ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အင်ဆူလင်က အပူချိန် အပြောင်းအလဲကြောင့် ပျက်စီးထိခိုက်လွယ်တဲ့ ဆေးဝါး အမျိုးအစားပါ။
အင်ဆူလင်က အပူနဲ့ တိုက်ရိုက် ထိတွေ့ရင်ဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အပူချိန်ထက် ပိုများတဲ့အပူချိန်နဲ့ ထိတွေ့မိရင်ဖြစ်ဖြစ် အင်ဆူလင်ရဲ့ အာနိသင်က ပျက်စီးသွားနိုင်ပါတယ်။
အာနိသင် ပျက်စီးသွားပြီဆိုကတည်းက ဒီအင်ဆူလင်ကို ထိုးတဲ့အခါမှာလည်း ထိရောက်မှု အာနိသင် မရှိတော့တာမျိုး ဖြစ်မှာပါ။ ဒီတော့ သွေးချိုကို မထိန်းနိုင်ဘဲ မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။
ဒါကြောင့် အင်ဆူလင်ကို မဖောက်ရသေးခင် ဘူးသစ်ဆို ၂ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်ကြား အပူချိန်မှာ သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဖောက်ပြီးသွားရင်တော့ အပူချိန် ၃၀ဒီဂရီအောက်မှာ ၄ပတ်ကနေ ၆ပတ်ထိ ထားနိုင်ပါတယ်။
ဝယ်ယူလာတဲ့အခါမှာလည်း အအေးကို သေချာထိန်းပြီး သယ်ယူဖို့ လိုပါမယ်။
အင်ဆူလင်ကို ရေခဲသေတ္တာ အခဲကန့်ထဲ ထည့်တာလည်း မလုပ်ရပါဘူး။ ဒီလို လုပ်တာ အင်ဆူလင်ရဲ့ အာနိသင်ကို ပျက်စီးစေနိုင်လို့ပါ။
ဒီလိုဆို အင်ဆူလင် ထိုးရတာ ရှုပ်ထွေးလိုက်တာဆိုပြီး စိတ်ညစ်သွားပြီလား။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ အင်ဆူလင်ကို အရင်လို အပ်နဲ့ ထိုးတာမျိုး မဟုတ်ဘဲ သယ်ယူသိမ်းဆည်းရလွယ်တဲ့ အင်ဆူလင်ထိုး ကိရိယာလေးတွေ ပေါ်လာပါပြီ။ သိမ်းဆည်းနည်းတွေလည်း လွယ်ကူလာပါတယ်။
ဥပမာ ဆီးချိုသွေးချိုရောဂါရှိသူ တော်တော်များများ သုံးစွဲနေတဲ့ အင်ဆူလင်အရော ဆေးထိုးကိရိယာအသစ်ဆိုရင် အသုံးမပြုခင်မှာ ၂ ဒီဂရီစင်တီဂရိတ် နဲ့ ၈ ဒီဂရီ စင်တီဂရိတ်ကြား အပူချိန်မှာ သိမ်းဆည်းထားရမှာဖြစ်ပြီး စပြီး အသုံးပြုပြီးရင်တော့ အပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်အောက် အနေအထားမှာ ၄ပတ်ကနေ ၆ပတ်ကြာသိမ်းလို့ ရပါတယ်။
အင်ဆူလင်ကို အသုံးပြုတဲ့အခါ ဒါလေးတွေ သတိထားပါ
အင်ဆူလင်ကို အသုံးပြုတဲ့အခါမှာလည်း
- ကုန်ဆုံးရက် ကျော်နေသလား
- ဆေးရည်က အရောင်ပြောင်းနေလား။ နောက်နေလား။
- ဆေးရည်တွေ ခဲနေလား။
- အပူချိန်နဲ့ တိုက်ရိုက် ထိတွေ့ထားသလား။
- ဆေးရည်ထဲမှာ အဖတ်လေးတွေလိုမျိုး ပုံမှန် မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ် ဖြစ်နေလားဆိုတာကို သေချာစစ်ကြည့်ဖို့ လိုပါမယ်။
နောက်ဆုံး တစ်ချက်က ဆီးချိုသွေးချိုရောဂါကို အင်ဆူလင်နဲ့ ထိထိရောက်ရောက် ကုသချင်တယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အင်ဆူလင်ကို သတ်မှတ်ထားတဲ့ အပူချိန်တွင် သေချာထိန်းဖို့က မေ့ထားလို့ မရတဲ့အရာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။