ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

Reverse prayer ယောဂပို့စ်လေးရဲ့ ကောင်းကျိုးလေးများ

Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ် တစ်ခုပါပဲ။ အမည်အရ မရင်းနှီးသလို ခံစားရနိုင်ပေမယ့် ပုံမှန် လုပ်မိနေတဲ့ ယောဂပို့စ်လေးတောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လုပ်ရတာလည်းလွယ် ကျန်းမာရေးအတွက်လည်း ကောင်းကျိုးလေးတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုကြတဲ့ Reverse prayer ယောဂပို့စ်လေးရဲ့ အကြောင်းနဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးသွားပါမယ်။  Reverse prayer ယောဂပို့စ် ဆိုတာ Reverse prayer ယောဂပို့စ် ဆိုတာက ယောဂပို့စ်တစ်ခုပါ။ မြင်သာအောင်ပြောပြရရင် လက်အုပ်ချီထားတဲ့ ပုံစံကို လက်နောက်ပြန် အနေအထားနဲ့ နောက်ကျောမှာ ကပ်ထားတဲ့ ယောဂပို့စ် တစ်ခုမျိုးပါ။ ဒီပို့စ်က ခန္ဓာကိုယ် အပေါ်ပိုင်း အထူးသဖြင့် လက်မောင်းနဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သက်ရောက်မှု ရှိနေတာပါ။  ပခုံးနဲ့ လက်ကောက်ဝတ်တွေကို အကြောတွေ ပြေလျော့စေသလို နောက်ကျော ကြွက်သားတွေနဲ့ […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျို့အန်ချင်တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ။ ။

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အရမ်းပန်းသွားပြီး လက်မြောက်တာ၊ လက်ကလေးလှုပ်လိုက်တာနဲ့ ရင်ထဲ ပျို့ချင်အန်ချင် ဖြစ်သွားတဲ့ သူများရှိသလား။ ဒါတွေက ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ တစ်ချို့လူတွေမဖြစ်ဘူးဆိုပေမယ် ဖြစ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ဘာ့ကြောင့်ပျို့အန်ချင်တာ ဖြစ်ရတာလဲ ။ လေ့ကျင့်ခန်းမလုပ်ခင် အစားတွေ အများကြီးစားမိပြီး ေလ့ကျင့်ခန်းလုပ်စဉ် ရေနည်းနည်းပဲသောက်တာ က လေ့ကျင့်ခန်းလုပ်ချိန် ပျို့အန်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုပါ။ စားထားတဲ့အစားတွေကို အစာမခြေနိုင်သေးခင် လှုပ်ရှားမှုတွေ လုပ်တာ၊ ချွေးထွက်ပြီး ရေဓါတ်ခမ်းခြောက်ေနတဲ့အချိန် ရေများများပြန်မသောက်တဲ့အခါမျိုးတွေကြောင့် ပျို့အန်တဲ့ ပြဿနာတွေ ဖြစ်ရတာပါ။ ကိုယ်မနိုင်ဘဲနဲ့ အတင်းအားကုန်သုံးပြီး ဖြစ်ညှစ်လုက်တာကြောင့် ကြွက်သားတွေ ပင်ပန်းသွားပြီးသူတို့တွေဆီက ဓါတ်တစ်မျိုး ထွက်လာပါတယ်။ အဲဒီ ဓါတ်က ဦးနှောက်ကို သွားလှုံ့ဆော်လိုက်တာကြောင့် ပင်ပန်းနေတဲ့ ကြွက်သားလှုပ်လိုက်တဲ့အခါတိုင်း ပျို့အန်ချင်နေရတာဖြစ်ပါတယ်။ အနားမယူဘဲ တစ်ခုပြီးတစ်ခု ဇောကြီးလုပ်တဲ့အခါ ကြွက်သား၊ နှလုံး၊ […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကိတ်နေတာလား...တုတ်နေတာလား...

ဟိတ် ယူတို့တွေ အကိတ်အကိတ်နဲ့ ဂုဏ်ယူနေလိုက်ကြတာ။ တကယ့်အကိတ်က အဆီမရှိတဲ့ ပစ္စည်းရှိလူတန်းစားကိုခေါ်တာနော်။ ကိုယ့်ကိုယ်ကိုပြန်ကြည့်ရင် တကယ်အဆီမရှိတာသေချာလို့လား။ ရင်နဲ့ တင် ကြီးနေတိုင်း အကိတ်မဟုတ်ပါဘူးလို့ပြောလိုက်ရင် ကိတ်တုလေးတွေ စိတ်ဆိုးမှာလား။ အမှန်က ယူတို့ကိုကိုယ့်ကိုယ်ကို အကိတ်လို့ နာမည်တပ်ပြီး အဆီတွေကြားမှာ သာယာမနေစေချင်တာပါ။ အလှစစ်ကို လူတိုင်းရနိုင်ပါတယ်နော်။ကိတ်ချင်တယ်ဆိုရင်လေ့ကျင့်ခန်းနဲ့အားကစားကိုပဲ အားကိုးရမှာပါ။ မရှိသေးတဲ့ ပိန်ပိန်ပါးပါးလေးတွေတောင် အကိတ်ဖြစ်လာနိုင်သေးတာ။ အကောင်အထည် ရှိနှင့်ပြီးသား ယူတို့အတွက်ကတော့ အဆီလေးချလိုက်ရင်ပြီးနေပြီလေ။ တင်ပါးမှာ အဆီမရှိဘဲ အလှဆုံးရှိတ်လေးဖြစ်နိုင်ဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ရင် ရလဒ်ကောင်းတွေ ရလာမယ်လို့ ယုံကြည်လိုက်ပါနော်။ တင်ပါးအဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု (၁)ပြေးပါ အပြေးအားကစားက တစ်ကိုယ်လုံးအတွက်အဆီကျစေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းပါ။ တစ်ကိုယ်လုံးလှုပ်ရှားပြီးပြေးတဲ့အခါခြေထောက်နဲ့ တင်ပါးက ကြွက်သားတွေကို ကျစ်လျစ်စေပြီး အချိုးကျလှပစေနိုင်ပါတယ်။ အရမ်းကြီးပြေးနိုင်မှ မဟုတ်ပါဘူး။ ကိုယ်နိုင်သလောက်နှုန်းနဲ့ပြေးတာလည်း အဆင်ပြေပါတယ်။ အေရိုးဗစ်ကစားနည်းထဲမှာပါဝင်တဲ့ အပြေးလေ့ကျင့်ခန်းက နှလုံးနဲ့အဆုတ်ရဲ့လုပ်ဆောင်ချက်ကို […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ဝိတ်တုံးမပြီး ကိုယ်ပေါ်က အဆီတွေ လောင်ကျွမ်းအောင် ဘယ်လိုလုပ်မလဲ ။

Gym ရောက်ပြီဆိုတာနဲ့ ပိန်တဲ့သူတွေရော၊ ဝနေတဲ့သူတွေရော ဝိတ်တုံး လေးတွေ ကိုယ်စီကိုယ်စီနဲ့ လေ့ကျင့်ခန်းလုပ်နေတာကို လူတိုင်း မြင်ဖူးကြမှာပါ။ ကြားဖူးတာကတော့ဝိတ်တုံးမတာ ကြွက်သားတက်စေဖို့ဆိုတော့ ဝနေတဲ့သူတွေက ဝိတ်မဖို့လိုလို့လား။ ပိန်ချင်လို့ ဝိတ်မရင် လေးတာကောင်းလား ပေါ့တာကောင်းလား။ အကြိမ်ရေ နည်းနည်းလား များများလား သိချင်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။ အလေးမတဲ့ လေ့ကျင့်ခန်း လုပ်သူတိုင်း သိထားသင့်တဲ့ အရာတွေ ။ ( ၁ ) အလေးများတဲ့ ဝိတ်တုံးကိုမပါ။ စပြီး လေ့ကျင့်ခန်းလုပ်တည်းက ဒီအလေးချိန်ကိုပဲ မတယ်။ ၃ လ ၄ လကြာတဲ့အချိန်အထိလည်း ဒီ အလေးချိန်ကိုပဲ ဆက်မနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်ကို ဘယ်လိုမှ ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် မ နေတဲ့ ဝိတ်တုံး အလေးချိန်ကို တဖြည်းဖြည်းတိုးလာဖို့ […]


အခြားလေ့ကျင့်ခန်းများ

လမ်းမြန်မြန်လျှောက်ရင် ပိုအသက်ရှည်နိုင်တယ်ဆိုတာ သိပြီးပြီလား

အလေးတုံးမလိုဘဲ လူကိုကျန်းမာကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေထဲမှာ လမ်းလျှောက်တာလည်း ပါတယ်နော်။ ဟိုနားဒီနားသွားမလား၊ ရုံးသွား ကျောင်းသွားမလား၊ မိသားစုအတွက် ဈေးဝယ်ထွက်မလား၊ လူတိုင်းကတော့ လမ်းလျှောက်နေကြတာပါပဲ။ ပုံမှန်လမ်းလျှောက်တာမျိုးထက် ခြေလှမ်းခပ်သွက်သွက်နဲ့ လျှောက်တဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်လာပြီး သွေးစီးဆင်းမှုကောင်းစေတယ်။ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို ကျစေတယ်။ ကယ်လိုရီေလာင်ကျွမ်းမှုပိုဖြစ်စေတယ်နော်။ လမ်းလျှောက်ရမှာ ပျင်းတဲ့သူတွေထဲမှာ သင်ကိုယ်တိုင်ရောပါနေလား။ ဒါဆိုရင် ဒီဆောင်းပါးကို သေချာဖတ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ လမ်းမြန်မြန်လျှောက်တဲ့အခါ ဘယ်လိုကောင်းကျိုးတွေရနိုင်လဲ။ ၁။ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်။ လူတွေရဲ့ အသက်စည်းစိမ်ကို ခြွေနေတဲ့ ရောဂါတွေထဲမှာ အဝလွန်တာလည်း တစ်ခုအပါအဝင်ပဲနော်။ ဝလို့လှလို့ဆိုတာမျိုးထက် ခန္ဓါကိုယ်တွင်း အဆီပိုတွေ အရမ်းများနေတဲ့အခါ သွေးတိုး၊ ဆီးချိုေရာဂါတွေ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေ ပိုများလာတယ်နော်။ ပုံမှန်ထက်ပိုပြီး လမ်းမြန်မြန်လျှောက်တဲ့အခါ သွေးတွင်း ကယ်လိုရီတွေ အဆီပိုတွေကို ပိုမိုလောင်ကျွမ်းစေပြီး နှလုံးခုန်နှုန်းမြန်လာစေတယ်။ ဒီတော့ ကိုယ်အလေးချိန်ကိုလည်း […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေ ။

လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ ။အဆီတွေကျဖို့၊ ကိုယ်အလေးချိန်တက်ဖို့၊ ကြွက်သားတွေ တက်စေဖို့ အပြင် လေ့ကျင့်ခန်းမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အခြား အရာတွေ အများကြီးရှိပါသေးတယ်။ ပိန်ချင်တာတစ်ခုတည်းကြောင့် လေ့ကျင့်ခန်းလုပ်တာတော့မှန်ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်ကျတာက နောက်မှာ ခုပြောပြမယ့် အကျိုးကျေးဇူးတွေ အရင်ရမှာမို့ လေ့ကျင့်ခန်းမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲဆိုတာ ကြည့်ရအောင် ။ ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေ လေ့ကျင့်ခန်းက ကိုယ်ခန္ဓာကို အသုံးပြုပြီးလုပ်ရတာမှန်ပေမယ့် လေ့ကျင့်ခန်းလုပ်တာကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက စိတ်ရော ကိုယ်ပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ ( ၁ ) ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ လေ့ကျင့်ခန်းက ကိုယ်စားလိုက်တဲ့ ကယ်လိုရီ တွေ လောင်ကျွမ်းအောင် အားပေးတယ်၊ ပိုနေတဲ့ အဆီတွေကို ဖြိုခွဲပေးတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း ပုံမှန်ုလုပ်နေတဲ့သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက […]


အခြားလေ့ကျင့်ခန်းများ

ကြီးနေတဲ့ ကိုယ့်ခြေသလုံးကို ဘယ်လိုပိန်အောင် လုပ်ရပါ့။ ။

လူလေးကို ကြည့်တော့ အပေါ်ပိုင်းကတော့ ပိန်သွယ်သွယ်လေး ခြေသလုံးကျ ကြီးပြီးတုတ်နေရင် ကြည့်မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ ဒီတော့ ခြေသလုံး သွယ်ချင်လို့ လေ့ကျင့်ခန်းတွေ သွားလုပ်ခါမှ ခြေသလုံးကြွက်သားတွေ တက်လာပြီး ပိုဆိုးသွားလို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ သိထားဖို့လိုတယ်နော်။ ။ ဘာ့ကြောင့် ကိုယ့်ခြေသလုံးကျမှ တုတ်ရတာလဲ ။ မျိုးရိုးကိုတည်းက ခြေသလုံးကြီးတာ အာဟာရ မျှတအောင် မစားတာ လေ့ကျင့်ခန်း မှန်မှန်မလုပ်တာတွေက ခြေသလုံးကြီးစေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဒီတော့ကြီးနေတဲ့ကိုယ့်ခြေသလုံးလေး သေးသွားအောင် ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ လုပ်ရပါ့ ။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပါ။ ဒေါက်ဖိနပ်စီးတာ၊ ဘက်မညီတဲ့ ဖိနပ်မြင့်တွေ စီးတာဟာ ခြေသလုံးကြွက်သားကို အားပိုပြုသလိုဖြစ်စေပြီး ခြေသလုံးကြွက်သားတွေ ကြီးလာစေပါတယ်။ ဒါ့ကြောင့် ဖိနပ်အပါးတွေကိုစီးပါ။ နောက်ပြီး မတ်တပ်အကြာကြီး ရပ်တဲ့အခါ နှလုံးဆီကို သွေးရောက်အောင် ခြေသလုံးကပိုညှစ်ပေးရတဲ့အတွက် […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းလုပ် နေပေမယ့် ပေါင်ချိန်စက်ကပြတဲ့ အလေးချိန်တွေ မကျသေးလို့ စိတ်ဓါတ်ကျနေပြီလား။

ဒီနေ့ပြောချင်တဲ့ အကြောင်းလေးကတော့ လေ့ကျင့်ခန်းလုပ်နေတာ ကြာပြီ ပေါင်ချိန်စက် ပေါ်တက်တိုင်း ကိုယ်အလေးချိန်က ထင်သလောက်မကျသေးလို့ လေ့ကျင့်ခန်း ဆက်လုပ်ရမှာ စိတ်ဓါတ်ကျနေသူတွေအတွက်ပါ။ ကိုယ်ပေါ်က အဆီတွေဆိုတာကလည်း ခေါင်းမာတဲ့အရာတွေမလား။ ကိုယ်မှန်းထားသလောက်ကျချင်မှ ကျတာလေ။ ဒီလောက်လေ့ကျင့်ခန်းလုပ်နေတာတောင် ဝိတ်မကျလို့ဆိုပြီး စိတ်ဓါတ်တော့ မကျလိုက်ပါနဲ့။ ခုပြောမယ့် ၇ ချက်ထဲက တစ်ချက်လောက်ဖြစ်ဖြစ် ရှိနေပြီဆိုရင် ဝိတ်ကျဖို့နီးစပ်လာပါပြီ ။ ။ ဝိတ်ကျဖို့ မနေ့ကထက် ဒီနေ့ ပိုပြီးနီးစပ်နေကြောင်း ပြနေတဲ့အချက် ၇ ချက် ။ ။ ( ၁ ) စိန်ခေါ်မှုအသစ်တွေ လုပ်ချင်စိတ်ရှိတာ ဟိုးအရင် gym မပြောနဲ့ လမ်းလေးလျှောက်ဖို့တောင် ထိုင်ရာက မထချင်တဲ့ကိုယ်။ ခုတော့ ဘယ်လောက်ပင်ပန်းတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖြစ် လုပ်ဖို့ အဆင့်သ့င်ဖြစ်နေတတ်တာ ကိုယ်သွားချင်တဲ့ ဝိတ်ကျပန်းတိုင်ဆီကို တစ်လှမ်းလှမ်းပြီးသား မဟုတ်လား။ ( […]


အခြားလေ့ကျင့်ခန်းများ

လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။

ဝတဲ့သူတွေကလည်း ပိန်ချင်လို့၊ ပိန်တဲ့သူတွေကလည်း ကိတ်ချင်လို့ဆိုပြီး လေ့ကျင့်ခန်းတွေ ကြိုးကြိုးစားစားလုပ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အပင်ပန်းခံပြီး လေ့ကျင့်ခန်းလုပ်လုပ် ဝမြဲဝဆဲ၊ ပိန်မြဲပိန်ဆဲ ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ လေ့ကျင့်ခန်းလုပ်ပါတယ်ဆိုမှ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ထူးခြားရမှာပဲလေ။ ဒါပေမယ့် ဘာမှ မထူးခြားဘူးဆိုရင်တော့ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။ လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ( ၁ ) လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို သေချာ မချိန်ဆထားတဲ့အခါ Gym ကို မှန်မှန်သွားနေရုံနဲ့တင် ချက်ချင်း ဝိတ်ကျ၊ ဝိတ်တက်တာမျိုးတွေ ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာတစ်ခု တည်ဆောက်တဲ့နေရာမှာ အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ဖို့ လေ့ကျင့်ခန်းနဲ့အတူ အစားအသောက်ပိုင်းကလည်း အရေးကြီးပါသေးတယ်။ ဥပမာ gym မှာ ဆော့တာ ကယ်လ်လိုရီ […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ထိုင်ထလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။

တင်ပါးက ပြားနေလို့၊ တင်းပါးဘေးက ချိုင့်နေလို့၊ တင်ကျနေလို့ဆိုပြီး စိတ်ညစ်နေကြတဲ့ ချိမတို့ရှိလား။ မိန်းကလေးပဲလေ။ အခြားနေရာတွေ မကိတ်ရင်နေပါစေ။ တင်ပါးလေးမှာတော့ ကိတ်ချင်ကြတာပေါ့နော်။ ဒါပေမယ့် ကိုယ်က နဂိုတည်းက ကိတ်တဲ့သူမဟုတ်တော့ တင်ပါးဝိုင်းပြည့်ပြည့်လေးရဖို့ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင် ထိုင်ထလေ့ကျင့်ခန်း ကို ပြေးမြင်မိမှာပေါ့နော်။ စိတ်ကူးထဲက တင်ပါးဝိုင်းဝိုင်းလေးရဖို့ ကြိုးစားနေကြတဲ့ မမတိုင်း ဒါလေးတွေသိသင့်ပါတယ်။ ။ လေ့ကျင့်ခန်းအားလုံးမှာ အရေးအကြီးဆုံးကတော့ ဘယ်လောက်ပုံမှန်လုပ်ဖြစ်လဲ ( frequency ) ဆိုတာနဲ့ လုပ်တဲ့အချိန် စိုက်ထုတ်တဲ့အား( intensity ) ပါပဲ။ ဒီတော့ တင်ပါးလေ့ကျင့်ခန်း ထိုင်ထ လုပ်တဲ့နေရာမှာလည်း သိသင့်တဲ့ အခြေခံအချက်တွေ အတိုင်း လိုက်နာမယ်ဆိုရင် ပြောင်းလဲလာမယ့် သင့်တင်ပါးလေးကို ၁၂ပတ်အတွင်း မြင်ရမှာပါ။ ကဲ ဆက်ကြည့်လိုက်ရအောင်။ ။ ဘယ်လောက်ပြင်းပြင်းထန်ထန်လုပ်ရမလဲ ။ ။ ( […]


အခြားလေ့ကျင့်ခန်းများ

ခါးလှည့်ကွင်း ကနေရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ။ ။

ခါးလှည့်ကွင်းကို လူတိုင်းသိကြတယ်ဟုတ်။ ကွင်းကြီးကြီးဝိုင်းဝိုင်းလေးနဲ့ ခါးမှာလှည့်ရတဲ့ ဟာလေးလေ။ ဒီ ခါးလှည့်ကွင်းကို ငယ်ငယ်တုန်းက ကစားစရာအဖြစ် ကစားကြသလို ကြီးလာတော့လည်း သူက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အသုံးဝင်နေပြန်ပါတယ်။ ခါးလှည့်ကွင်းနဲ့ ခါးလှည့်တယ်ဆိုတာ လှည့်တတ်တဲ့သူတွေအတွက်သာ လွယ်ပေမယ့် မလှည့်တတ်တဲ့သူတွေ အဖို့ကတော့ အတော်ကြီး ရုန်းကန်ရမယ့် ကစားနည်းပါ။ စစချင်း ခါးလှည့်ကွင်းကို မလှည့်တတ်ပေမယ့် စိတ်ရှည်ရှည်နဲ့သာ ဆက်လှည့်သွားရင် နောက်ပိုင်း လှည့်တတ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။ ဒီတော့ လှည့်တတ်သွားရင် ကစားရတာ ပျော်စရာလည်းကောင်း ကျေနပ်စရာလည်းကောင်းတဲ့ ခါးလှည့်ကွင်းကနေ ဒီလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်နော် ။ ။ ( ၁ ) ပြေးစက် ပေါ်မှာပြေးတာလောက်နီးပါး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ ခါးလှည့်ကွင်း မိနစ် ၃၀ လောက် ပြုတ်မကျဘဲ တော်လျှောက်လှည့်နိုင်ခဲ့ရင် ကယ်လိုရီ ၂၁၀ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း