလှုပ်ရှားလိုက်၊ ပြေးလိုက်၊ မြန်မြန်ပြေးလိုက်နဲ့ သက်လုံကောင်းဖို့ အလေ့အကျင့်ဖြစ်စေနိုင်ပါတယ်။ ဘောလုံးကစားလေ့ရှိသူက ပုံမှန်ထက် ပိုပြီး အမောခံနိုင်ပါတယ်။ (၂) နှလုံးသွေးကြောကျန်းမာရေး ပိုကောင်းစေတယ် ဘောလုံးကစားသူက ပုံမှန်လမ်းလျှောက်တာ၊ […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ယောဂ လုပ်ပါလို့ပြောရတဲ့အကြောင်းအရင်း

ယောဂကရှေးကျတဲ့ လေ့ကျင့်ခန်းပုံစံတစ်ခုပေါ့။ အိန္ဒိယကနေ အစပြုလာတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတစ်မျိုးပေါ့။ ယောဂက ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်သလို ခန္ဓာကိုယ်အတွက်ရော ကြွက်သားတွေ အတွက်ပါ အထောက်အကူပြုပေးနိုင်ပါတယ်။ ယောဂကနေ ဒီလိုအကျိုးကေးဇူးတွေရရှိနိုင်ပါတယ် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်တယ် - ယောဂကစားတာက ကြွက်သားတွေကို ဆန့်ထုတ်ရတာဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းစေနိုင်ပြီး အကြောတွေပြေစေနိုင်ပါတယ်။ ကြွက်သားတွေ သန်စွမ်းစေနိုင်ပါတယ် - ယောဂက တစ်ကိုယ်လုံးကိုလှုပ်ရှားရတာကြောင့် ကြွက်သားတွေ၊ အရွတ်တွေ နဲ့ အကြောတွေကို သန်စွမ်းစေနိုင်ပါတယ်။ ကိုယ်နေဟန်ထား ကောင်းလာစေတယ် - ကြွက်သားတွေ အရိုးအကြောတွေကို သန်မာစေနိုင်တာကြောင့် ခန္ဓာကိုယ်က ပုံစံကျပြီး ကိုယ်နေဟန်ထားကောင်းလာစေမှာပါ။ လက်ပျဉ်ကိုင်းတာ၊ ခါးကိုင်းတာမျိုး ကင်းဝေးသွားမှာပါ။ အရိုးနုတွေ အဆစ်တွေကို ကာကွယ်ပေးတယ် - ယောဂက အဆစ်တွေကိုလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်တာ ကြောင့် အရိုးနုတွေနဲ့ အဆစ်တွေကို ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကျောရိုးတွေကို သန်မာစေနိုင်တယ် - အထိုင်များတဲ့ သူတွေအတွက် […]


အခြားလေ့ကျင့်ခန်းများ

ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းအချို့

တိုးတက်လာတဲ့ခေတ်ကာလအနေအထား အစားအသောက်နဲ့ လုပ်ငန်းခွင်ပုံစံတွေကြောင့် မလိုချင်ဘဲတိုးလာတာတွေက ခန္ဓာကိုယ်တွင်း အဆီတွေနဲ့ ကိုယ်အလေးချိန်တွေ ပါ။ တစ်ပတ်တစ်ခါ ပေါင်ချိန်လိုက်တိုင်းကို ပေါင်ချိန်တွေတက်နေတာကြောင့် စိတ်ပျက်နေတဲ့ ကိုကိုတွေနဲ့လေဒီတွေအတွက် ခန္ဓာကိုယ်က အဆီပိုတွေကို ကိုယ်အလေးချိန်ကို ထိန်းညှိရာမှာ အထောက်အကူဖြစ်စေမယ့် ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။ ကိုယ်အလေးချိန် တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းအချို့ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းထားချင်သူတွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းလေးတွေက ၁. Plank ထောက်ပါ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေအတွက် အထောက်အပံ့ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ ညီညာနေတဲ့ ကြမ်းပြင်တစ်ခုရှိရုံနဲ့တင်လုပ်လို့ရတဲ့ ကိရိယာလွတ် လေ့ကျင့်ခန်း တစ်မျိုးပါ။ လက်တွေခြေထောက်တွေနာမှာ စိုးရင်တော့ ယောဂဖျာလေးခင်းပြီးလုပ်လို့ရပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာမှောက်လိုက်ပါ။ ပြီးရင်တော့ ခြေဖျားနဲ့ တံတောင်ဆစ်ကို အားယူလို့ ကိုယ်လုံးတစ်ခုလုံးကို ကြမ်းပြင်ကနေလွတ်အောင်လုပ်ပေးပါ။ တစ်ခါကို ၅ စက္ကန့်လောက်ကြာအောင်လုပ်ပါ။ လုပ်နိုင်လာတာနဲ့အမျှ […]


အခြားလေ့ကျင့်ခန်းများ

အဆီကျခါးပတ် ဝတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ။ ။

ခေတ်ကြီးက တိုးတက်လာပြီဆိုတော့ ဝိတ်ကျဖို့အတွက် gym ဆော့တာက တစ်မျိုး၊ အဆီကျဆေးသောက်တာကတစ်မျိုး အပြင် ခုနောက်ပိုင်း အဆီကျခါးပတ်တွေပါ ခေတ်စားလာခဲ့ပါပြီ။ ဗိုက်အဆီကျ ခါးပတ်၊ ခါးအဆီကျခါးပတ် ၊ လက်မောင်းအဆီကျခါးပတ်၊ အဆီချ အင်္ကျီ၊ အဆီချအတွင်းခံဆိုပြီး အမျိုးမျိုးပေါ်လာပြီမဟုတ်လား။ အဲဒီ အဆီကျ ခါးပတ်တွေက တကယ်ရောကောင်းလို့လား။ သူတို့မှာ ဘယ်လိုကောင်းကျိုးတွေရှိလဲ ။ ။ အဆီချ ခါးပတ်ဝတ်ခြင်းရဲ့ ကောင်းကျိုးများ ။ ။ ကျောရိုးနဲ့ခါးထိခိုက်သူများအတွက် အထိန်းဖြစ်စေပါတယ်။ ခါးနဲ့ နောက်ကျောပိုင်းကိုထိခိုက်ထားတဲ့သူတွေမှာ ကျောရိုးရဲ့ပုံစံကို ပြန်တည့်မတ်ဖို့နဲ့ ခါးကိုအထိန်းဖြစ်အောင် waist trimmers( ခါးသွယ်အဆီကျတဲ့ခါးပတ်) နဲ့ and compression bandages (ခါးထိန်းခါးပတ်) ဝတ်ပေးရပါတယ်။ ဒီလို ခါးပတ်တွေဝတ်ထားတော့ ထိုင်တဲ့အခါ သူက ကူထိန်းပေးပြီး ခါးနာခြင်းများကိုလည်း သက်သာစေပါတယ်။ Slimming effect ( […]


အခြားလေ့ကျင့်ခန်းများ

သွေးလည်ပတ်မှုကောင်းအောင်လုပ်ကြမယ်

ယုံရခက်ပေမဲ့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေအားလုံးကိုဆက်သွယ်လိုက်ရင် စုစုပေါင်းအရှည်မိုင် ၆ သောင်းကျော်တောင်ရှိတယ်ဗျ။ ဒီလောက်ရှုပ်ထွေးတဲ့ သွေးကြောစနစ်ကြီးကို အဓိကထောက်ပံ့ပေးထားတာကတော့ လက်သီးဆုပ်အရွယ်ရှိတဲ့နှလုံးနဲ့ ကြွက်သားတချို့ပါ။  သွေးကြောတွေက ခန္ဒာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကိုသယ်ပြီး တစ်ကိုယ်လုံးနေရာအနှံ့ကို ပို့ပေးတယ်ပေါ့ဗျာ။ ပြီးရင်သက်ဆိုင်ရာ အစိတ်အပိုင်းအသီးသီးက ရတဲ့အောက်ဆီဂျင်ကိုသုံးစွဲတယ်ပေါ့။ အဲ….ဒါပေမဲ့ သွေးလည်ပတ်မှုမကောင်းရင်တော့ အန္တရာယ်ရှိတယ်နော်။ သွေးကြောကျဉ်းလို့ဖြစ်ဖြစ်၊ ပိတ်လို့ဖြစ်ဖြစ် ပို့ရမယ့်နေရာကိုသွေးမရောက်လို့ကတော့ ဒီပြဿနာတွေဖြစ်လာနိုင်တယ်ဗျ - ခြေ၊လက်တွေမှာသွေးကောင်းကောင်းမလျှောက်တော့ရင် ခြေလက်တွေအေးစက်လာမယ်၊ ထုံလာမယ် - အကယ်၍ အသားဖြူတဲ့သူဆို ခြေထောက်မှာသွေးသိပ်မရောက်တော့ရင် ခြေထောက်ကပြာတာတာအရောင်ဖြစ်လာပါမယ် - အရေပြားတွေခြောက်သွေ့လာပါမယ် -ဆံပင်တွေကျွတ်မယ်၊ နောက်ပြီး ခြေသည်း၊လက်သည်းတွေ ကြွပ်ဆတ်ပြီး ကြေမွလွယ်လာပါလိမ့်မယ် - အမျိုးသားတွေဆို လိင်အင်္ဂါမထောင်မတ်နိုင်တော့တဲ့ပြဿနာမျိုးကြုံရမယ် - အကယ်၍ ဆီးချိုရောဂါရှိသူဆို အနာကျက်တာအရမ်းနှေးသွားပါမယ် ကဲ…အခုသွေးလည်ပတ်မှုမကောင်းရင်ဖြစ်လာမယ့် ပြဿနာတွေသိပြီဆိုတော့ ဒီပြဿနာမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာဆက်ပြောပြမယ်ဗျာ။ ၁. ဆေးလိပ်ဖြတ်ပါ ဆေးလိပ်ထဲပါတဲ့နီကိုတင်းဓာတ်က ခင်ဗျားရဲ့သွေးကြောနံရံတွေကိုကောင်းကောင်းဒုက္ခပေးနိုင်တယ်နော်။ ဆေးလိပ်သောက်တာကြာလေ သွေးကြောနံရံတွေထူလာလေဖြစ်ပြီး ကြာရင်လုံးဝသွေးမလျှောက်တော့တဲ့အထိကို ဝေဒနာက ဆိုးဝါးလွန်းပါတယ်ဗျာ။ ၂. သွေးပေါင်ချိန်ကိုဂရုစိုက်ပါ သွေးပေါင်ချိန်မြင့်လွန်းရင် သွေးလွှတ်ကြောတွေပိုမာကြောလာပြီး […]


အခြားလေ့ကျင့်ခန်းများ

တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ကိုယ့်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ

ကျောင်းနေအရွယ်ပြီးလို့ လုပ်ငန်းခွင်ထဲ ဝင်ရောက်လာတဲ့အခါ ကိုယ်တတ်ထားတဲ့ ပညာ၊ အရည်အချင်းတွေပေါ် မူတည်ပြီး နယ်ပယ်အမျိုးမျိုးမှာ တစ်ထောင့်တစ်နေရာကနေ ကိုယ်တတ်စွမ်းသလောက် ကြိုးစားရင်း ကိုယ့်ဘဝအနာဂတ်ကိုလည်း အရောင်ထွက်အောင် သွေးနေရတာ လူတိုင်းနီးပါးပါပဲ။ အဲ့တော့ အလုပ်လုပ်တာကလည်း ကိုယ့်ဘဝအတွက် ကောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေး ကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ပါဘူးနော်။ အထူးသဖြင့် တစ်နေကုန် ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်ကို ပြောင်းလဲစရာမလိုဘဲ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘာတွေအဓိက စားပေးသင့်လဲ၊ ဒီလိုအချိန်အကြာကြီးထိုင်နေတဲ့အခါ ကိုယ့် ကျန်းမာရေး ကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာကို သိထားမှ ဖြစ်မှာပါ။ အထိုင်များလာတဲ့ ပြဿနာ ဒီဘက်ခေတ်မှာ လူတော်တော်များများ ရုံးကို ရောက်ပြီဆိုတာနဲ့ ထိုင်ခုံနဲ့ တင်ပါးကို ကော်နဲ့ကပ်ထားသလို မထတမ်း မခွာတမ်း အလုပ်လုပ်နေကြရတယ်နော်။ အိမ်ပြန်ရောက်တော့လည်း […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သား လိုချင်သူ လေဒီလေးတို့အတွက် လေ့ကျင့်ခန်း

ဗိုက်ကလေးချပ်ရပ်နေတာကလည်း လေဒီလေးတို့ကို ယုံကြည်မှုတိုးစေတဲ့ အချက်လေးတွေထဲကတစ်ခုပါ။ ဒါဆို Hello ဆရာဝန်ပရိသတ်ကြီးထဲမှာရော သူများတွေဗိုက်သား ချပ်ချပ်ရပ်ရပ်လေးနဲ့ ဘာဝတ်ဝတ်လှနေတာကို ကြည့်ပြီး အားကျနေတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သူများတွေကို အားကျမနေဘဲ ကိုယ့်ဗိုက်လေး ကိုယ်ကြည့်မိတိုင်း နှစ်ထောင်းအားရဖြစ်စေဖို့ ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သား လိုချင်သူ လေဒီလေးတို့အတွက် လေ့ကျင့်ခန်း တွေက ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သား လိုချင်သူ လေဒီလေးတို့အတွက် လေ့ကျင့်ခန်း ဒီနေရာမှာ တစ်ခုကြိုပြောထားချင်တာက ချပ်ရပ်လှပတဲ့ ဗိုက်ကြွက်သားလေးတွေရဖို့ ကြိုးပမ်းမှုက တစ်ရက်၊ နှစ်ရက်နဲ့မဖြစ်နိုင်သလို လပိုင်းလောက်နဲ့လည်း မဖြစ်နိုင်ပါဘူး။ စိတ်ရှည်ဖို့လိုသလို အနေအထိုင် အစားအသောက်ကို သေချာဂရုစိုက်ပေးပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လည်း လိုပါမယ်။ ကဲ .... ချပ်ရပ်လျပတဲ့ ဗိုက်ကြွက်သား လိုချင်သူ လေဒီလေးတို့အတွက် လေ့ကျင့်ခန်း တွေ စလုပ်လိုက်ရအောင်။ အိပ်ထမတင် […]


အခြားလေ့ကျင့်ခန်းများ

စိတ်ကျရောဂါတွေကို လေ့ကျင့်ခန်းနဲ့ တိုက်ထုတ်စို့

ဒီဘက်ခေတ်မှာ လူကြီးတွေသာမက လူငယ်တွေမှာပါ စိတ်ကျရောဂါဝေဒနာတွေကို အလူးအလဲခံစားနေကြရတာ သတိထားမိမှာပါ။ ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ လူနေမှုပုံစံ၊ အရင်ကထက်ပိုပြီး ပွင့်လင်းလာတဲ့ လူ့ပတ်ဝန်းကျင်တွေ၊ ကြုံလာရတဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ စိတ်ပဲ ဖြစ်နေပါစေ အနည်းငယ်တော့ လှိုင်းဂယက်ရိုက်သွားစေနိုင်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် လူတွေက ပေါ့သေးသေး သဘောထားတတ်ကြပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါခံစားနေရတဲ့သူတွေဆိုရင် ကူညီအားပေးနှစ်သိမ့်ရမယ့်အစား ပျော့ညံ့တယ်၊ စိတ်ခံစားတတ်လွယ်တယ်၊ အတွေးများတယ် အစရှိသဖြင့် နှိမ်ချဆက်ဆံနေတာလည်း ဒီလူ့ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။ တကယ်တော့ စိတ်ကျန်းမာရေးပြဿနာသည် စိတ်ပျော့ညံ့တဲ့သူတွေမှာမှ ဖြစ်တာမဟုတ်ပါဘူး။ မိသားစုပြဿနာတွေ၊ လူမှုရေး၊ စီးပွားရေးစတာတွေနဲ့ပတ်သက်ပြီး အတိုက်အခိုက်တွေကို နှစ်ပေါင်းများစွာ ခံစားလာရတာ၊ အတိတ် သို့မဟုတ် ကလေးဘဝက ကြုံလာရတဲ့ စိတ်ဒဏ်ရာတွေ၊ ဒီလိုအရာတွေက ရင်ထဲအမြစ်တွယ်နေပြီး တဖြည်းဖြည်းကြီးပြင်းလာလို့ လူကြီးအနေနဲ့ ဖြစ်လာတဲ့အခါ ဒီစိတ်ဝေဒနာတွေကို ဆထက်တိုးပြီး […]


အခြားလေ့ကျင့်ခန်းများ

ပြေးတာက သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်

မနက်ခင်းစောစောလေး အပြေးလေ့ကျင့်တာက ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေနိုင်သလို ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်လည်း အထိရောက်ဆုံးလေ့ကျင့်ခန်းတွေထဲကတစ်ခုပေါ့။ ဦးနှောက်ကနေစလို့ တစ်ကိုယ်လုံးကျန်းမာနေစေဖို့ဆိုရင် အပြေးလေ့ကျင့်တာကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။ အပြေးလေ့ကျင့်ပါလို့ ပြောရတဲ့ အကြောင်းအရင်း လေ့လာမှုတော်တော်များများအရ သိလိုက်ရတာက အပြေးလေ့ကျင့်ပေးတာက ဦးနှောက်ကို ကျန်းမာစေနိုင်သလို အရွယ်တင်နုပျိုစေနိုင်တယ်ဆိုတဲ့အချက်ပါ။ အပြေးလေ့ကျင့်တာရဲ့ အကျိုးကျေးဇူးက ဒီလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကျန်းမာစေနိုင်သလို ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သက်တမ်းပိုရှည်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။ မဲလ်ဘုန်းမှာရှိတဲ့ University of Sydney ကသုတေသီတွေကတော့ နေ့စဉ်ပုံမှန် အပြေးလေ့ကျင့်တာက ရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အပြေးလေ့ကျင့်တာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပြီး တစ်နေ့တာလှုပ်ရှားမှုတွေမှာ တက်ကြွလန်းဆန်းစွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ပြေးနေဖို့က အဓိကပါ နှစ်ပေါင်းအတော်ကြာ စန်စတကျလေ့လာခဲ့တဲ့ သုတေသနပြုမှုများစွာလုပ်ခဲ့ပြီး လေ့လာမှု ၁၄ ခုအတွင်း လူအယောက် ၂၃၂၁၄၉ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း