backup og meta

Rectal Prolapse (စအိုအူနံရံကျွံခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Rectal prolapse ဆိုတာဘာလဲ။

    Rectal prolapse ကို complete rectal prolapse (external rectal prolapse) လို့ ခေါ်ပြီး စအိုနံရံတွေဟာ ကျွံကျကာ စအိုပေါက်ကနေထွက်လာပြီး ကိုယ်ခန္ဓါပြင်ပမှာ မြင်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

    Rectal prolapse ဟာ လက္ခဏာ မပြပဲဖြစ်နိုင်ပေမယ့် သူ့သဘာဝပေါ်မူတည်ပြီး အကျိအချွဲထွက်ခြင်း၊ စအိုမှ သွေးဆင်းခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းနဲ့ ဝမ်းပိတ်ခြင်း လက္ခဏာတွေရှိတတ်ပါတယ်။

    Rectal prolapse ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    Rectal prolapse ဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားရော အမျိုးသမီးပါ အသက်မရွယ်မရွေးဖြစ်နိုင်ပါတယ်။ သူဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခု မဟုတ်ပေမယ့် မကုသရင် လက္ခဏာ ဆိုးရွားနိုင်ပါတယ်။

    External Rectal prolapse အတော်များများကို ခွဲစိတ်ကုသခြင်းဖြင့် အောင်မြင်အောင် ကုသနိုင်ပါတယ်။ Internal Rectal prolapse တွေကတော့ ကုသဖို့ ခက်တာကြောင့် ခွဲစိတ်ခြင်းဟာ လူနာအတော်များများအတွက် မသင့်လျော်ပါဘူး။

    ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ရောဂါလက္ခဏာများ။

    Rectal prolapse ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    Rectal prolapse ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    • ထွက်လာသော အရာ ရှိဖူးခြင်း
    • ဝမ်းမထိန်းနိုင်ပဲ အကျိအချွဲဆင်းခြင်း
    • Tenesmus (ဝမ်းကုန်အောင်မသွားနိုင်ခြင်း)၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပိတ်ခြင်း
    • လေးလံသော ခံစားမှုရှိခြင်း
    • ဝမ်းလျှောခြင်း၊ ဝမ်းမကောင်းခြင်း
    • စစချင်းမှာတော့ ဝမ်းသွားချိန်နဲ့ ညှစ်ချိန်မှာသာ စအိုအတွင်းမှ ထွက်ကျလာခြင်းဖြစ်ပြီး ပြန်ဝင်သွားတတ်ပါတယ်။ နောက်ပိုင်းမှာတော့ ဝမ်းသွားပြီးရင် တွန်းတင်ရနိုင်ပါတယ်။ ဒီလိုပြင်းထန်တဲ့ အခြေအနေကို spontaneous prolapse လို့ ခေါ်ပြီး လမ်းလျှောက်ခြင်း၊ ကြာကြာရပ်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း အစရှိသည်တို့ ပြုလုပ်လိုက်တာနဲ့ ပြန်ထွက်လာနိုင်ပါတယ်။ အကြာကြီးဖြစ်နေတဲ့ Rectal prolapse ဟာ ရောဂါဖြစ်တဲ့ ပြောင်းလဲမှုတွေဖြစ်တဲ့ ထူလာခြင်း၊ အနာဖြစ်ခြင်း၊ သွေးထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

    တကယ်လို့ Rectal prolapse ဟာ စအိုအပေါက်ဝတွေ အပြင်ဘက်မှာ ရှိနေတယ်ဆိုရင်တော့ ညှစ်ထားသလိုဖြစ်တာကြောင့် ပေါက်ထွက်နိုင်ခြေရှိပါတယ်။ ဒီလိဖြစ်ရင်တော့ ပြန်ထည့်လို့မရတဲ့အခါ အရေးပေါ် ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။ Granulated sugar တွေကို အပြင်ထွက်နေတဲ့ စအို ကြွက်သားတွေပေါ် အသုံးပြုခြင်းဟာ ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

    ဘယ်အရာတွေက Rectal prolapse ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    ကလေးတွေမှာ Rectal prolapse ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • Cystic fibrosis – သိသာတဲ့ အကြောင်းရင်းမရှိပဲ Rectal prolapse ရှိတဲ့ ကလေးငယ်တစ်ယောက်ဟာ cystic fibrosis ကို စစ်ဆေးကြည့်သင့်ပါတယ်။
    • ကလေးအရွယ်က စအိုခွဲစိတ်မှု ခံရဖူးခြင်း
    • အာဟာရချို့ယွင်းခြင်း
    • ပုံပျက်ခြင်း၊ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှု ဆိုင်ရာ ပြဿနာများ
    • ဝမ်းသွားစဉ် ညှစ်ခြင်း
    • ရောဂါပိုးဝင်ခြင်း

    လူကြီးတွေမှာ Rectal prolapse ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • ဝမ်းလျှောခြင်းကြောင့် ညှစ်ခြင်း
    • ခွဲစိတ်မှု၊ ကလေးမွေးခြင်းကြောင့် တစ်ရှူးပျက်စီးခြင်း

    သဘာဝအတိုင်း အသက်ကြီးလာလို့ တင်ပါးဆုံအောက်ခြေ ကြွက်သားအားနည်းခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Rectal prolapse ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    အရင်တုံးက ဖြစ်ဖူးတဲ့ ကျန်းမာရေးအခြေအနေတွေ၊ ခွဲစိတ်မှုတွေအကြောင်း မေးမြန်းပြီး သင့်ဆရာဝန်က Rectal prolapse ကို အတည်ပြုမှာဖြစ်ပါတယ်။ စအိုကို လျော့နေတဲ့ တစ်ရှူးတွေရှိမရှိ၊ စအိုဝကြွက်သားတွေ သန်မာခြင်း ရှိမရှိကို စစ်ဆေးမှာ ဖြစ်ပါတယ်။

    အခြားအခြေအနေတွေ ဟုတ်မဟုတ်ကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ ဥပမာ sigmoidoscopy, colonoscopy, barium enema တွေကို အကျိတ်၊ အနာ၊ အူမကြီးမှာ ပုံမှန်မဟုတ်ပဲ ကျဉ်းမြောင်းတဲ့နေရာရှိမရှိကို ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။

    တကယ်လို့ Rectal prolapse တစ်ကြိမ်ထက်ပိုဖြစ်ပြီး ဖြစ်ရခြင်းအကြောင်းရင်း မတိကျရင် ကလေးမှာ sweat test ပြုလုပ်ပြီး cystic fibrosis ရှိမရှိ ရှာဖွေနိုင်ပါတယ်။

    Rectal prolapse ကို ဘယ်လိုကုသလဲ။

    စောစီးတဲ့အဆင့်တွေမှာ Rectal prolapse ကို ဝမ်းပျော့ဆေး၊ စအိုအတွင်းထည့်ဆေးနဲ့ အခြားဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် လူအများစုဟာ Rectal prolapse ကို ကုသဖို့ နောက်ဆုံးမှာတော့ ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။

    ခွဲစိတ်မှုဟာ Rectal prolapse ပြင်းထန်မှုနဲ့ အခြားကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပါတယ်။ ခွဲစိတ်ဆရာဝန်က သင့်အတွက် သင့်လျော်တဲ့ ခွဲစိတ်မှုကို ပြုလုပ်ပေးနိုင်ပါတယ်။ အောက်ပါ ခွဲစိတ်မှုတစ်ခုခုကို အကြံပေးနိုင်ပါတယ်။

    Perineal proctectomy – Altemeier procedure နဲ့ the Delorme procedure ဆိုပြီး နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးမှာ ခွဲစိတ်ဆရာဝန်က ထွက်နေတဲ့ အပိုင်းကို ဓါးရာပေးပြီး prolapsed rectum ကို ထုတ်လိုက်မှာဖြစ်ပါတယ်။ သူ့ကို တခါတရံ ဆိုးကျိုးတွေလျှော့ချဖို့နဲ့ နာလန်ထူချိန် မြန်စေဖို့ ခါးထုံဆေးနဲ့ ပြုလုပ်ပါတယ်။

    Sigmoid resection and rectopexy – ခွဲစိတ်ဆရာဝန်က ဝမ်းဗိုက်မှာ ဓါးရာပေးပြီး အူမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ စအိုနဲ့ အနီးဆုံး sigmoid colon ကို ထုတ်လိုက်မှာဖြစ်ပါတယ်။

    The rectopexy ဟာ စအိုကို ခါးအောက်ပိုင်းနဲ့ pelvis (sacrum) ကို တွယ်နေတဲ့ အရိုးနဲ့ ဆက်လိုက်တာဖြစ်ပါတယ်။ အခြေအနေ အတော်များများမှာ ဒီခွဲစိတ်မှုကို ဓါးရာသေးသေးလေးနဲ့ ခွဲပြီး ဆေးရုံမှာ ခဏသာ နေရတဲ့ minimally invasive surgery နဲ့ ပြုလုပ်နိုင်ပါတယ်။

    Rectopexy – တခါတရံမှာ ခွဲစိတ်ဆရာဝန်ဟာ rectopexy တစ်ခုတည်းကိုသာပြုလုပ်ပြီး အူမကြီးကို ဖယ်ရှားခြင်း မပြုပါဘူး။ ဒီအခြေအနေမှာတော့ သေချာခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။

    ကလေးငယ်တွေမှာ rectal prolapse ကို ဝမ်းပျော့ဆေး၊ အခြားဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ခွဲစိတ်ဖို့လိုအပ်ရင် ဆရာဝန်က minimally invasive surgery ပြုလုပ်နိုင်ပါတယ်။

    Rectal prolapse ရှိတဲ့ကလေးငယ်တွေမှာ cystic fibrosis ကို စစ်ဆေးသင့်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Rectal prolapse ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Rectal prolapse ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • စအိုနာကျင်ခြင်း – rectal prolapse အပြီးမှာ စအိုပတ်လည်က ကြွက်သားတွေဖြစ်တဲ့ levator ani ကြွက်သားတွေ နာကျင်နိုင်ပါတယ်။ တကယ်လို့ ထိုင်နေတဲ့ အရိုးတွေရဲ့ ကြွက်သားတွေကို ခံစားကြည့်မယ်ဆိုရင် ဒါဟာ levator ani ကြွက်သားတွေပဲဖြစ်ပါတယ်။ နာကျင်မှု သက်သာအောင်၊ ပျောက်သွားအောင် လုပ်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။
    • ဝမ်းသွားရန်ခက်ခြင်း၊ ဝမ်းသွားပုံမမှန်ခြင်း (အနောက်ပိုင်း ဘိုထိုင် အိမ်သာတွေဟာ စအိုကို ဖြောင့်တန်းစေမှု မရှိတာကြောင့် ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းနဲ့ fissure တွေကိုဖြစ်စေနိုင် ပါတယ်။ ဝမ်းချုပ်ခြင်းဟာ rectal prolapse ရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
    • အားနည်းပြီး၊ ဆန့်လွန်းနေတဲ့ ဒဏ်ရာရနေတဲ့ တင်ပါးဆုံ ကြွက်သားများ – ဝမ်းသွားတဲ့အခါ စအိုထွက်လာတဲ့ နေရာနဲ့ အနီးကပ်ဆုံး ကြွက်သားကို ဖိထားမယ်ဆိုရင် စအိုကို အတွင်းပိုင်းမှာသာ နေစေပြီး ဝမ်းသွားစဉ် ထွက်လာမှုကို ရှောင်ကျဉ်နိုင်ပါတယ်။
    • ကိုယ်ခန္ဓါ ကုထုံးများ – စအိုဟာ ကြွက်သားတွေ၊ အရိုးနုတွေနဲ့ ဖွ့ဲစည်းထားပြီး pudental nerve ဖြတ်သွားပါတယ်။ ခွဲစိတ်မှု၊ ကလေးမွေးခြင်း၊ ဒဏ်ရာရခြင်း၊ ညှစ်ခြင်းတွေဟာ ကြွက်သား၊ အရိုးနုနဲ့ အရွတ်မှာ strains တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖိအားတွေဟာ ကြွက်သားနဲ့ အရိုးနုတွေကို အားနည်းစေနိုင်ပြီး rectal prolapse ဖြစ်စေနိုင်ပါတယ်။ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို ကုသရာမှာ ကူညီပေးနိုင်တဲ့ အချက်တစ်ခုကတော့ သေချာ လေ့ကျင့်ထားတဲ့ သင်တန်းဆရာထံမှာ body work therapy ယူခြင်းဖြစ်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement