backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်း ရောဂါများ အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်း ရောဂါများ အကြောင်း

အသည်း ဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ပါ။ ခန္ဓာကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။

ဒီတစ်ခေါက်တော့ အသည်းလေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘယ်လို တာဝန်တွေ ယူထားလဲဆိုတာနဲ့ အသည်းမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

အသည်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ ………..

ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။

သူက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံးနဲ့ အကြိုးစားဆုံး အင်္ဂါအစိတ်အပိုင်းလေးက ဘာလေးလဲဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။

ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အလုပ်လည်းများတဲ့ အသည်းလေး ကျန်းမာနေမှ နေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ။

အသည်းမှာ ဘယ်လို ရောဂါတွေ ခံစားရနိုင်လဲ ……

အသည်းက အလုပ်များသလို ထိခိုက်လည်း လွယ်ပါတယ်။ အလုပ်တာဝန် အများကြီးကို မနားမနေ ထမ်းဆောင်ပေးနေတဲ့ အသည်းလေးမှာ အခုလို ရောဂါတွေ ခံစားရနိုင်ပါတယ်။

အသည်းရောဂါတွေကတော့ အများကြီးပါ။ ဒီထဲမှာမှ အဖြစ်များတဲ့ အသည်းရောဂါတွေက

ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့

ဆေးဝါးတွေ၊ အဆိပ်အတောက်တွေ၊ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးမှုတွေကြောင့် ဖြစ်တဲ့

ပြင်းထန်တဲ့ အသည်းရောဂါ တစ်ခုဖြစ်တဲ့

မျိုးရိုးလိုက်တဲ့ အသည်း ရောဂါများ ဖြစ်ကြတဲ့

  • hemochromatosis  လို့ခေါ်တဲ့ မွေးရာပါ သံဓာတ် လွန်ကဲစွာ စုပ်ယူမှုကြောင့် သံဓာတ်များပြီး အသည်း ထိခိုက်တာ
  • Wilson disease တို့ပါ။

အသည်းရောဂါ လက္ခဏာတွေက ရောဂါ အမျိုးအစားပေါ်လိုက်ပြီး ကွာခြားနိုင်ပေမယ့် ဗိုက်တွေ ဖောင်းကားလာတာ၊ ခြေလက်တွေ ရောင်တာ၊ ဆီး အရောင်ပြောင်းတာ၊ ဝမ်းအရောင် ပြောင်းတာ၊ အသားဝါတာ၊ မျက်ဖြူသား ဝါတာတွေကတော့ အသည်းရောဂါ အများစုမှာ အတူတူပါပဲ။

တစ်ခါတလေ လက္ခဏာ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။ ပုံရိပ်ဖော် စစ်ဆေးမှုတွေ၊ အသည်းရဲ့ လုပ်ဆောင်မှုကို စစ်ဆေးတဲ့ စမ်းသပ်မှုတွေကနေ တဆင့် အသည်း ထိခိုက် ပျက်စီးတာကို သိနိုင်သလို အသည်း ရောဂါတွေကိုလည်း သိရှိနိုင်ပါတယ်။

ဘယ်သူတွေမှာ အသည်း ရောဂါတွေ ပိုဖြစ်နိုင်လဲ …..

ဒီအချက်ရှိသူတွေက အသည်းထိခိုက်နိုင်ခြေပိုများပါတယ်။

  • ရောဂါအခံတစ်ခုခုရှိတဲ့သူ
  • ဆီးချိုရောဂါရှိသူ
  • အသည်းရောင်အသားဝါပိုးကူးစက်ခံထားရသူ
  • အရက်သောက်တတ်သူ
  • ဆေးလိပ်သောက်တတ်သူ
  • တစ်ဆင့်ခံဆေးလိပ်ငွေ့ထိတွေ့နေသူတွေ
  • အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့သူတွေ
  • အဝလွန်နေသူတွေ
  • အသည်း ရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိသူတွေမှာ အသည်း ထိခိုက်နိုင်ခြေက အခြားသူတွေထက်ပိုများနေနိုင်ပါတယ်။
  • အသည်း ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲ ……..

    • အရက်သေစာသောက်သုံးမှုကိုလျှော့ပါ။
    • နေ့စဉ် အာဟာရမျှတတဲ့ အစားအသောက်တွေစားသုံးပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေစားသုံးပေးပါ။
    • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
    • လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
    • မူးယစ်ဆေးဝါးသုံးစွဲတာမျိုးမလုပ်ပါနဲ့။
    • ဆေးထိုးအပ်တွေမျှမသုံးပါနဲ့။
    • ကာကွယ်ဆေး ထိုးပါ။
    • အဆီ များတာတွေ မစားပါနဲ့။
    • ပုံမှန် စစ်ဆေးမှု လုပ်ပေးပါ။
    • သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်ဓားတွေကို သီးသန့်ထားအသုံးပြုပါ။ မျှမသုံးပါနဲ့။
    • အကာအကွယ်မပါဘဲ လိင်မဆက်ဆံပါနဲ့။
    ကဲ ……. အသည်းလေးကို သေချာ ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို အသည်း ရောဂါများ အန္တရာယ်ကနေ ကာကွယ်လိုက်ရအောင်လား ………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement