• ပြီးရင်တော့ ခြေထောက်နှစ်ဖက်ပေါ်ဆီကို လက်နှစ်ဖက်ကို ဆန့်တန်းလို့ သက်သောင့်သက်သာထားပါ။
• နောက်တဆင့်ကတော့ ခြေထောက်ကို ကြမ်းပြင်ဆီကို ဖြည်းဖြည်းချင်း လျှော့ချဖို့ပါ။
• အကြောလျှော့နေတဲ့ တလျောက်မှာ အသက်ရှူသွင်းရှူထုတ်လုပ်ဖို့ မမေ့ပါနဲ့။
• တစ်ကြိမ်ကို စက္ကန့် ၃၀ ဆီလုပ်ပေးပါ။ တစ်ကျော့ကို ၅ ကြိမ် ကနေ ၁၀ ကြိမ်လောက်အထိလုပ်ပေးလို့ရပါတယ်။
Kneeling Lunge အကြောလျှော့ လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်
• မတ်တတ်ရပ်တဲ့ အနေအထားကနေ စပါမယ်။
• ပြီးရင် လက်နှစ်ဖက် နဲ့ ခြေထောက်တစ်ဖက်ကို ကြမ်းပြင်ပေါ်မှာထောက်ထားပါ။
• ဒူးတစ်ဖက်ကို ၉၀ ဒီဂရီအတိုင်း ထောက်ပေးပါ။
• ပြီးရင် ခန္ဓာကိုယ်ကို ဒူးနဲ့ထိတဲ့အထိ ကိုင်းပေးပါ။
• စက္ကန့် ၃၀ ကြာနေပါ။ ပြီးရင် နောက်တစ်ဖက်ကိုလည်း ဒီနည်းအတိုင်း လုပ်ပေးပါ။
• အကြောလျှော့နေစဉ် အသက်ကို ရှူသွင်းရှူထုတ်ပုံမှန်လုပ်ပေးပါ။
• တစ်ကြိမ်ကို စက္ကန့် ၃၀ ဆီလုပ်ပေးပါ။ တစ်ကျော့ကို ၅ ကြိမ် ကနေ ၁၀ ကြိမ်လောက်အထိလုပ်ပေးလို့ရပါတယ်။
Seated Four-Way Neck အကြောလျှော့ လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်
• ကြမ်းပြင်ပေါ်မှာမတ်မတ်လေး ထိုင်ပါ။
• ဘယ်ဘက်လက်ကို ခေါင်းကိုကျော်လို့ ညာဘက်နားရွက်ကို ထိပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။