ကပ်ပါးပိုးဝင်တာ မသန့်ရှင်းတဲ့အစားအစာကို စားမိတဲ့အခါ ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကို ကုသပြီးမှပဲ ဝမ်းသွားတာရပ်ပါတယ်။
- ဖြည့်စွက်အားဆေးတွေ အသောက်များတာ
ဖြည့်စွက်အားဆေးတွေ ဥပမာ ဗီတာမင် စီတို့၊ မဂ္ဂနီဆီယမ်တို့ အလွန်အကျွံသောက်မိရင်လည်း အစာစားပြီးတိုင်း ဝမ်းလျှောတာ၊ ဗိုက်ရစ်တာ၊ ပျို့တာတွေ ဖြစ်တတ်ပါတယ်။
ကလေးငယ်တွေမှာ သကြားဓာတ်များလွန်းတဲ့ ဖျော်ရည်တွေသောက်ပြီးရင် ဝမ်းလျှောတတ်ပါတယ်။ သကြားဓာတ်က အူထဲကို ရေပိုရောက်စေလို့ ဝမ်းကပိုပျော့ပြီး ဝမ်းသွားတာပါ။
ဒီလို ရက်တိုဝမ်းလျှောတာတွေက သိပ်စိုးရိမ်စရာ မရှိပါဘူး။ အူထဲမှာ ရှိတဲ့ မသန့်တဲ့ ပိုးတွေ ထွက်သွားရင် အလိုလို သက်သာသွားပါတယ်။
နာတာရှည် စားပြီးတိုင်း ဝမ်းသွားနေမယ်ဆိုရင် ဖြစ်နိုင်တာတွေက
ဒီအူလမ်းကြောင်း လှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့ ရောဂါမှာ ဝမ်းလျှောတာအပြင်၊ တစ်ခါတလေ ဝမ်းချုပ်တာ ဖြစ်တတ်ပါတယ်။ ဗိုက်ရစ်တာ၊ ကြွက်တက်သလို အောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။
ခုခံအားစနစ် ပုံမှန်မဟုတ်တာကြောင့် အူလမ်းကြောင်း ရောင်ရမ်းတဲ့ရောဂါပါ။ စားပြီးတိုင်း ဝမ်းသွားတာက ရက်ရှည်ဖြစ်နိုင်တဲ့အပြင် ဗိုက်ရစ်တာ၊ ကိုယ်အလေးချိန်ကျသွားတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်းများရင်လည်း အစာစားပြီးတိုင်း ဝမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ နာတာရှည် ဆီးချိုရောဂါမှာလည်း အူလမ်းကြောင်းက အာရုံကြောတွေ မကောင်းတော့တာကြောင့် ဒါမျိုးဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။