ကိုယ်ဝန်ရှိလာရင် ဟော်မုန်းအပြောင်းအလဲကြောင့် မအီမသာဖြစ်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေ ကြုံလာရပါတယ်။ အထူးသဖြင့် အစားစားပြီးချိန်တွေမှာ ပျို့အန်ချင်စိတ် ဖြစ်လာနိုင်ပါတယ်။ တစ်ခါတရံမှာ အစားအစာတချို့ရဲ့ အနံ့အရသာကို ရလိုက်ရုံနဲ့တင် မအီမသာဖြစ်ပြီး ပျို့အန်ချင်စိတ် ပေါ်လာနိုင်ပါတယ်။
ရင်ပူခြင်း၊ လေချဉ်တက်ခြင်းများဟာ အစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်များဟာ လည်ချောင်းရင်းထိ ပြန်ဆန်တက်လာတာကြောင့် ဖြစ်ပါတယ်။ အစာရေမျိုနဲ့ အစာအိမ်ကို ပိုင်းခြားပေးထားတဲ့ အဆို့ရှင်ကြွက်သား အားနည်းတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ ပျို့အန်ခြင်းလည်း ဖြစ်တတ်ပါတယ်။
စိတ်ဖိစီးခြင်းဟာ စိတ်ပိုင်းဆိုင်ရာတစ်မျိုးတည်းကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ စားပြီးချိန်တွေမှာလည်း ပျို့တက်နိုင်ပါတယ်။
ကင်ဆာဖြစ်နေသူတွေ ဆေးကုသမှုခံယူချိန်မှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ပျို့အန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကုသမှုပြီးချိန်မှာတော့ ပျောက်ကင်းသွားနိုင်ပါတယ်။
သည်းခြေအိတ်ဟာ အစာအိမ်ရဲ့ညာဘက်အပေါ်ပိုင်းမှာ တည်ရှိပါတယ်။ သည်းခြေအိတ်ဟာ အဆီကို ချေဖျက်နိုင်ဖို့ ကူညီပေးပါတယ်။ သည်းခြေကျောက်တည်ခြင်း၊ အပါအဝင် သည်းခြေအိတ်မှာ ရောဂါတစ်ခုခုဖြစ်ရင် အဆီဓာတ်ကို ချေဖျက်ဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် အစာအိမ်နေရာမှာ မအီမသာဖြစ်ပြီး လေပျို့ခြင်းများ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဆီများတဲ့ အစားအစာတွေစားပြီးချိန်မှာ ပိုဖြစ်တတ်ပါတယ်။
လူတချို့ဟာ ရွေ့လျားခြင်းဒဏ်ကို မခံနိုင်ကြပါဘူး။ ယာဉ်တစ်ခုခုပေါ် စီးနင်းပြီး ရွေ့လျားတဲ့အခါ မူးဝေခြင်း၊ ပျို့အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကားမစီးခင် ဒါမှမဟုတ် ကားစီးပြီးခါစမှာ စားသောက်ရင် ပိုဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။