အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါတာ စိုးရိမ်စရာလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 23, 2020 . 3 mins read
Share now

အန်ချင်လိုက်တာ။ အစာမကြေဘူးထင်တယ်။ အန်လိုက်တော့ အစာတွေတင်မဟုတ်ဘဲ သွေးစတွေ ပါလာတယ်။ အရောင်က ကော်ဖီရောင် ရင့်ရင့် ဖြစ်နေတယ်။ ဝမ်းသွားတာကလည်း ဝမ်းက အနက်ရောင်တွေ ဖြစ်နေတယ်၊ ဝမ်းထဲမှာ သွေးတွေ ပါလာတယ်ဆိုပြီး စိုးရိမ်နေကြပြီလား။

အန်တဲ့အခါ သွေးပါတာ၊ ဝမ်းသွားတဲ့အခါ သွေးပါတာတွေက ပြင်းထန်တဲ့ ရောဂါ တစ်ခုခုကြောင့် ဆိုတာထက် ဖြစ်နိုင်ခြေ အရှိဆုံး တစ်ခုက ပါးစပ်ကစလို့ အစာဟောင်းစွန့်တဲ့ နေရာအထိ ပါဝင်နေတဲ့ အစာခြေစနစ်မှာ ပြဿနာ တစ်ခုခု ရှိနေပြီဆိုတာကို ဖော်ပြနေတာပါ။ ဒီ အခြေအနေကို ကြည့်ပြီး အရမ်း မစိုးရိမ်သွားစေချင်ပါဘူး။ အန်ရင် သွေးပါတယ်။ ဝမ်းသွားတဲ့အခါ သွေးပါတယ်ဆိုတာက ကုသလို့ရတဲ့ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း  ဖြစ်နိုင်တယ် ဆိုတာကို သတိရစေချင်ပါတယ်။

အစာခြေစနစ်မှာ သွေးထွက်တိုင်း အရမ်းမစိုးရိမ်ပါနဲ့။

အန်တဲ့အခါ သွေးပါတယ်။ ဝမ်းမှာ သွေးပါတယ်ဆိုတိုင်း  အရမ်းပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေလို့ တထစ်ချ မယူဆစေချင်ပါဘူး။ ဒီလို အခြေအနေကို ရင်ဆိုင်ရတဲ့အခါ လုပ်ဆောင်ရမယ့် အရေးအကြီးဆုံးအချက်က ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို တိတိကျကျ အဖြေထုတ်ဖို့ တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး ဆေးကုသမှု ခံယူဖို့ပါ။

အစာခြေစနစ်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ အစာရေမျို၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ် နဲ့ စအိုအထိ နေရာတွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့နေရာတွေမှာ အနာဖြစ်မယ်၊ အစာအိမ်နံရံမှာ အနာရှိမယ်ဆိုရင်လည်း အန်တဲ့အခါ သွေးပါတာနဲ့ ဝမ်းသွားတဲ့အခါ သွေးပါတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အစာခြေစနစ်မှာ သွေးထွက်ရတဲ့ အကြောင်းအရင်းများ။

အစာခြေစနစ်မှာ သွေးထွက်ရတဲ့ အကြောင်းအရင်းတွေက တော်တော်လေးတော့ များပါတယ်။ အစာခြေစနစ် အပေါ်ပိုင်းမှာ သွေးထွက်တဲ့အခါ အန်ရင် သွေးပါတာမျိုး ဖြစ်စေနိုင်ပြီး အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။

အစာခြေစနစ် အထက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း

  • Peptic ulcer (အစာအိမ် အနာ) – ဒါက အစာခြေစနစ် အထက်ပိုင်းမှာ သွေးထွက်ခြင်းကို ဖြစ်စေတဲ့ အဖြစ်အများဆုံး အခြေအနေတစ်ခုပါ။ အစာအိမ်နံရံ နဲ့ အူသိမ် ဦးပိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာခြေအက်ဆစ်တွေ၊ ဘက်တီးရီးယားတွေ နဲ့ အရောင်ကျဆေးတွေကြောင့် အစာအိမ်နဲ့ အူနံရံတွေ ပျက်စီးရာကနေ အနာတွေဖြစ်လာတာပါ။
  • အစာရေမျိုနံရံ စုတ်ပြဲတာ ဒီအခြေအနေက သွေးအများကြီး ထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အရက် အလွန်အကျွံသောက်သူတွေမှာ အများဆုံး ဖြစ်နိုင်ပါတယ်။
  • အစာရေမျိုသွေးပြန်ကြော ကြီးနေတာ ပြင်းထန်တဲ့ အသည်းရောဂါရှိသူတွေမှာ အခုလိုမျိုး အစာရေမျိုသွေးပြန်ကြောက ပုံမှန် အခြေအနေထက် ပိုကြီးနေတာမျိုး ဖြစ်နိုင်ပါတယ်။
  • အစာရေမျို ရောင်ရမ်းခြင်း– ဒီအခြေအနေကတော့ အစာခြေရည်ပြန်ဆန်တက်ခြင်း (GERD) ကြောင့် အဖြစ်များပါတယ်။

အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း

  • Diverticular disease (အူနံရံ အိတ်တည်ရောဂါ) – အစာခြေစနစ်တလျှောက်မှာ အဖုသေးသေးလေးတွေ ထွက်တာပါ။ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတာမျိုး  ဖြစ်နိုင်ပြီး ရောင်ရမ်းတာ ၊ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
  • အူရောင်ရမ်းခြင်း (IBD) – အစာခြေလမ်းကြောင်းမှာ အနာတွေဖြစ်တာ၊ အူမကြီးနဲ့အစာဟောင်းအိမ် ရောင်ရမ်းတာ၊ အစာခြေစနစ် အတွင်းနံရံ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။
  • အကျိတ်တွေ – အစာရေမျို၊ အစာအိမ်၊ အူမကြီး နဲ့ အစာဟောင်းအိမ် တို့မှာဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေ၊ ကင်ဆာကျိတ်တွေကြောင့် အစာခြေစနစ် နံရံ အားနည်းတာ၊ သွေးထွက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
  • အူမကြီး အသားပို အူမကြီး နံရံမှာ အသားပိုတွေ ဖြစ်တာကြောင့်လည်း သွေးထွက်နိုင်ပါတယ်။ ဒီ အသားပိုတွေက များသောအားဖြင့် အန္တရာယ် မရှိပေမယ့် မဖယ်ရှားဘဲ ထားမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ပါတယ်။
  • လိပ်ခေါင်း – စအို နဲ့ အစာဟောင်းအိမ် အောက်ပိုင်းက သွေးပြန်ကြောတွေ ရောင်ရမ်းတာကြောင့်ပါ။
  • စအိုကွဲခြင်း စအိုအနားသပ်မှာ အသေးစား ပေါက်ပြဲတာမျိုးပါ။
  • စအိုရောင်ခြင်း အစာဟောင်းအိမ် အတွင်းနံရံ ရောင်ရမ်းတာမျိုးပါ။

အခုပြောခဲ့တဲ့ အခြေအနေတွေကြောင့် အစာခြေစနစ်မှာ သွေးထွက်ပြီး အန်ရင် သွေးပါတာ၊ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။

အစာခြေစနစ်မှာ သွေးထွက်နေတာလား သိနိုင်မယ့် အခြေအနေ။

အစာခြေစနစ်မှာ သွေးထွက်နေတာကြောင့် အန်ရင်သွေးပါတယ်။ ဝမ်းသွားရင် သွေးပါတယ်ဆိုတာက သွေးစလေးတွေ အနည်းငယ် ပါတာလောက်ကို မဆိုလိုပါဘူး။ တစ်ခါတလေ သွားဖုံးနဲ့ ပါးစပ်ထဲမှာ အနာတွေ ဖြစ်တဲ့အခါမျိုးမှာလည်း အန်တဲ့အခါ သွေးစလေးတွေ ပါလာတာမျိုး ဖြစ်နိုင်ပါတယ်။

  • ချောင်းဟန့်တဲ့အခါ သွေးပါလာတာ၊ သွေးခဲပါလာတာ
  • အန်တဲ့အခါ သွေးပါလာတာ
  • ကော်ဖီရောင်လို ညိုတိုတိုတွေ အန်တာ
  • ဝမ်းထဲမှာ သွေးတွေပါလာတာ
  • ဝမ်းက ကတ္တရာစေးလို မည်းနေတာ (တစ်ခါတလေမှာ သံဓာတ် အားဖြည့်ဆေးသောက်တာကြောင့် ဝမ်းကအမည်းရောင် ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်)
  • အစာအိမ်တဝိုက်က အောင့်နေတာ
  •  အားနည်းနေတာ
  • ဖျော့တော့နေတာမျိုးတွေ ခံစားရမယ်ဆိုရင်တော့ အစာခြေစနစ်ရဲ့ တစ်နေရာ ဒါမှမဟုတ် တစ်နေရာထက် ပိုတဲ့နေရာကနေ သွေးထွက်နေတာပါ။

ဘယ်လို ကုသမှု ခံယူရမလဲ။

အစာခြေစနစ်မှာ ဖြစ်တဲ့ပြဿနာတွေအတွက် ဗိုက်ကိုခွဲပြီး ကုသမှုပေးတဲ့ (open surgery) ကို အသုံးပြုလို့ ရသလို အခုနောက်ပိုင်းတိုးတက်လာတဲ့ နည်းလမ်းတစ်ရပ်ဖြစ်တဲ့  Minimally invasive laparoscopic (keyhole) surgery ကိုလည်း အသုံးပြုလို့ ရပါတယ်။

အစာခြေစနစ်မှာ သွေးထွက်တာမျိုး ဖြစ်နေတဲ့အခါ အရင်ဆုံးက ပြဿနာရှိနေတာက အစာခြေစနစ်ရဲ့ ဘယ်အပိုင်းလဲဆိုတာကို အရင်ဆုံး အတည်ပြုရပါမယ်။ဒီလို အတည်ပြုဖို့အတွက် အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်တဲ့ နည်းကို သုံးပါတယ်။ ဒီနောက်မှာတော့ သွေးထွက်နေတဲ့နေရာက အစာခြေစနစ် အထက်ပိုင်းမှာ ဖြစ်နေမယ်ဆိုရင် အစာအိမ် အူလမ်းကြောင်းကြည့် မှန်ပြောင်းကနေတဆင့် သွေးထွက်နေတဲ့ နေရာကို အပ်နဲ့ ဓာတုပစ္စည်းကို တိုက်ရိုက်ထိုးသွင်းပြီး သွေးတိတ်အောင် လုပ်ဆောင်ပေးပါတယ်။

တကယ်လို့ အစာခြေစနစ်ထဲက နေရာတစ်ခုခု (ဥပမာ အူနံရံတွေ၊ အစာရေမျိုနဲ့ အစာအိမ်၊ အူမကြီး) တို့မှာ အကျိတ်ဖြစ်တာကို ဖယ်ရှားဖို့ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့လိုပါမယ်။ ဒီလို အခြေအနေမှာ open surgery ကို အသုံးပြုလို့ရပေမယ့် အနာကျက်မြန်စေပြီး ဒဏ်ရာကြီးကြီးမားမား မကျန်စေဖို့ဆိုရင်တော့ Minimally invasive laparoscopic (keyhole) surgery က ပိုအဆင်ပြေပါမယ်။။

ဒါကြောင့် အန်ရင်သွေးပါတာ၊ ဝမ်းသွားရင် သွေးပါတာမျိုး ဖြစ်တဲ့အခါ စိုးရိမ်တာထက် မှန်ကန်တဲ့ ကုသမှုကို ခံယူဖို့ တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီး ကုသမှုတွေကို ခံယူဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏပြင်းထန်ပြီး လွန်ကဲတဲ့ စိုးရိမ်မှုကို ခံစားနေရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုကောင်းတာကြောင့် အသားအရေက ကြည်လင်လှပနေသလို ဆံသားကလည်း နက်မှောင်နေတတ်ပါတယ်။ ဒါဆို ဒီလိုကာလမှာရော ကော်လာဂျင်က လိုဦးမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

အာဟာရဇယားကို ဖတ်တာက သားသားမီးမီးတို့ အနာဂတ် လှပအောင် ပုံဖော်ဖို့ မေမေတို့ မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခုပါ။ မေမေရော..........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read