ဉာဏ်ကောင်းစေဖို့က စာများများဖတ်ရမယ်။ ပဟေဠိတွေ ဖြေရမယ်။ ဉာဏ်စမ်းဂိမ်းတွေ ဆော့ရမယ်လို့လေ။ ဒါတွေကတကယ်ပဲ ဉာဏ်ကောင်းစေလားဆိုတော့ စာဖတ်တာကတော့ ကောင်းပါတယ်။ မသိသေးတာတွေကို သိအောင်လုပ်ဆောင်ခြင်းက ဦးနှောက်မှတ်ဉာဏ်ကိုကောင်းစေပါတယ်။ ဒါပေမယ့် ဉာဏ်စမ်းဂိမ်းတွေဆော့တာထက်တော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ကိုပိုကျန်းမာစေပြီး မှတ်ဉာဏ်ကို ပိုကောင်းစေနိုင်ပါတယ်။
ဒီလိုပြောတာက အထောက်အထားရှိလို့လားလို့ မေးချင်နေမယ်ထင်ပါတယ်။ ဉာဏ်စမ်းဂိမ်းတွေဆော့ရတာက စဉ်းစားရတာကြောင့် စဉ်းစားနိုင်စွမ်းကို တိုးစေနိုင်ပေမယ့် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ကို ကျန်းမာစေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေတဲ့ endrophin ဟော်မုန်းတွေကို ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာစေဖို့အတွက် ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးတာက အဆင်ပြေစေမှာပါ။ လေ့လာမှုတွေအရလည်း ဉာဏ်စမ်းဂိမ်းတွေဖြေတာထက် လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ကို ပိုကျန်းမာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။
ဦးနှောက်ကျန်းမာစေဖို့ လိုအပ်တဲ့အချက်တစ်ခု
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။