Global Diabetes Walk: ဆီးချိုရောဂါ ကာကွယ်စောင့်ရှောက်ရေး အသိပေးမှုကို ၂၀၀၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ်
Global Diabetes Walkကို ၂၀၀၄ ခုနှစ်က ရိုးစင်းတဲ့ အတွေးတစ်ခုကနေ စတင်လာခဲ့တာ ဖြစ်ပြီး အခုချိန်ထိဆိုရင် ၁၈ နှစ်အထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကမ်ပိန်းကို စတင် လုပ်ဆောင်ချိန်ကစပြီး အခုချိန်ထိ လူ ၅ သန်းကျော် ပါဝင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အသက်တွေကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဆီးချိုအကြောင်း ပိုသိလာလေလေ ကာကွယ်မှုအတွက် ဗဟုသုတ ပိုရှိလာလေလေ ဖြစ်ပြီး အချို့ကိစ္စတွေမှာ လူထုတွေရဲ့ အယူအဆတွေကိုလည်း ပြောင်းလဲစေဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဆီးချို ကာကွယ်ဖို့ လမ်းလျှောက်တာကို နိုဝင်ဘာလရဲ့ ဘယ်ရက်မှာမဆို လုပ်ဆောင်လို့ ရပါတယ်။ များသောအားဖြင့်ကတော့ ကမ္ဘာ့ဆီးချိုရောဂါနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လျှောက်ကြတာများပါတယ်။
ဆီးချို ကာကွယ်ဖို့ လမ်းလျှောက်မှုမှာ Hello ဆရာဝန်က ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံက လူတိုင်းယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးဝဘ်ဆိုက် တစ်ခုဖြစ်တဲ့ Helloဆရာဝန် အနေနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုဟာ စိုးရိမ်စရာကောင်းပြီး ကြီးထွားလာနေတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာ ဖြစ်လာနေတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။
ရာခိုင်နှုန်း အတိအကျ ပြောရမယ်ဆိုရင် ဆီးချို ခံစားနေရသူ အမျိုးသား အရေအတွက်က အယောက် ၁၀၀ မှာ ၁၀.၈ ရာခိုင်နှုန်း ကနေ ၁၁.၅ ရာခိုင်နှုန်း အထိရှိပြီး အမျိုးသမီးအရေအတွက်က အယောက် ၁၀၀ မှာ ၉.၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဆီးချိုရောဂါ အကြို လက္ခဏာ ခံစားနေရသူ အရေအတွက်က အယောက် ၁၀၀ မှာ အမျိုးသား ၁၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအရေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် တော်တော်လေးကို များပြားလှတဲ့ပမာဏပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။