ဆီးချိုသွေးချိုအမျိုးအစား (၁) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 18, 2020 . 2 mins read
Share now

ဆီးချိုသွေးချို အမျိုးအစား (၁)ဆိုတာဘာလဲ ?

ဆီးချိုသွေးချို အမျိုးအစား (၁)က သင့်ရဲ့ကိုယ်ကိုအစားအစာတွေဆီက စွမ်းအင်ယူလို့မရအောင် ဟန့်တားတဲ့နာတာရှည်ရောဂါတစ်မျိုးပါ။ လူရဲ့ခန္ဓါကိုယ်က အင်ဆူလင်အလုံအလောက်မထုတ်တဲ့အခါ ဖြစ်လာပါတယ်။ အင်ဆူလင်က သွေးထဲကရတဲ့သကြားဓါတ်ကို ထိန်းချုပ်တာကြောင့် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေက သွေးထဲမှာသကြားဓါတ်အများအပြားရှိပြီး ဆဲလ်တွေဆီ အဲဒီသကြားဓါတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်ပါဘူး။
ဆီးချိုသွေးချို အမျိုးအစား (၁)က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ လူငယ်တွေမှာ အဖြစ်များပါတယ်။ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ အများသောအားဖြင့် အသက် ၁၂ နဲ့ ၁၅ ကြားမှာ စဖြစ်လေ့ရှိပြီး အသက်၃၀ အောက်ကစဖြစ်တာ အများဆုံးဖြစ်ပါတယ်။

ဆီးချိုသွေးချို အမျိုးအစား (၁)ရဲ့ ရောဂါလက္ခဏာတွေကဘာလဲ။

• မကြာမဏ ဆီးသွားခြင်း
• ရေအရမ်းငတ်ခြင်း
• မကြာခဏ ရောဂါပိုးကူးခြင်း
• ကိုယ်အလေးချိန် ကျမြန်ခြင်း
• ပင်ပန်းပြီး အားနည်းသလိုခံစားရခြင်း

ကုသမှုမခံထားတဲ့ဆီးချိုရဲ့လက္ခဏာတွေကတော့
• အမြင်မှုန်ဝါးခြင်း၊ မျက်စိကန်းခြင်း
• အနာကျက်နှေးခြင်း
• ခြေလက်တွေထုံခြင်း
• ကျောက်ကပ်ပျက်စီးခြင်း
အပေါ်မှာမပြထားတဲ့လက္ခဏာတွေထဲက မပါတာတွေကိုလည်း တွေ့နိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပါ။

ဘယ်အချိန်လောက် ဆရာဝန်နဲ့တွေ့သင့်လဲ ။

သင် သို့မဟုတ် သင့်ကလေးမှာ ဆီးချိုရှိနေပြီဆိုရင် ဆရာဝန်ဆီကို အမြန်ဆုံးသွားသင့်ပါတယ်။
ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ diabtetic ketoacidosis မှာ ကီတုန်း(ketone) စုပုံလာပါတယ်။ သွေးထဲမှာ ကီတုန်း (ketone)များခြင်းက သင့်သွေးကို အက်စစ်ဓါတ်ပိုများလာစေပါတယ်။ အဲဒါက ဦးနှောက်အပြင် တခြားအင်္ဂါတွေကိုပါ ထိခိုက်စေနိုင်ပြီး သေဆုံးတဲ့ထိဖြစ်စေပါတယ်။

ဘာတွေက ဆီးချိုသွေးချို အမျိုးအစား (၁)ကိုဖြစ်စေသလဲ ။

သင့်ဆီမှာ အင်ဆူလင်မလုံလောက်ခြင်းက အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ သင့်ရဲ့ ခုခံအားစနစ်က မုန့်ချိုအိတ်ထဲက ဘီတာဆဲလ်(beta cells )တွေကို ဖျက်ဆီးလိုက်ကြပါတယ်။ အကြောင်းအရင်းကိုတော့ သေချာမသိရပါ။
တခြားဖြစ်စေတဲ့ အကြောင်းတွေကတော့
• မုန့်ချိုအိတ်ကို ထိခိုက်စေတဲ့ Cystic fibrosis လိုမျိုး ရောဂါဖြစ်ခြင်း
• မုန့်ချိုအိတ် ခွဲစိတ်ကုသဖယ်ရှားမှု ခံထားဖူးခြင်း
• မုန့်ချိုအိတ် အလွန်အမင်းရောင်ရမ်းခြင်း

ဘာတွေက ဆီးချိုသွေးချို အမျိုးအစား (၁)ကို ပိုဆိုးစေလဲ။

အောက်ပါအချက်တွေလုပ်ရင် သင့်ဆီးချိုက ပိုဆိုးလာမှာပါ။
• အရက်သောက်ခြင်းက သွေးတွင်း သကြားဓါတ်ကိုပိုမြင့်စေပြီး ဆီးချိုကို ပိုဆိုးစေပါတယ်။
• အချိုများတဲ့ အစားအစာတွေကိုစားခြင်း။
• ဆရာဝန်ညွှန်ကြားတဲ့ အင်ဆူလင်ပမာဏထက်ပိုသုံးခြင်းက သကြားဓါတ်ကို အလွန်နည်းသွားစေပြီး ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။
• ရေဓါတ်ခမ်းခြောက်ခြင်း
• သင့်ဆရာဝန်တားမြစ်ထားတဲ့ အစားအစာတွေကိုစားခြင်း

ဘာတွေက ဆီးချိုသွေးချို အမျိုးအစား (၁) ဖြစ်နိုင်ချေ ပိုများစေလဲ ။

• မိဘ မောင်နှမထဲမှာ ဆီးချိုရှိတဲ့သူပါခြင်း
• ဆီးချိုဖြစ်စေတဲ့ မျိုးရိုးဗီဇပါလာခြင်း

ဆီးချိုသွေးချို အမျိုးအစား (၁)အတွက် စမ်းသပ်မှုတွေက ဘာတွေလဲ။

ဆရာဝန်အနေနဲ့ သင့်ရဲ့ဆေးကုသမှုမှတ်တမ်းကိုတောင်းပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအပြင် သွေးထဲကသကြားဓါတ်ကို ပုံစံအမျိုးမျိုးနဲ့ တိုင်းပါလိမ့်မယ်။ အဲဒီစစ်ဆေးမှုတွေထဲမှာ fasting blood glulcose ၊ hemoglobin A1C [HbA1c] test နဲ့ glucose tolerance test တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်နဲ့ သွေးထဲက အဆီဓါတ်ကိုလည်း စစ်ဆေးပါမယ်။

ဆီးချိုသွေးချို အမျိုးအစား (၁)ကို ဘယ်လိုထိန်းချုပ်ရမလဲ ။

သွေးထဲကသကြားကို ထိန်းချုပ်ဖို့အတွက် သင်အတွက် အထူးစားသောက်မှုပုံစံတစ်ခု လိုပါလိမ့်မယ်။ သင့်ရဲ့သကြားဓါတ်ကို ဆီးချိုသွေးချိုတိုင်းစက်နဲ့ မကြာခဏစစ်ဆေးသင့်ပါတယ်။ သင့်အိမ်မှာ တစ်နေ့ကို အင်ဆူလင်ဆေးထိုးဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဆရာဝန်က အသေးစိတ်ရှင်းပြပါလိမ့်မယ်။
သင့်ဆရာဝန်က လေ့ကျင့်ခန်းလုပ်ဖို့လည်း အကြံပေးပါလိမ့်မယ်။
သင့်အနေနဲ့ ခြေထောက်နဲ့မျက်လုံးကိုလည်း မကြာခဏစစ်ဆေးသင့်ပါတယ်။
ဒီအချက်အလက်တွေက ဆရာဝန်အကြံပေးချက်ကို အစားထိုးဖို့မဟုတ်ပါဘူး။ ဆရာဝန်နဲ့လည်းထပ်မံ ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးကနေစတင်ခဲ့တဲ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

မျက်စိအဆုံး နားအရှုံး ဖြစ်တာကြောင့် မျက်လုံးကို သေချာ ဂရုမစိုက်လို့ အမြင်ကွယ်ပြီး အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read