အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အသည်းရောဂါများ

Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ကဘာလဲ။ အသည်းပျက်စီးခြင်း သို့မဟုတ် အသည်းခြောက်ခြင်း သည် အသည်း၏ အစိတ်အပိုင်း ကြီးကြီးမားမား ပျက်စီးပြီး အသည်း၏ လုပ်ဆောင်ချက်များပျက်စီးခြင်းဖြစ်သည်။ အသည်းပျက်စီးခြင်းသည် အရေးပေါ် ဆေးကုသရန်လိုအပ်သော အသက်အန္တရာယ်ရှိသည့် အနေအထားဖြစ်သည်။ အသည်းပျက်စီးခြင်းသည် တဖြည်းဖြည်းနှင့် နှစ်ပေါင်းများစွာအကြာတွင် ဖြစ်လာခြင်းဖြစ်သည်။ သို့သော် တခါတရံ ခဏတာ ၄၈ နာရီအတွင်း မြန်ဆန်စွာ အသည်း၏ လုပ်ဆောင်ချက်များမရှိတော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် အစပိုင်းတွင် သိနိုင်ရန်ခက်ခဲသည်။ Liver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ၎င်းသည် အမျိုးသားများတွင် အမျိုးသမီးများထက်ပိုအဖြစ်များသည်။ သို့သော် ဖြစ်နိုင်ချေကို များစေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများLiver Failure (အသည်းလုပ်ဆောင်ချက်ပျက်စီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် ရောဂါ၏ ပြင်းထန်မှုအဆင့်အရ ပြောင်းလဲနိုင်သည်။ အစပိုင်းတွင် […]


အစာအိမ်ရောင်ခြင်း

Gastric Antrum Inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)

Gastric antrum inflammation (အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း)ဆိုတာဘာလဲ။ Gastric antrum inflammation သို့ antral gastritis အစာအိမ်နှင့် အူသိမ် ဆက်ကြောင်းဝရောင်ခြင်း ဟာ ခံစားရသူကို အတော်မသက်မသာဖြစ်စေတဲ့ autoimmune ပြဿနာတစ်မျိုး ဖြစ်ပါတယ်။ တခါတလေမှာ ဒီရောဂါရှိသူတွေဟာ သူနဲ့တွဲနေတဲ့ လက္ခဏာတွေကို သတိမထားမိတတ်ပါဘူး။ ဖြစ်စေတဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ အက်ဆစ်ကို ကျစေတဲ့ ဆေးတွေနဲ့ အခြားဆေးတွေကို သောက်ခြင်းဖြင့် သက်သာစေနိုင်တဲ့ အစာအိမ်ရောင်ခြင်း အမျိုးမျိုးရှိပါတယ်။ အစာအိမ်ရောင်ခြင်း အမျိုးအစား အတော်များများကတော့ gastric mucosa တစ်ခုလုံးကို ရောင်စေပေမယ့် antral gastritis ကတော့ အစာအိမ်ရဲ့ အစိတ်အပိုင်းတစ်ခုကို သာ ရောင်စေတာဖြစ်ပါတယ်။ သင့်ရောဂါကို မကုသရင် အခြားနေရာတွေကို ပြန့်သွားပြီး နာတာရှည်ရောဂါဖြစ်သွားနိုင်ကာ ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ပျော့တဲ့ […]


အသည်းရောဂါများ

Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ)

Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ)ဆိုတာဘာလဲ။ Chronic Heptitis ဟာ ၆ လ ထက်ပိုပြီး အသည်းရောင်ခြင်း ဖြစ်ပါတယ်။ လူအတော်များများမာ လက္ခဏာမပြတတ်ပေမယ့် မသေချာတဲ့ လက္ခဏာတွေ ဖြစ်တဲ့ နေမကောင်းဖြစ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ပင်ပန်းခြင်းတွေ ဖြစ်တတ်ပါတယ်။ နာတာရှည်အသည်းရောင်ခြင်းဟာ အသည်းခြောက်ခြင်းနဲ့ သရက်ရွက်ကြီးခြင်း၊ ဝမ်းဗိုက်အတွင်း အရည်စုပြုံခြင်း၊ ဦးနှောက် လုပ်ငန်းဆောင်တာပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။     Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Chronic Hepatitis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Chronic Hepatitis (နာတာရှည် အသည်းရောင်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Chronic hepatitis ရဲ့ လူနာပေါင်း သုံးပုံနှစ်ပုံမှာ သူဟာ ဖြည်းဖြည်းချင်း […]


အစာအိမ်နှင့် အူလမ်းကြောင်းအနာ

Duodenitis ( အူသိမ်အစရောင်ခြင်း)

Duodenitis ( အူသိမ်အစရောင်ခြင်း)ဆိုတာဘာလဲ။ Duodenitis ဟာ အူသိမ်ရဲ့ အစက duodenum ရောင်ခြင်း ဖြစ်ပါတယ်။ duodenum နံရံ ရောင်ခြင်းဟာ ဗိုက်နာခြင်း၊ သွေးထွက်ခြင်းနဲ့ အခြား အူလမ်းကြောင်း လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတော့ H pylori ဘက်တီးရီးယားနဲ့ ဆက်စပ်နေတဲ့ အစာအိမ် ရောဂါပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ ပုံမှန်အတိုင်း duonenum နံရံကို အစာအိမ် အက်ဆစ်တွေကနေ ကာကွယ်ပေးတဲ့ အကျိအချွဲအလွှာကို ထိခိုက်စေနိုင်ပါတယ်။ ဒီအလွှာမရှိတော့ခြင်းဟာ နာတာရှည် ရောင်ရမ်းခြင်းနဲ့ duodenum အနာဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။   Duodenitis( အူသိမ်အစရောင်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေရဲ့ ၈၀% ဟာ Helicobacter Pylori ရောဂါပိုးကူးစက်ခြင်း ရှိနေကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Peritonitis (ဝမ်းတွင်းမြှေးရောင်ခြင်း)

Peritonitis ဆိုတာဘာလဲ။ Peritonitis ဟာ ဝမ်းတွင်းမြှေးရောင်ခြင်း ဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်နဲ့ ကိုယ်အင်္ဂါတွေကို ခွဲခြားထားတဲ့ ပါးလွှာတဲ့ အမျှင်တစ်ခုဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ကိုယ်အင်္ဂါတွေကို ထောက်ပံ့ပေးပြီး အာရုံကြော၊ သွေးကြော၊ ပြန်ရည်ကြောတွေကို အင်္ဂါတွေကို ဖြတ်သန်းသွားဖို့ ခွင့်ပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Peritoneum ပေါက်သွားခြင်း (သို့) အခြားကျန်းမာရေး အခြေအနေတွေက Peritonitis ကို ဖြစ်စေပါတယ်။   Peritonitis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Peritonitis ဟာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ Peritonitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Peritonitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်နာခြင်း လေပွခြင်း၊ ဗိုက်တင်းခြင်း အဖျားတက်ခြင်း ပျို့အန်ခြင်း အစာစားချင်စိတ်မရှိခြင်း ဝမ်းလျှောခြင်း ဆီးနည်းခြင်း […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

Indigestion (အစာမကြေခြင်း)

Indigestion ဆိုတာဘာလဲ။ Indigestion ကို အစာမကြေခြင်းလို့ ခေါ်ပြီး အစာအိမ် အူလမ်းကြောင်းအပေါ်ပိုင်း သက်တောင့်သက်သာမရှိခြင်း၊ နာကျင်ခြင်းကို ဆိုလိုပါတယ်။ Indigestion မှာ လေထခြင်း၊ ပျို့ခြင်း၊ လေချဉ်တက်ခြင်း အစရှိတဲ့ လက္ခဏာတွေ ပါဝင်ပြီး အခံရှိတဲ့ ပြဿနာရဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။   Indigestion ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Indigestion ဟာ ရောဂါတစ်ခုမဟုတ်ပဲ မကျန်းမာတဲ့ အခြေအနေတစ်ခုဖြစ်ကာ လူတိုင်း အချိန်တိုင်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများ။ Indigestion ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Indigestion ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လေပွခြင်း ပျို့အန်ခြင်း ဗိုက်ပူခြင်း အစာစားပြီး ဗိုက်အလွန်ပြည့်ခြင်း ပါးစပ်အတွင်း အက်ဆစ်အရသာ ရခြင်း ဗိုက်အောင့်ခြင်း လေချဉ်တက်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Rectal Prolapse (စအိုအူနံရံကျွံခြင်း)

Rectal prolapse ဆိုတာဘာလဲ။ Rectal prolapse ကို complete rectal prolapse (external rectal prolapse) လို့ ခေါ်ပြီး စအိုနံရံတွေဟာ ကျွံကျကာ စအိုပေါက်ကနေထွက်လာပြီး ကိုယ်ခန္ဓါပြင်ပမှာ မြင်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Rectal prolapse ဟာ လက္ခဏာ မပြပဲဖြစ်နိုင်ပေမယ့် သူ့သဘာဝပေါ်မူတည်ပြီး အကျိအချွဲထွက်ခြင်း၊ စအိုမှ သွေးဆင်းခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းနဲ့ ဝမ်းပိတ်ခြင်း လက္ခဏာတွေရှိတတ်ပါတယ်။   Rectal prolapse ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Rectal prolapse ဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားရော အမျိုးသမီးပါ အသက်မရွယ်မရွေးဖြစ်နိုင်ပါတယ်။ သူဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခု မဟုတ်ပေမယ့် မကုသရင် လက္ခဏာ ဆိုးရွားနိုင်ပါတယ်။ External Rectal prolapse အတော်များများကို ခွဲစိတ်ကုသခြင်းဖြင့် အောင်မြင်အောင် […]


အစာအိမ်အနာ

Gastric Perforation (အစာအိမ်ပေါက်ခြင်း)

Gastric perforation ဆိုတာဘာလဲ။ အစာအိမ်ပေါက်ခြင်းဟာ အစာအိမ်နံရံမှာ ရှိတဲ့ အပေါက်ကြောင့် အစာအိမ် ပေါက်သွားခြင်းကို ဆိုလိုပါတယ်။ အစာအိမ်နံရံမှာ အပေါက်ဖြစ်ရင် ဖြစ်နိုင်ပါတယ်။ appendicitis နဲ့ diverticultis အစရှိတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ထိခိုက်မိခြင်းတွေဖြစ်နဲ့ ဓါးထိုးခြင်း၊ သေနတ်ပစ်ခံရခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ပေါက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သူဟာလည်း အစာအိမ်ပေါက်ခြင်း နဲ့ တူညီတဲ့ လက္ခဏာတွေကို ပြနိုင်ပါတယ်။   Gastric perforation ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Gastric perforation ဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ လူမျိုးတိုင်းမှာလည်း ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများ။ Gastric perforation ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Gastric perforation ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်အလွန်နာခြင်း တုန်ခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Stomach Polyps (အစာအိမ်တွင်းအသားပိုပေါက်ခြင်း)

Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဆိုတာဘာလဲ။ Stomach polyps တွေဟာ အစာအိမ် polyps တွေဖြစ်ပြီး အစာအိမ်အတွင်းပိုင်းနံရံက ဖြစ်လာတဲ့ အသားပိုတွေဖြစ်ပါတယ်။ ဒီ polyps တွေဟာ ရှားပါးပြီး ဒုက္ခပေးတဲ့ လက္ခဏာတွေကို မဖြစ်စေနိုင်ပါဘူး။ Stomach polyps တွေဟာ များသောအားဖြင့် ဆရာဝန်က အခြားအကြောင်းရင်းအတွက် စစ်ဆေးချိန်မှာမှ တွေ့ရှိတတ်ပါတယ်။ Stomach polyps အများစုဟာ များသောအားဖြင့် ကင်ဆာဖြစ်စေခြင်း မရှိပါဘူး။ ဒါပေမယ့် အချို့ကတော့ နောက်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။ ရှိတဲ့ Stomach polyps အမျိုးအစားပေါ်မူတည်ပြီး ကုသမှုမှာ အသားပိုကို ဖယ်ရှားခြင်းနဲ့ ပြောင်းလဲမှု တွေကို စောင့်ကြည့်ခြင်းတွေ ပါဝင်ပါတယ်။   Stomach polyps (အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အမေရိကမှာ အစာအိမ်အူလမ်းကြောင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Anal Fissure (စအိုကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anal Fissure (စအိုကွဲခြင်း) ကဘာလဲ။ စအိုကွဲခြင်းဆိုသည်မှာ အစာဟောင်းအိမ်၏အောက်ပိုင်းရှိ အပေါ်ယံလွှာတွင် အနည်းငယ်ပြဲသွားသောကြောင့် ဝမ်းသွားလျှင်နာကျင်ပြီး သွေးထွက်လာခြင်းဖြစ်သည်။ ရေတိုဖြစ်လျှင် ကွဲရုံသာဖြစ်ပြီး ရေရှည်တွင်မူ ကွဲနေသောနေရာမှ အသားပိုထွက်လာပြီး အတွင်းလိပ်ခေါင်းနှင့် အပြင်လိပ်ခေါင်းဖြစ်ခြင်းတို့ဖြစ်လာနိုင်သည်။ စအိုကွဲခြင်းသည် ပြင်းထန်သောကျန်းမာရေးပြသနာမဟုတ်ပါ။ ရေတိုတွင်ဖြစ်သော စအိုကွဲနာများသည် ၄ ပတ်မှ ၆ ပတ်အတွင်း ပျောက်သွားတတ်ကြသည်။ အများစုသော စအိုကွဲနာများသည် အမျှင်ဓါတ်ကြွယ်ဝသောအစာများစားခြင်း၊ ဆေးရည်ထိုင်ခြင်းတို့ဖြင့်ကောင်းသွားကြသည်။ သို့သော် ၈ ပတ်မှ ၁၂ပတ်ကြာသည်အထိ အနာမကျက်ပါက ရေရှည်ဖြစ်သော စအိုကွဲနာဟုသတ်မှတ်ရမည်ဖြစ်ပြီး ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ပြုလုပ်မှသာ ပြန်မဖြစ်ရန်နှင့် ဘေးပတ်လည်ရှိကြွက်သားများပျက်စီးခြင်းတို့ကိုလည်းကာကွယ်နိုင်ပါသည်။ Anal Fissure (စအိုကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ စအိုကွဲခြင်းသညအလွန်အတွေ့ရများပါသည်။ အထူးသဖြင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ သို့သော် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများAnal Fissure […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း