အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်တွေ လျှံတက်ခြင်းကြောင့် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ်

သင့်မှာ ရင်ပူတဲ့ဝေဒနာ ခံစားနေရပါသလား။ ဘာအစာပဲ စားလိုက်စားလိုက် အက်ဆစ်တွေ ပြန်ဆန်တက်လာပြီး ရင်ပူမှာကို ကြောက်နေပါသလား။ တချို့အစားအစာတွေဟာ အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှုကို ပိုများစေတဲ့အတွက် ရင်ပူတဲ့ဝေဒနာကို ပိုမိုခံစားရစေနိုင်တယ်ဆိုတာ မှန်ပါတယ်။ အစားအသောက်ကို နည်းနည်းချင်းစီစားတာ၊ အစာစားပြီးပြီးချင်းမှာ အကုန်းအကွပြုလုပ်တာ ဒါမှမဟုတ် လဲလျောင်းတာတို့ကို ရှောင်ကျဉ်တာတွေအပြင် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ်ကို ဖော်ပြပေးထားပါတယ်။ အစာအိမ်အက်ဆစ်တွေ လျှံတက်ခြင်းကြောင့် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ် (၁) အချိုနဲ့ ကာဘိုဟိုက်ဒရိတ်များတဲ့ အရည်တွေကို အများကြီးမသောက်ပါနဲ့။ အချိုနဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏ များပြားစွာ ပါဝင်တဲ့ အချိုရည်တွေဟာ ရင်ပူရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် သင်ရေဆာပြေသောက်နေတဲ့ အချိုရည်တွေမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် ရင်ပူတဲ့ ဝေဒနာကို အလွယ်တကူ သက်သာစေမှာ ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ်တွေဟာ အစာအိမ်ထဲမှာ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူတာကို သက်သာစေဖို့ အစားအသောက်၊အနေအထိုင်တွေ ဘယ်လိုပြောင်းလဲမလဲ

ဘယ်လိုပြောင်းလဲမလဲ ရင်ညွန့်နေရာလောက်မှာ မီးစနဲ့ ထိုးထားသလို ပူနေတာမျိုး ဖြစ်ဖူးပါသလား။ အများအားဖြင့် ထမင်းတွေအများကြီး စားပြီးချိန်မှာ ဒါမျိုးဖြစ်လေ့ရှိပြီး တော်တော်နဲ့လည်း မပျောက်သွားပါဘူး။ ဒီလိုမျိုး ပူနေတာကို အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတာ လို့ ခေါ်ပါတယ်။ ရင်ပူတာဟာ အစာစားပြီးနောက်ဖြစ်တတ်ပါတယ်။ အစာအိမ်ထဲက အစာတွေ အပေါ်ကို ဆန်တက်ပြီး အစာရေမြိုထဲရောက်ရှိကာ ရင်ညွန့်ရိုးအနောက်နားလောက်မှာ ပူနေတာပဲ ဖြစ်ပါတယ်။ သင်အစာမြိုချတဲ့အခါ အစာရေမြိုကြွက်သားတွေဟာ ဖြေလျှော့ပေးပြီး အစာတွေကို အစာအိမ်ထဲ ဆင်းသွားစေပါတယ်။ ပြီးရင်တော့ အစာတွေ အပေါ်ကို ဆန်တက်လာမှာကို ကာကွယ်ဖို့အတွက် ကြွက်သားတွေကို ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။ အဆိုပါ ကြွက်သားတွေ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပြီး ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ အစာချေရည်တွေ ဆန်တက်တာ အလွယ်တကူ ဖြစ်ပေါ်လာပါတော့တယ်။   ရင်ပူတာဟာ ဘယ်သူမဆို ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုပေမယ့် ဆေးကုသဖို့ လိုအပ်တဲ့ ပြင်းထန်ဆိုးရွားသော ပြဿနာတွေကြောင့်လည်း […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာခြေရည်ဆန်တက်တဲ့ရောဂါ (GERD) နဲ့ပတ်သက်ပြီး ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ

ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ သင့်အနေနဲ့ ဆရာဝန်ရှေ့ရောက်တဲ့အခါ ဘာပြောရမှန်းမသိတာမျိုး ဖြစ်ဖူးပါသလား။ လူအများစုဟာ ဆရာဝန်နဲ့ စကားပြောတဲ့အခါ ရှက်နေတာမျိုး ဒါမှမဟုတ် ပြောမထွက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဆရာဝန်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် ရုတ်တည်ကြီးတွေနဲ့မို့ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သူတို့ဟာ သင့်ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းအောင် ကူညီပေးမယ့်သူတွေ ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ရက်သတ္တပတ် တပတ် အတွင်းမှာပဲ ရင်ပူတာကို နှစ်ခါနဲ့အထက် ခံစားရခြင်း။ ရင်ပူတာ ပိုဆိုးလာခြင်း။ ညဖက်တွေမှာပါ ရင်ပူတာကို ခံစားရတဲ့အတွက် အိပ်ယာကနေ လန့်နိုးခြင်း။ ရင်ပူတဲ့ ဝေဒနာကို ခံစားနေရတာ နှစ်အတန်ကြာနေပြီဖြစ်ခြင်း။ အစာမြိုရခက်ခြင်း သို့မဟုတ် အစာမြိုချလျင် နာခြင်း။ ရင်ပူတာ ဒါမှမဟုတ် နာကျင်တာတွေက သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာခြင်း။   သင့်ဆရာဝန်နဲ့ ဘယ်လိုစကားပြောရမလဲ။ GERD ရောဂါဟာ ခံတွင်းနံ့နံတာ၊အသံဩတာ၊ရှတတဖြစ်နေလို့ စကားပြောရခက်တာ အစရှိတဲ့ စိတ်ကသိကအောင့်ဖြစ်စရာ ရောဂါလက္ခဏာတွေကို […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူခြင်း အကြောင်း သိကောင်းစရာများ

အစာအိမ်အက်ဆစ်တွေကြောင့် သင့်ရင်ဘတ်ထဲမှာ ပူလောင်နာကျင်တာကို ရင်ပူခြင်း လို့ ခေါ်ပါတယ်။ အက်ဆစ်ပြန်ကန်တက်ခြင်းလို့လည်း ခေါ်လေ့ရှိကြပါတယ်။ ဒီလို ပူလောင်နာကျင်တာဟာ ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ညွန့်နေရာလောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ နေထိုင်မှုပုံစံကို ပြောင်းလဲခြင်း၊ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးလေးတွေကို သောက်ပေးခြင်းအားဖြင့် ရင်ပူတာကို သက်သာစေပါလိမ့်မယ်။ တကယ်လို့ ရင်ပူတာဟာ အကြိမ်ရေစိတ်လာတယ် ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင် ဒါဟာ ပိုပြီးပြင်းထန်တဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။ ရင်ပူခြင်း ဘာလို့ဖြစ်သလဲ။ အကြောင်းရင်းခံတွေ အများကြီးရှိတယ်လို့ ပြောလို့ရပေမယ့် ရင်ပူရခြင်းရဲ့ အဓိကတရားခံက အစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားကြောင့်ပဲ ဖြစ်ပါတယ်။ ဆန့်ကျုံ့ကြွက်သားရဲ့ အလုပ်က မျိုချလိုက်တဲ့ အစာနဲ့ ရေတွေကို အစာအိမ်ထဲ ရောက်သွားအောင် ကြွက်သားကို ဖြေလျှော့ပြီး ဖြတ်သန်းခွင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ အစာတွေဖြတ်သွားပြီးတဲ့အခါ ဒီကြွက်သားဟာ ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။ […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် ၁၂ချက်

အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် တွေက ဘာတွေများ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။  ညကြီးသန်းခေါင် ရင်ပူလို့ဆိုပြီး လန့်နိုးလာရတာမျိုး ဖြစ်ဖူးပါသလား။ ဒီလိုမျိုး ညဖက်ရင်ပူခြင်းဟာ အိပ်ရေးပျက်စေတဲ့အတွက် နောက်နေ့တွေမှာလည်း အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ရင်ပူတဲ့ ဝေဒနာကို နေ့စဉ်ခံစားနေရတဲ့အတွက် သက်သာပျောက်ကင်းချင်တယ်ဆိုရင် အောက်မှာမျှဝေပေးမယ့် အချက်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။ အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် တွေကတော့ ၁။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ တကယ်လို့ သင့်အနေနဲ့ အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားပေးရမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့စဉ်လုပ်ခြင်းဟာလည်း ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အရေးပါ ပါတယ်။ တကယ်လို့ ဝိတ်ချရတာ အခက်အခဲရှိတယ်ဆိုရင် အနည်းဆုံးတော့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ကဘာလဲ။ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အူမကြီးထဲတွင် Clostridium difficile ဟုခေါ်သော ပိုးကောင်များကြီးထွားလာမှုကြောင့် အူမကြီးတွင် ရောင်ရမ်းခြင်းဖြစ်ပြီး ဝမ်းလျှောရောဂါအတွက် ထိုပိုးသတ်ဆေးများသုံးစွဲမှု သည် ဝမ်းလျှောစေသော အဓိကအကြောင်းရင်းဖြစ်သည်။ Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများPseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ဝမ်းသွားလျှင် ရေကဲ့သို့အရောင်များသွားခြင်း၊ သွေးဝမ်းသွားခြင်း ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်တင်းခြင်း ဖျားခြင်း ဝမ်းထဲတွင် ပြည်များ၊ သွေးများပါခြင်း ပျို့ခြင်း ရေဓါတ်ခမ်းခြောက်ခြင်း တို့ဖြစ်ပါသည်။ ထိုရောဂါ လက္ခဏာများသည် ပိုးသတ်ဆေးသောက်ပြီး ၁ ရက် ၂ ရက်ခန့်တွင် စဖြစ်တတ်ပြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ) ကဘာလဲ။ ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းဆိုသည်မှာ ဝမ်းဗိုက်ညာဖက်ခြမ်းရှိ အူမကြီးမှ ခွဲထွက်လာသည့် လက်ချောင်းပုံသဏ္ဍာန်ရှိ သေးငယ်သော အူအတက် ရောင်ရမ်းခြင်းကို ဆိုလိုပါသည်။ အူအတက်သည် Vestigial အင်္ဂါ (ဆင့်ကဲဖြစ်စဉ်မှ ကျန်ခဲ့သော အင်္ဂါ) ဖြစ်ပြီး သိရသလောက် ဘာလုပ်ငန်းမှ လုပ်သည်မရှိသော်လည်း ရောဂါတော့ ဖြစ်နိုင်ပါသည်။ ဆိုရလျှင် ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းကြောင့် ဗိုက်ခွဲရခြင်းသည် ကမ္ဘာပေါ်တွင် ဗိုက်ခွဲရဆုံး အကြောင်းအရင်းပင်ဖြစ်သည်။ ချက်ချင်းမကုသလျှင် ရောင်နေသော အူအတက်မှ ပေါက်ထွက်သွားပြီး မစင်များ ဝမ်းဗိုက်ခေါင်းအတွင်းသို့ လျှံကျသွားစေနိုင်သည်။ ရလဒ်အနေဖြင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော်လည်း (ဝမ်းဗိုက်အကာရောင်ခြင်းကြောင့်) ပိုးကူးစက်မှုသည် အပြင်မပြန့်နိုင်အောင် ပိတ်မိသွားကာ ပြည်တည်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။ Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ […]


အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

Hepatic Cyst (အသည်းအရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hepatic Cyst (အသည်းအရည်အိတ်တည်ခြင်း) ကဘာလဲ။ အသည်းအရည်အိတ်တည်ခြင်းသည် လူဦးရေ၏ ၅%တွင် ဖြစ်တတ်သော အသည်းတွင် အရည်ပြည့်နေသည့်အိတ်တည်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် လက္ခဏာမပြတတ်ပဲ ကွန်ပျူတာဓါတ်မှန် သို့ သံလိုက်ဓါတ်မှန်တို့ကဲ့သို့ ဗိုက်အားပုံရိပ်ဖော်စစ်ဆေးခြင်းများ ပြုလုပ်ရန်အကြောင်းစုံလာပါမှ မကြာခဏဆိုသလို တွေ့ရှိရသည်ဖြစ်သည်။ အသည်းအရည်အိတ် တစ်ခုနှစ်ခုသည် ပြဿနာမဖြစ်နိုင်ပဲ ကုသရန်လဲ မလိုအပ်ပါ။ သို့သော် တစ်ခါတစ်ရံ အရည်အိတ်များ များလာခြင်း သို့မဟုတ် အလွန်ကြီးလာခြင်းများဖြစ်ပါက ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ တစ်ခုထက်ပိုသော အရည်အိတ်များ ကြီးလာလျှင် ဗိုက်ညာဖက်အပေါ်ခြမ်းတွင် မအီမသာ သို့မဟုတ် နာကျင်မှုကို ခံစားရနိုင်ပါသည်။ သိသိသာသာ မအီမသာဖြစ်လာပါက အရည်အိတ်များကို စုပ်ထုတ်ခြင်း သို့ ခွဲထုတ်ခြင်းများ ဆေးရုံတွင် ပြုလုပ်နိုင်သည်။ ဒီလောက်ထိ မဆိုးဝါးခင် သိထားခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ အသည်းအရည်အိတ်တည်ခြင်းအမျိုးမျိုးရှိ၏။ ရိုးရှင်းသောအရည်အိတ်များ အရည်အိတ်များသော အသည်းရောဂါ (မျိုးရိုးလိုက်သောရောဂါ) ကပ်ပါးပိုးကြောင့်အရည်အိတ်တည်ခြင်း (hydatid ရောဂါမျိုးဝ အသည်းကင်ဆာနှင့်တွဲသော အရည်အိတ်များ Hepatic […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ကဘာလဲ။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ဝမ်းဗိုက်ကြွက်သားများရှိ ချက်အပေါက်အတွင်းသို့ အူအစိတ်အပိုင်း ထိုးဝင်လာခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် အဖြစ်များပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ မွေးကင်းစမှတစ်နှစ်သားများတွင် အဖြစ်မျာသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစမှတစ်နှစ်သားများတွင် ချက်တစ်ဝိုက်အူကျွံခြင်းသည် အထူးသဖြင့် မွေးကင်းစ ငိုရာမှ ချက်စူထွက်လာပြီး ကျွံခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ချက်တစ်ဝိုက်တွင် မနာကျင်သော အဖုအနေဖြင့် ပေါ်လာပါသည်။ ရယ်ခြင်း ချောင်းဆိုးခြင်း ငိုခြင်း ဝမ်းညှစ်ခြင်း စသည့်အချိန်များတွင် ပိုဖောင်းလာပြီး လှဲလိုက်လျှင် စိတ်လျော့လိုက်လျှင် လျော့သွားတတ်ပါသည်။ ဖြစ်ရပ်အများအပြားတွင် ချက်တစ်ဝိုက်အူကျွံခြင်း ပြန်ဝင်သွားပြီး ကလေးတစ်နှစ်မပြည့်ခင် ကြွက်သားများ ပြန်ပိတ်သွားတတ်၏။ ချက်တစ်ဝိုက်အူကျွံခြင်းသည် လူကြီးများတွင်လဲ ဖြစ်ပွားနိုင်သည်။ ကုသမှုမခံယူပါက အချိန်ကြာသည်နှင့် ပိုဆိုးလာနိုင်၏။ Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ချက်တစ်ဝိုက်အူကျွံခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း ) ကဘာလဲ။ အစာရေမျိုပြွန်ရောင်ခြင်းသည် အစာရေမျိုပြွန်ရှိ နံရံများ ရောင်ခြင်းဖြစ်ပြီး အစာရေမျိုပြွန်ဆိုသည်မှာ အစာများကို လည်ချောင်းမှ အစာအိမ်ဆီပို့ပေးသော ပြွန်ဖြစ်ပါသည်။ မကုသပဲထားပါက ဒီအခြေအနေသည် မအီမသာဖြစ်လာနိုင်ပြီး မျိုရခက်ခြင်း၊ အနာဖြစ်ခြင်းနှင့် အစာရေမျိုပြွန်အမာရွတ်ထင်ခြင်းများ ဖြစ်စေနိုင်ပါသည်။ နာကျင်ခြင်း၊ မျိုရခက်ခြင်းတို့အပြင် တစ်ခါတစ်ရံ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်စေနိုင်ပါသည်။ တစ်ချို့တွင် ဘာရပ်အစာရေမျိုပြွန်ရောဂါ ဖြစ်လာနိုင်ပြီး အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေမြင့်စေသည့် အချက်တစ်ချက်ဖြစ်၏။ Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အစာရေမျိုပြွန်ရောင်ခြင်းကို အရွယ်ရောက်ပြီးသူများတွင် တွေ့ရများပြိး ကလေးများတွင် သိပ်မဖြစ်တတ်ပါ။ အဖြစ်များဆုံးသော အစာရေမျိုပြွန်ရောင်ခြင်းအမျိုးအစားမှာ အစာခြေရန် ပြန်တက်ခြင်း (GERD) နှင့်ဆက်စပ်သော အမျိုးအစားဖြစ်သည်။ အစာခြေရည်ပြန်တက်ခြင်းလက္ခဏာများသည် လစဉ် လူဦးရေ၏ ၃၃-၄၄% ခန့် ဖြစ်ပွားနေပြီး ၇-၁၀% သည် နေ့စဉ် လက္ခဏာများကို ခံစားနေရပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း