အာရှသားတွေက ဝမ်းသွား တာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားရမယ်။ မနက်တိုင်း ဝမ်းသွားရမယ်။ နေ့တိုင်း မသွားရင် ဝမ်းချုပ်နေတာ။ ဝမ်းနှုတ်ဆေး သောက်ရမယ် စတဲ့ အစွဲလေးတွေ ရှိပါတယ်။ ဆရာဝန်တွေက တတ်နိုင်သလောက် ရှင်းပြပေးပေမယ့် တစ်ရက်လောက်မှ ဝမ်းမသွားရရင် နေမထိ ထိုင်မသာ ဖြစ်ပြီး ဝမ်းနှုတ်ဆေးလာတောင်းကြတဲ့သူတွေ ရှိနေတုန်းပါပဲ။