home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ခါးလှည့်ကွင်း ကနေရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ။ ။

ခါးလှည့်ကွင်း ကနေရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ။ ။

ခါးလှည့်ကွင်းကို လူတိုင်းသိကြတယ်ဟုတ်။ ကွင်းကြီးကြီးဝိုင်းဝိုင်းလေးနဲ့ ခါးမှာလှည့်ရတဲ့ ဟာလေးလေ။ ဒီ ခါးလှည့်ကွင်းကို ငယ်ငယ်တုန်းက ကစားစရာအဖြစ် ကစားကြသလို ကြီးလာတော့လည်း သူက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အသုံးဝင်နေပြန်ပါတယ်။ ခါးလှည့်ကွင်းနဲ့ ခါးလှည့်တယ်ဆိုတာ လှည့်တတ်တဲ့သူတွေအတွက်သာ လွယ်ပေမယ့် မလှည့်တတ်တဲ့သူတွေ အဖို့ကတော့ အတော်ကြီး ရုန်းကန်ရမယ့် ကစားနည်းပါ။ စစချင်း ခါးလှည့်ကွင်းကို မလှည့်တတ်ပေမယ့် စိတ်ရှည်ရှည်နဲ့သာ ဆက်လှည့်သွားရင် နောက်ပိုင်း လှည့်တတ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။

ဒီတော့ လှည့်တတ်သွားရင် ကစားရတာ ပျော်စရာလည်းကောင်း ကျေနပ်စရာလည်းကောင်းတဲ့ ခါးလှည့်ကွင်းကနေ ဒီလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်နော် ။ ။

( ၁ ) ပြေးစက် ပေါ်မှာပြေးတာလောက်နီးပါး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။

ခါးလှည့်ကွင်း မိနစ် ၃၀ လောက် ပြုတ်မကျဘဲ တော်လျှောက်လှည့်နိုင်ခဲ့ရင် ကယ်လိုရီ ၂၁၀ လောင်ကျွမ်းပြီး တစ်နာရီလောက် လှည့်နိုင်ရင် ကယ်လိုရီ ၄၀၀ လောက်လောင်ကျွမ်းပါတယ်။ ဒီပမာဏဟာ ပြေးစက်ပေါ်မှာ နာရီဝက် ၁ နာရီပြေးလို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီ ပမာဏ နဲ့ တူတူပါပဲ။ ဒီတော့ လုပ်ရတာလည် းမပင်ပန်း ပျော်စရာလည်းကောင်းပြီး ကယ်လိုရီတွေလည်း မျာများလောင်စေတဲ့ ခါးလှည့်တဲ့ ကစားနည်းက ခုနောက်ပိုင်း ခေတ်စားလာရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အချိန်အကြာကြီးလှည့်ရင် ခါးကိုထိခိုက်လာနိုင်တဲ့ အတွက်ကြောင့် သုတေသီတွေက တစ်နေ့ကို အများဆုံး နာရီဝက်လောက်သာ ခါးလှည့်ပြီး တစ်ရက်ခြား တစ်ခါ လှည့်ပေးပါလို့ အကြံပြုထားပါတယ်။

( ၂ ) အိပ်ထမတင် ဗိုက်လေ့ကျင့်ခန်း နေရာမှာအစားထိုးလုပ်နိုင်တဲ့ ကစားနည်းတစ်ခုပါ။

Belly ရိုက်တာလို့ခေါ်တဲ့ အိပ်ထမတင် ဗိုက်လေ့ကျင့်ခန်းက အရမ်းကို ခက်ခဲ ပင်ပန်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း ဗိုက်လေ့ကျင့်ခန်းအတွက် သူက အရေးကြီးတယ်ဆိုတော့ လုပ်နေရတာပေါ့။ ခုနောက်ပိုင်းမှာတော့ ခါးလှည့်ကွင်းတွေပေါ်လာပါပြီ။ လေ့လာချက်တွေ အရ ခါးလှည့်ခြင်းက ဗိုက်အဆီ တွေကိ ုလောင်ကျွမ်းစေရုံသာမက ခါးက အဆီ တွေကိုပါ လောင်ကျွမ်းစေတာကြောင့် အိပ်ထမတင်နေရာမှာ အစားထိုးလုပ်လို့ရတဲ့ ကစားနည်းတစ်ခုပါ။

( ၃ ) နှလုံးကိုလည်း အားကောင်းစေပါတယ်။

ခါးလှည့်ကွင်း လှည့်တာ ၁၅ မိနစ်လောက်ကြာပြီဆိုရင် နှလုံးခုန်သံတွေ စမြန်လာတာကို သတိထားမိကြပါလိမ့်မယ်။ နှလုံးခုန်မြန်မြန်လေလေ နှလုံးပိုအလုပ်လုပ်ရလေလေ နှလုံးကြွက်သားတွေ ညှစ်အားကောင်းလေလေဖြစ်ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ငယ်တုန်းမှာတော့ နှလုံးကျန်းမာရေးကို ဂရုမထားတတ်ကြပေမယ့် အသက်ကြီးလာတဲ့အခါကျရင်တော့ လေ့ကျင့်ခန်းတွေ လိုက်စားခဲ့တဲ့ အတိတ်ကသင့်ကို သင့်ပြန်ကျေးဇူးတင်နေရပါလိမ့်မယ်။

( ၄ ) တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်ရလို့ ညောင်းနေတဲ့ခါးကို ပြန်ပြီး အားကောင်းစေပါတယ်။

ခါးလှည့်တဲ့အခါ ရှေ့နောက် ဘယ်ညာ ဟန်ချက်ထိန်းပြီး တစ်ချိန်လုံး လှုပ်ရှားနေရတာဖြစ်တဲ့အတွက် တစ်နေ့ခင်းလုံးထိုင်ပြီး အလုပ်လုပ်ထားရလို့ အညောင်းမိနေတဲ့ သင့်ခါးကို ပြန်ပြီးအားကောင်းစေပါတယ်။ ခါးနောက်ပိုင်းက ကြွက်သားတွေကို အဓိက အလုပ်လုပ်ရတာဖြစ်လို့ ပင်မကျောရိုးဆီ သွေးစီးဝင်မှု ပိုကောင်းပြီး အကြောပြေစေပါတယ်။

( ၅) ခါးလှည့်တယ်ဆိုတာ ခါးနဲ့ ခါးနောက်ကျောကို နှိပ်နယ်ပေးတဲ့ သဘောပါပဲ။

ခါးလှည့်ဖူးသူတိုင်း သိပါတယ်။ ခါးလှည့်နေတဲ့အခါ ဗိုက်နဲ့ ခါးတစ်ဝိုက်ကို လာထိတဲ့ ကွင်းလေးကြောင့် အနှိပ်ခံနေရသလိုပါပဲ။ လှည့်ပြီးသွားတဲ့အချိန် အကြောပြေ နေတာကို လက်တွေ့ခံစားရမှာပါ။

( ၆ ) ဦးနှောက်ကိုလည်း အားကောင်းစေပါတယ်။

ခါးလှည့်တာနဲ့ တရားထိုင်တာနဲ့က ပုံစံတူတယ်ဆိုရင် သင့်အံသြသွားမလား။ တရားထိုင်တယ်ဆိုတာ အသက်ရှူနေတဲ့ စည်းချက်ကို လိုက်မှတ်နေရတာဖြစ်ပြီး ခါးလှည့်တယ်ဆိုတာကလည်း လှည်နေတဲ့ခါးလှည့်ကွင်း ပြုတ်မကျအောင် အာရုံစိုက်ထားရတာ ဖြစ်တဲအ့တွက် ဦးနှောက်ရဲ့ စူးစိုက်မှု စွမ်းရည်တိုးတက်လာပါတယ်။

( ၇ ) စိတ်ဓါတ်ကျ နေတာတွေ ပူပန်မှု များနေတာတွေကို လျှော့ချပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ endorphins ဟော်မုန်းတွေကြောင့် စိတ်တွေ ပျော်ရွင်ပြီး စိတ်ကျတဲ့ဝေဒနာ၊ ပူပန်မှုများနေတာတွေ အားလုံး ပြေပျောက်သွားမှာပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 08/11/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။