backup og meta

Premium

သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ!

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    သွေးတွင်းသကြားဓာတ် မြင့်တက်တာက အမျိုးအစား – ၁ ဆီးချိုရောဂါ ခံစားနေရသူတွေမှာရော အမျိုးအစား – ၂ ဆီးချို ခံစားနေရသူတွေအပြင် ကိုယ်ဝန်ဆောင်ဆီးချိုခံစားနေရသူတွေမှာလည်း ခံစားရနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် တစ်ခါတလေမှာ ဆီးချို မရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ခံစားရနိုင်ပါတယ်။ နောက်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်တာက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီတော့ ကြိုတင် သတိထားမိနိုင်စေဖို့ ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

    သွေးတွင်းသကြားဓာတ် မြင့်တက်တာက ပြင်းထန်သလား!

    ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ပုံမှန် အတိုင်းအတာဖြစ်အောင် ထိန်းညှိပေးတာက ဆီးချိုရဲ့ အဓိကကုထုံး တစ်ခုပါ။ ဒါပေမယ့်လည်း ဆီးချိုရှိမယ်ဆိုရင် အမြဲလိုလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ဖို့က ခက်ပြီး  တစ်ခါတလေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ခံစားရနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ် မြင့်တက်တာက သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အခန့်မသင့်ရင် ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ် မြင့်တက်မှုက အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ ရှိတဲ့ မျက်လုံးတွေ၊ အာရုံကြောတွေ၊ ကျောက်ကပ်နဲ့ သွေးကြောတွေမှာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဘာတွေက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်လဲ

    သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဘယ်လို အချက်တွေလဲ ဆိုတော့ –
    • စိတ်ဖိစီးတာ
    • ဖျားနာတာ ( အအေးမိတာမျိုး)
    • ထမင်းအနပ်တွေကြားမှာ သရေစာတွေ အစားများတာ
    • ကိုယ်လက်လှုပ်ရှားမှု မရှိတာ
    • ရေဓာတ် ခမ်းခြောက်တာ
    • ဆေးတွေကို အချိန်မှန်မှန် သောက်ဖို့ မေ့နေတာ
    • အချို့သောဆေးတွေ သောက်သုံးနေရတာမျိုးတွေက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် ဘာတွေ ခံစားရမလဲ!

    သွေးတွင်းသကြားဓာတ် မြင့်တက်တာက များသောအားဖြင့် လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် ဆီးချိုရှိလို့ ရှိမှန်း နှစ်တွေအကြာကြီး မသိတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ဆုံး သွေးတွင်းသကြားဓာတ်တွေ တက်လွန်းလို့ နောက်ဆက်တွဲပြဿနာတွေ (ဥပမာ ကျောက်ကပ်ထိတာ၊ မျက်လုံးဝါးတာ)ဖြစ်မှ သိကြတာမျိုးတောင် ရှိပါတယ်။

    တချို့သူတွေမှာတော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေပြီဆိုရင် အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

    သွေးတွင်း သကြားဓာတ် အရမ်းမြင့်တက်နေပြီဆိုရင်တော့ –

    ရာသီဥတု ပူတာမျိုးလည်း မဟုတ်၊ ပင်ပင်ပန်းပန်း လေ့ကျင့်ခန်း လုပ်ထားတာမျိုးလည်း မရှိပေမယ့် ရေက အရမ်းကို ငတ်နေတာ၊ တစ်ခါတလေဆို ရေကို ရိုးရိုးရေတင် မဟုတ်ဘဲ ရေခဲရေ အေးအေးစိမ့်စိမ့်ကိုမှ သောက်ချင်တာမျိုး အထိ ဖြစ်နိုင်ပါတယ်။

    • ခံတွင်းခြောက်တာ

    ခံတွင်းထဲမှာ တံထွေး မရှိဘဲ ခံတွင်းခြောက်တာကလည်း သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ခံစားနေရတာပါ။

    ဆီးက ခဏခဏ သွားနေရတာမျိုး ဖြစ်နေပြီဆိုရင်တော့ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးကြည့်ဖို့ လိုနေတာပါ။ သွေးတွင်းသကြားဓာတ်က ပုံမှန်ရှိသင့်တာထက် မြင့်တက်နေပြီဆိုရင်တော့ ဆီးခဏခဏ သွားတာကို ခံစားရနိုင်ပါတယ်။

    အကြောင်းအရင်း မရှိဘဲ အမြဲလိုလို ခြေကုန်လက်ပမ်းကျတာကို ခံစားနေရတာမျိုး ဖြစ်မယ်။ ဆီးချိုလည်း ရှိနေမယ်ဆိုရင်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး သွေးချိုတိုင်းကြည့်ဖို့ လိုပါမယ်။

    • အမြင်အာရုံတွေ ဝါးတာ

    အမြင်အာရုံတွေက သဲသဲကွဲကွဲ မမြင်ရဘဲ အမြင်အာရုံ​တွေ ဝေဝါးလာတာကလည်း သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ခံစားရတာ ဖြစ်နိုင်ပါတယ်။

    • အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျတာ

    ကိုယ်အလေးချိန် ထိန်းဖို့ဆိုပြီး အစားလျှော့တာ၊ လေ့ကျင့်ခန်းတွေ လုပ်ပေးနေတာမျိုး မရှိပါဘဲ ကိုယ်အလေးချိန်က အကြောင်းအရင်းမရှိဘဲ ကျဆင်းလာတာက သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ဖြစ်နိုင်ပါတယ်။

    • ခဏခဏ ပိုးဝင် ကူးစက်ခံရတာ

    ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာက လူတိုင်းမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် မကြာခဏဆိုသို ဖြစ်နေပြီဆိုရင်တော့ ဆီးချိုရှိတာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ခံစားရနိုင်ပါတယ်။ ပိုးဝင်ကူးစက်တယ်ဆိုတဲ့ နေရာမှာ မှက္ခရု၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ အရေပြား ပိုးဝင်တာ၊ အနာကျက်ဖို့ နှေးတာ‌‌ပါ။

    ဒီအချက်တွေ ခံစားနေရပြီဆိုရင်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို လက္ခဏာတွေက တခြားရောဂါတွေမှာလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက သွေးတွင်းသကြားဓာတ်တိုင်းကြည့်တာပါ။ တိုင်းကြည့်လိုက်လို့

    မနက်စာ မစားခင်မှာ >7mmol/l (126mg/dl)

    အစာစားပြီး ၂နာရီမှာ >8.5mmol/l (174mg/dl) ထက်များနေရင်  ဒါသွေးတွင်းသကြားဓာတ် တက်နေတာပါ။

    ဒီဂဏန်းတွေရဲ့ သတ်မှတ်ချက်က တစ်ယောက်နဲ့ တစ်ယောက်မှာ ကွာခြားမှုရှိနိုင်လို့ အကောင်းဆုံးက ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ သွေးတွင်းသကြားဓာတ် တက်နေပြီဆိုရင် ဆီးချိုအပါအဝင် တခြားဖြစ်နိုင်တဲ့ရောဂါတွေကို စဉ်းစားပြီး ကုသရမှာ ဖြစ်ပါတယ်။

    # ဆီးချို ရှိနေတာလား!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement