backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့

လေပွတာကို လူတော်တော်များများ ခံစားဖူးကြပါတယ်။ လေပွတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။

လေပွတာကို သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ ဖြည့်စွက်စာ စားတာ၊ နှိပ်နယ်ပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာတွေက လေပွတာကို သက်သာစေမှာပါ။ ဒီတစ်ခေါက်တော့ လေပွတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားပါမယ်။

လေပွတယ်ဆိုတာ

လေပွတယ်ဆိုတာက အစာခြေစနစ် ပြဿနာ တစ်ရပ်ပါ။ အစာအိမ်မှာဖြစ်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ နားလည်လွယ်အောင် ပြောပြရရင် အစာခြေလမ်းကြောင်း တလျှောက်မှာ လေတွေပြည့်နေတာမျိုးပါ။ အဖြစ်များတာကတော့ အစာအိမ်မှာပါ၊၊

အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိ ပါဝင်နေပါတယ်။ လေပွတဲ့အခါ အစာအိမ်က တင်းပြီး ပြည့်နေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာနဲ့အတူ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအိမ်က  တင်းကားနေသလို ခံစားရနိုင်ပါတယ်။ မြင်သာတဲ့လက္ခဏာအနေနဲ့ အဝတ်အစားတွေ တင်းကြပ်နေတာမျိုး ဖြစ်တတ်ပါတယ်။

လေပွနေတဲ့အခါ ဘယ်လိုခံစားရနိုင်လဲ 

လေပွတဲ့အခါ  အစာအိမ်နာတာ၊ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ လေခဏခဏတက်တာမျိုး ခံစားရနိုင်ပါတယ်၊၊ ဒါကတော့ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေဖြစ်ပြီး သိပ်စိုးရိမ်စရာ မဟုတ်ပါဘူး၊၊
စိုးရိမ်စရာကောင်းတဲ့ လေပွခြင်းကတော့ အခုလို လက္ခဏာတွေနဲ့ တွဲပြီး ခံစားရနိုင်ပါတယ်။

ဘာကြောင့် လေပွတာလဲ

လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့

အခုလို အကြောင်းအရင်းတွေကြောင့် လေပွနိုင်ပါတယ်။

အခုလို ကျန်းမာရေး အခြေအနေတွေကြောင့်လည်း လေပွနိုင်ပါတယ်။

လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့

လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့။ လေပွတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

လမ်းလျှောက်ပါ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ပိုလျှံနေတဲ့ လေတွေကို လေလည်တာကနေတဆင့် ထွက်ရှိသွားစေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပွလာပြီဆိုရင် လမ်းလျှောက်တာမျိုး ဖြစ်ဖြစ် လှုပ်ရှားမှုလေး တစ်ခုခု လုပ်လိုက်ပါ။

ယောဂ လေ့ကျင့်ပါ

ယောဂလ့ကျင့်တာက ဗိုက်ကြွက်သားတွေကို လှုပ်ရှားမှု ဖြစ်စေပြီး အစာခြေစနစ်ထဲက လေပိုတွေကို ထွက်သွားစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီလို လုပ်ဆောင်ပေးတာက လေပွတာကို သက်သာစေနိုင်ပါတယ်။

ပူဒီနံ ရေနွေးကြမ်း

ရေနွေးဆူဆူထဲကို ရေစင်အောင် ဆေးထားတဲ့ ပူဒီနံ ၅ ရွက်ကနေ ၁၀ ရွက်လောက်ထည့်ပြီး ၁၅ မိနစ်လောက် စိမ်ပါ။ ပြီးရင် သောက်ပေးပါ။ ဒါကလည်း လေပွတာကို သက်သာစေနိုင်ပါတယ်။ ရင်ပူတတ်သူတွေ အတွက်တော့ မသင့်တော်ပါဘူး။

နှိပ်နယ်ပေးပါ

ဝမ်းဗိုက်ကို နှိပ်နယ်ပေးတာက အစာခြေစနစ်ရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်ပါတယ်။ ဗိုက်ကို အပေါ်ကနေ အောက်ဘက်ဆီကို ခပ်ဖွဖွလေး နှိပ်ပေးတာက လေတွေကို ထွက်စေပြီး လေပွတာကို သက်သာစေမှာပါ။

ကျောရိုးကို နှိပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။

ရေနွေးစိမ်ပါ

ရေနွေးဝတ်ကို ဗိုက်မှာ ကပ်ပေးတာ၊ ရေနွေးနွေးထဲမှာ စိမ်တာ၊ ရေနွေးနွေးနဲ့ ရေချိုးတာတွေက လေပွတာကို သက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဗိုက်ပွတာကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။

ကဲ ……. လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့ ……. အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ လေပွတာကို သက်သာစေဖို့ လုပ်ဆောင်ကြည့်လိုက်နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement