ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် လူတိုင်းကို ဒုက္ခပေးတဲ့နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ သွေးကြောကျဉ်း၊ လေဖြတ်တာနဲ့ ကင်ဆာ ရောဂါတို့ဟာ သင့်နဲ့ အဝေးဆုံးမှာ ရှိနေမှာပါ။
(၃ ) ကိုယ်ခန္ဓာကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့သူတစ်ယောက်ဟာ မလုပ်တဲ့သူထက် သက်လုံပိုင်းမှာရော ကိုယ်ခန္ဓာကြံ့ခိုင်မှု အပိုင်းမှာရော ပိုပြီးသန်စွမ်းမှုရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားထားတဲ့ အာဟာရဓာတ်တွေနဲ့ အရေးကြီးတဲ့ အောက်ဆီဂျင်တွေက လေ့ကျင့်ခန်းလုပ်နေစဉ် တစ်ရှူးတွေဆီ အလုံအလောက်ရောက်သွားတယ်ရယ်၊ လေ့ကျင့်ခန်းလုပ်ချိန်အတွင်းမှာ အသုံးပြုရတဲ့ ကြွက်သားနဲ့ အရိုးတွေ သန်မာလာတာကြောင့်ရယ်ဖြစ်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းက ခုခံအားစနစ်ကိုလည်း အားပေးတဲ့ အရာတစ်ခုပါ။
( ၄ ) စိတ်ကို လန်းဆန်းစေပါတယ်။
Gym စစချင်းသွားဖို့၊ လေ့ကျင့်ခန်းစလုပ်ဖို့ ပျင်းနေ စိတ်ညစ်နေပေမယ့် တကယ်လုပ်ပြီးသွားတဲ့အချိန်ကျ ကျေနပ်ပျော်ရွင်တဲ့ခံစားချက်တစ်မျိုး ခံစားရတယ်ဆိုတာ gym သွားတဲ့လူတိုင်းသိပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန်မှာ ဦးနှောက်ဆီကနေ endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ အဲဒီ endorphins ဟော်မုန်းက စိတ်ကိုပျော်ရွင်စေတဲ့အပြင် စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်လွန်တဲ့ ပြဿနာတွေကို ပါဖြေရှင်းပေးပါတယ်။
( ၅ ) စားကောင်း အိပ်ပျော်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ထားတဲ့ ရက်မှာ မြင်သမျှစားချင်နေတတ်ပြီး စားသမျှလည်း ကောင်းနေပါလိမ့်မယ်။ ညရောက်ရင်လည်း လေ့ကျင့်ခန်းကြောင့် ပင်ပန်းထားရတဲ့ဒဏ်နဲ့ တန်းပြီး အိပ်ပျော်မှာ ကျိန်းသေပါတယ်။
( ၆ ) ဓမ္မတာကြောင့် ကိုက်ခဲတာတွေကိုလည်း သက်သာစေမှာပါ။
ဒါကလည်း လေ့ကျင့်လုပ်တဲ့ ပျိုမေတိုင်း ခံစားရတဲ့ အကျိုးကျေးဇူးတစ်ခုပါ။ လေ့ကျင့်ခန်း လုပ်စဉ် ထွက်နေတဲ့ endorphins ဟော်မုန်းက morphine လိုမျိုး အနာသက်သာစေတဲ့အာနိသင်ရှိတာကြောင့် ဓမ္မတာလာစဉ်ခံစားရတဲ့ကိုက်ခဲတဲ့ဝေဒနာတွေကို သက်သာစေမှာပါ။
( ၇ ) အသားအရေကို ကြည်လင်စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။