home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

ခေတ်စနစ်တွေတိုးတက်လာနေသလိုရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ်တိုးလာနေပါတယ်။လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာခံစားနေရသူအရေအတွက်က သိသိသာသာကိုမြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကအကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဘာကြောင့် ဆီးချိုရောဂါဖြစ်ရတာလဲဆိုတာနဲ့ရောဂါလက္ခဏာတွေအကြောင်းပြောပြပေးချင်ပါတယ်။

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းတွေက

အမျိုးအစား – ၁ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်အတွက် အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ အမျိုးအစား – ၁ ဆီးချိုရောဂါဖြစ်လာရတာပါ။ ခန္ဓါကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့အခြေအနေကြောင့် အမျိုးအစား – ၁ ဆီးချိုရောဂါစဖြစ်လာပါတယ်။

ခန္ဓါကိုယ်က အင်ဆူလင်မထုတ်နိုင်တော့တဲ့ အခြေအနေပါ။ အမျိုးအစား – ၁ ဆီးချိုရောဂါက အသက် ၄၀ မတိုင်ခင်မှာဖြစ်တာများပါတယ်။ ဆယ်ကျော်သက်အရွယ်မှာဖြစ်တာမျိုးလည်းရှိပါတယ်။ ဆီးချိုဝေဒနာရှင် အများစုရဲ့ ၁၀ ရာခိုင်နှုန်းက အမျိုးအစား – ၁ ဆီးချိုရောဂါရှင်တွေပါ။ အမျိုးအစား – ၁ ဆီးချိုဝေဒနာသည်တွေက အင်ဆူလင်ထိုးဖို့လိုအပ်မှာဖြစ်ပါတယ်။

အမျိုးအစား -၁ ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေက –

  • ရောဂါပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးကူးစက်ခံရတာ
  • အစားအသောက်တွေထဲမှာပါတဲ့ ဓါတုဆေးဝါးတွေ
  • မျိုးရိုးလိုက်တာ

အမျိုးအစား – ၂ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ မိသားစုဝင်တစ်ဦးဦးမှာ အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်ဖူးတာကြောင့်ရောဂါခံစားရတာများပါတယ်။

မျိုးရိုးရှိတာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်ရတာကအများဆုံးပါ။

အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့-

  • အဝလွန်တာ
  • အထိုင်များတာ
  • အသက်အရွယ်ကြီးရင့်လာတာ
  • စားသောက်မှုပုံစံမမှန်တာ
  • ကိုယ်ဝန်ဆောင်တာ၊ နာမကျန်းဖြစ်တာ
  • သွေးတိုးရှိတာ
  • သွေးတွင်းကိုလက်စထရောများတာတွေကလည်း အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့်ဖြစ်ရတာလဲ

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကိုသေသေချာချာမသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးတဲ့ မျိုးရိုးရှိနေတာ
  • အဝလွန်နေတာ
  • မျိုးဥအိမ်မှာ အလုံးအကျိတ်လေးတွေအများကြီးဖြစ်နေတာ
  • သန္ဓေသားရဲ့ ကိုယ်အလေးချိန်က ၉ပေါင်ကျော်နေတာတွေကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

အမျိုးအစား – ၂ ဆီးချိုရောဂါခံစားနေရသူတွေမှာ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။သွေးတွင်း သကြားဓါတ်က ပုံမှန်ထက်မြင့်တက်နေပြီး ဆီးချိုဖြစ်နေပြီလို့ပြောရလောက်တဲ့အထိမြင့်တက်နေတာမျိုးမဟုတ်တာ။ ခန္ဓါကိုယ်က ဆဲလ်တွေက အင်ဆူလင်ကို ခုခံနိုင်စွမ်းများလာတာ။

လေ့လာမှုတွေအရ ဆီးချိုရောဂါအကြိုလက္ခဏာအဆင့်မှာသွေးကြောစနစ်တွေထိခိုက်ပျက်စီးတာနဲ့ နှလုံးထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။

အမျိုးအစား – ၁ ဆီးချိုရောဂါ နဲ့ အမျိုးအစား – ၂ ဆီးချိုရောဂါလက္ခဏာတွေက –

  • ဆီးခဏခဏသွားတာ
  • ရေအရမ်းငတ်တာ
  • ကိုယ်အလေးချိန်ကျလာတာ
  • ခဏခဏဆာတာ
  • ခြေကုန်လက်ပန်းကျတာ
  • အရေပြားပြဿာနာတွေခံစားရတာ
  • အနာကျက်နှေးတာ
  • မှိုပိုးကူးစက်တာ
  • ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

ဆီးချိုရောဂါအကြိုလက္ခဏာ ဒါမှမဟုတ်ဆီးချိုဖြစ်တဲ့ လက္ခဏာတွေရှိနေပြီလို့ သံသယရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 05/11/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။